ချိန်းတွေ့တဲ့ကုန်ကျစရိတ်တွေဟာ ဂျပန်အမျိုးသားများအတွက် ဘဝအခက်အခဲတစ်ခုပါတဲ့

Pixabay-StockSnap

ဂျပန်အမျိုးသားတွေအတွက် အမျိုးသမီးတွေနဲ့ချိန်းတွေ့တဲ့အချိန်ကုန်ကျစရိတ်ဟာ သူတို့ဘဝအတွက်တော့ အခက်အခဲဝန်ထုပ်ဝန်ပိုးတွေထဲက တစ်ခုပါပဲတဲ့။ Sora News 24 မှာ ဖတ်ခဲ့ရတာပါ။

ကျွန်တော်တို့အာရှနိုင်ငံတော်တော်များများမှာ ဒီလိုပြဿနာရှိမယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။ အရင်တုန်းကတည်းက အမျိုးသားတွေဟာ ဖွင့်ပြောတာကစလို့ ချိန်းတွေ့တဲ့အခါ ကုန်ကျစရိတ်၊ ပိုးကြေးပန်းကြေးလက်ဆောင်တွေ၊ နောက်ဆုံး မင်္ဂလာဆောင်ဆောင်စရိတ်၊ အိမ်ထောင်မှုစရိတ်အဆုံး တာဝန်ယူရမယ်ဆိုတဲ့ ရှေးရိုးစွဲစိတ်ထားကြီးက အခုအချိန်အထိ ရှိနေတုန်း၊ ကျင့်သုံးနေကြတုန်းပါပဲ။

Pixabay-Free-Photos

ဒါကြောင့်လည်း အာရှနိုင်ငံတွေထဲ တစ်နိုင်ငံဖြစ်တဲ့ ဂျပန်မှာဆိုရင် အမျိုးသားတွေအနေနဲ့အခုလို စိတ်ဖိဆီးမှုဒဏ်တွေ ရနေတယ်လို့ ထင်မိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာတော့ အမရွယ်စုံအမျိုးသား ၃၀၉ ယောက် ကို မေးမြန်းထားခဲ့ပါတယ်။ အဲဒီအထဲက ၁၇% လောက်ဟာ တကယ့်ကို ဆိုးဆိုးရွားရွား စိတ်ဖိဆီးမှုခံစားနေရပါတယ်တဲ့။ နောက်ထပ် ၃၄% ကတော့ ဘဝမှာ ဒီလိုချိန်းတွေ့ဖို့ကုန်ကျစရိတ်ဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားနေရတယ်လို့လည်း ဖြေဆိုထားခဲ့ပါတယ်။

READ
ချစ်သူကို သတိရရင်လုပ်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ အပြုအမူများ

ဒီလိုကုန်ကျစရိတ်ကြောင့် တစ်ခါတစ်ခါ အမျိုးသားတွေဟာ ဥပဒေနဲ့မလွတ်ကင်းတာတွေ၊ လဘ်စားတာ၊ ကုမ္ပဏီငွေလှည့်ထုတ်တာတွေအထိ လုပ်တတ်ကြပါတယ်လို့တောင် ထွက်ဆိုထားခဲ့ပါသေးတယ်။ အထူးသဖြင့် လူလွတ်အရွယ်တွေဖြစ်ကြတဲ့ အသက် ၂၀ မှ ၃၉ နှစ်အမျိုးသားတွေပါပဲ။

ဒါပေမဲ့ တစ်ဖက်မှာလည်း အသက် ၄၀ နဲ့ ၅၀ အရွယ်အမျိုးသားတွေမှာ ဖိဆီးနေတဲ့ နောက်ထပ်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ချိန်းတွေ့တဲ့ ကုန်ကျစရိတ်မဟုတ်ဘဲ မိသားစုအတွက်ပင်စင်ချိန်ကျော်တဲ့အထိ တစ်နေကုန်မနားဘဲအလုပ်လုပ်နေရတာကိုပါ။ ဒါဟာလည်း အိမ်ထောင်ဦးစည်းအမျိုးသားကသာ အိမ်စရိတ်၊ နှစ်ဖက်မိဘထောက်ပံ့ဖို့၊ သားသမီးတွေအတွက် ပညာရေးနဲ့အသုံးစရိတ်တွေ စတဲ့ဝန်အားလုံးကို ထမ်းရမယ်ဆိုတဲ့ စိတ်ထားကြောင့်ပဲဖြစ်ပါတယ်တဲ့။

Pixabay-epicantus

ဒီလိုတာဝန်ယူမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အမျိုးသားတွေရဲ့ စိတ်ဖိဆီးမှုတွေကတော့

  • အသက် ၂၀ အရွယ်အပိုင်းအခြားမှာ ၅၃%
  • အသက် ၃၀ မှ ၃၉ နှစ်မှာ ၅၂%
  • အသက် ၄၀ မှ ၄၉ နှစ်မှာ ၅၆%
  • အသက် ၅၀ မှ ၅၉ နှစ် ၄၁% နဲ့
  • အသက် ၆၀ နဲ့အထက်ဆိုရင်တော့ ၃၈% တို့ပါတဲ့။
READ
အရမ်းချစ်တတ်တဲ့ကောင်မလေးတွေသာ ပြုလုပ်လေ့ရှိတဲ့ ချစ်စဖွယ်အပြုအမူ (၅) မျိုး

ကုန်ကျစရိတ်အရာရာအားလုံးဟာ အမျိုးသားတွေပဲ တာဝန်ယူရမယ်ဆိုတဲ့ အယူအဆကြီးကို ကျွန်တော်တို့တွေ တကယ်ပဲ ပြောင်းလဲဖို့ လိုအပ်နေပြီလား။

Penny

SHARE