ကမ္ဘာကြီးရဲ့အန္တရာယ်ကို ရင်သားနဲ့ကာကွယ်ပြတဲ့ ဂျပန်မော်ဒယ်ရဲ့ဗီဒီယို နာမည်ကြီးနေ

အွန်လိုင်းမှာတော့ ဂျပန်မော်ဒယ်တစ်ယောက်ရဲ့ ဗီဒီယိုဖိုင်က အရမ်းနာမည်ကြီးနေပါတယ်။ ဂျပန်မော်ဒယ်က ကမ္ဘာကြီးကို သူမရဲ့ ရင်သားကထွက်တဲ့ စူပါပါဝါတွေနဲ့ ကာကွယ်လိုက်တဲ့ ဟန်မျိုးနဲ့ သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ ဒီမော်ဒယ် မလေးက တခြားသူတော့ မဟုတ်ပါဘူး။ G-cup size ရင်သားပိုင်ရှင်အဖြစ် နာမည်ကြီးပြီးသား မော်ဒယ် မလေးပါ။

နာမည်ကတော့ Erina Kamiya ဖြစ်ပြီး၊ Kamen Joshi (သို့) “Mask girls” ဆိုတဲ့ girl group ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူမရဲ့ ကြော်ငြာဗီဒီယိုဖိုင်တွေက နာမည်ကြီးပါတယ်။ အဲဒီမှာဆိုရင် ရင်သားအလှနဲ့ နာမည်ကြီးတဲ့ သူမက ရင်သား အသားပေးတဲ့ ပုံစံမျိုးနဲ့ ပါဝင်ထားပါတယ်။

အခုနာမည်ကြီးနေတဲ့ ဗီဒီယိုဖိုင်ကတော့ “Breasts Save the World” လို့ ခေါ်ပါတယ်။ ဗီဒီယိုဖိုင်ရဲ့ အစမှာတော့  Kamiya  က သူမရဲ့အပေါင်းအသင်းတွေဖြစ်တဲ့ Misa Kubota၊့ Moa Tsukino တို့နဲ့ အတူ ရေချိုးနေတာပါ။ ရေချိုးနေရင်းနဲ့ Kamiya က ရုတ်တရက်ကြီး ထရပ်ခဲ့ပါတယ်။ ကောင်းကင်ယံကနေ ဥက္ကာပျံကြီးတစ်ခုက ကမ္ဘာကြီးဆီကို အရှိန်မြန်နှုန်းနဲ့ ကျလာခဲ့တာပါ။ ဒါကို ရင်သားက လေဆာပါဝါတွေကိုထုတ်ပြီး ဥက္ကာပျံကြီးကို ဖြိုခွင်းလိုက်တဲ့ ဗီဒီယိုဖိုင်ပါ။ အဲဒါကို လူတွေက သဘောကျနေကြတာပါ။

READ
UN ဒုအတွင်းရေးမှူးချုပ်နဲ့ စကားတွေ အပြန်အလှန်ပြောခဲ့တဲ့ စက်ရုပ်မလေး

G-cup size သူမဟာ အရင် (၂၀၁၇) နိုဝင်ဘာတုန်းကလည်း အခုလိုပဲ ထူးဆန်းတာတစ်ခု လုပ်ခဲ့ဖူးပါတယ်။ ရင်သားနဲ့ ခေါင်မိုးအုတ်ကြွပ်ပြား(၆)ပြားကိုခွဲဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။

from koreaboo

SHARE