Online ကနေ Fan တွေနဲ့ Drinking ပါတီ ကျင်းပမယ့် ဂျပန်မော်ဒယ်လေးများ

[email protected] Minori Inudo, @ Aya Hazuki, @Miu Nakamura

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါကြီးကြောင့် လူတိုင်းနီးပါး အိမ်ထဲမှာပဲ နေနေပြီး ပျင်းနေကြမှပါပဲ။ တစ်ချို့တွေကတော့ ကိုယ့်ဟာကိုယ် အိမ်မှာနေပြီး ပျော်တတ်ကြသလို တစ်ချို့ကျပြန်တော့လည်း ဆိုရှယ်မီဒီယာကနေ အပျော်ရှာတတ်ကြပါတယ်။ အခုပြောမယ့်ကိစ္စလေးကလည်း ဆိုရှယ်မီဒီယာကနေ အပျော်ရှာလို့ ရမယ့် ကိစ္စလေးပါပဲ။ ဂျပန်နိုင်ငံရှိ နာမည်ကြီးမော်ဒယ်လ်တစ်ချို့ဟာ Fan တွေနဲ့ Online ကနေ Drinking ပါတီကျင်းပမှာ ဖြစ်ကြောင်း Sora News24 သတင်းဌာနရဲက ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီဧပြီလနေ့ရက်တော်တော်များများဟာ ဂျပန်နိုင်ငံမှာဆိုရင် Golden Week လို့ ခေါ်ကြပါတယ်။ Oshogatsu လို့ ခေါ်တဲ့ ဂျပန်နှစ်သစ်ကူးရုံးပိတ်ရက်နေ့ရက်တွေမှာ ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ မွေးရပ်မြေကို အလည်ပြန်လေ့ ရှိပါတယ်။ ဒါပေမယ့် လက်တလော COVID 19 ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေတဲ့အတွက်ကြောင့် ဘယ်သူမှ ဘယ်မှမသွားရပဲနဲ့ အိမ်မှာပဲ နေနေရပါတယ်။ ဒါ့ကြောင့် အခုလို အိမ်မှာပျင်းနေမယ့်အစား ဂျပန်မော်ဒယ်တစ်ချို့နဲ့ Online Drinking Party လုပ်ဖို့ အကြံရခဲ့တာကတော့ ဂျပန်မော်ဒယ် ဂျေင်စီတစ်ခုဖြစ်တဲ့ R.I.P ကုမ္ပဏီကပဲ ဖြစ်ပါတယ်။

READ
ကလေးမမွေးနိုင်လို့ ဆရာဝန်ဆီသွားပြီး ဗိုက်ခွဲမွေးခဲ့ရတဲ့ ပိုးဟပ်
[email protected] Rina Hashimoto, @Tomomi Morisaki

လက်မှတ်ဈေးကတော့ အမေရိကန်ဒေါ်လာ ၆၃ ဒေါ်လာခန့်ရှိပါတယ်။ Zoom App ကနေ ဗီဒီယို Call ခေါ်ပြီး စကားတွေပြော၊သီချင်းတွေဖွင့်၊အရက်တွေသောက်ရင်း ပါတီပုံစံ ကျင်းပကြမှာပဲ ဖြစ်ပါတယ်။ ကြာချိန်ကတော့ တစ်ဦးကို မိနစ် ၃၀ ခန့်ပါပဲ။

[email protected] , @Airi Ikejiwa

ထုတ်ပြန်ထားတဲ့ သတင်းအရဆိုရင် မော်ဒယ် Hashimoto က ဧပြီလ ၂၉ ရက် ညနေပိုင်းနဲ့ မေလ ၆ ရက်နေ့ ညနေပိုင်း၊ Morisaki ကတော့ ဧပြီ ၂၉ ရက်နဲ့ မေလ ၃ ရက်နေ့၊ Shiori Usui နဲ့ Yukoko Kawaji တို့က မေလ ၃ ရက်နေ့၊ Minori Inuso က မေလ ၂ ရက်နေ့၊ Miu Nakamura က မေလ ၆ ရက်နေ့တို့မှာ ပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

READ
IS တပ်စွဲခဲ့တဲ့ မိုဆူးလ်မြို့ စာသင်ခန်းမှာတွေ့ရှိရတဲ့ သေနတ်၊တင့်ကား၊ပုံများနဲ့ သင်္ချာစာအုပ်
[email protected] Minori Inudo, @ Aya Hazuki, @Miu Nakamura

Pyi Hein Kyaw

SHARE