ဆေးကျောင်းဆိုတာ တော်တော်လေးကို စာကြိုးစားပမ်းစားကျက်ရတဲ့ တက္ကသိုလ်တစ်ခုပါပဲ။ ဆရာဝန်ဖြစ်ဖို့ကို တော်တော်လေး ကြိုးစားရပြီး ဆေးပညာနဲ့ ပတ်သတ်တဲ့ စာမေးပွဲတွေကိုလည်း သေသေချာချာ ဖြေဆိုရပါတယ်။ ဆေးကျောင်းသားတစ်ယောက်ဟာ များသောအားဖြင့် စာမေးပွဲအတွက် အမြဲလိုလို စာကျက်နေရတာပါပဲ။ ဒါပေမယ့် အခုပြောပြချင်တဲ့ ဂျပန်က ဆေးကျောင်းသားလေးကတာ့ Winning Eleven ဘောလုံး ၈ိမ်းကစားပြိုင်ပွဲမှာ ဂျပန်နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ ဆေးကျောင်းသားတစ်ဦးဖြစ်ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
သူကတော့ အသက် ၂၆ နှစ်အရွယ်ရှိ Masato Ohnishi လို့ အမည်ရတဲ့ ဆေးကျောင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Masato ဟာ မကြာသေးခင်အချိန်မှာ Winning Eleven က ပြုလုပ်ကျင်းပခဲ့တဲ့ eFootball Open World Finals 2019-2020 ဘောလုံးဂိမ်းပြိုင်ပွဲမှာ အနိုင်ငရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆေးကျောင်းသားတစ်ယောက်အနေနဲ့ ဒီလိုမျိုး ဗီဒီယိုဂိမ်းတွေနဲ့ အချိန်ကုန်နေတာကြောင့် တစ်ဖက်က သူ့ရဲ့ ပညာရေးမှာ ထိခိုက်မယ်လို့ လူတော်တော်များများက ထင်ကြပါတယ်။
ဒါပေမယ့် Masato ဟာ လက်ရှိအချိန် ဂျပန်နိုင်ငံရှိ Tokushima ဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ် တက်ရောက်နေပြီပဲ ဖြစ်ပါတယ်။ မကြာခင်အချိန်အတွင်း Natioanl စာမေးပွဲဖြေဆိုရတော့မှာဖြစ်ပြီး စာမေးပွဲအောင်ခဲ့ရင် သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ Kagawa စီရင်စုရှိ ဆေးရုံမှာ internship အဖြစ် ဝင်ရောက်လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ ပညာရေးမှာသာမက ဂိမ်းလောကမှာပါ ထူးချွန်လွန်းတဲ့ Masato ကို Tokushima ဆေးတက္ကသိုလ်က ဂုဏ်ထူးဆောင် ကျောင်းသားဆုပါ ချီးမြှင့်ခဲ့ပါသေးတယ်။
プロゲーマーの医学生、世界大会で優勝 将来はゲーム障害治療めざす https://t.co/ABGhdMb7lB #大西将統 #プロゲーマー #eスポーツ #ゲーム障害 #徳島大学 #学生表彰#文武両道 っていうのですかね。
— ながちゃん (@z8ppF5w8BtQja2o) November 26, 2020
“ကျွန်တော့်အတွက်တော့ ဂိမ်းဖက်ရော၊ စာဖက်ကော အာရုံစိုက်ရတာ အစပိုင်းမှာ တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် ဒီနှစ်ခုက ရောလို့ မရမှန်းတော့ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါ့ကြောင့် ဂိမ်းကစားတဲ့ အချိန်၊ အနားယူတဲ့ အချိန်နဲ့ စာကြည့်တဲ့ အချိန်ကို သေသေချာချာ ပိုင်းခြားပြီး ကြိုးစားခဲ့တာပါ။ ကျွန်တော့် ဖြစ်ချင်တာနဲ့ ဝါသနာနဲ့က ပြဒါးတစ်လမ်း၊ သံတသ်လမ်းဖြစ်နေတော့ သူ့အချိန်နဲ့သူ ဖြစ်ဖို့ တော်တော်လေးကို ကြိုးစားခဲ့ရပါတယ်”လို့ Masato က Sora News 24 သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw