ရက်ဂေးသီချင်းကို Cover ဆိုပြီး ပြည်သူတွေကို အားပေးခဲ့တဲ့ ဂျပန်ဘုန်းတော်ကြီး

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါကြီးဟာ လူတွေ ထင်ထားတာထက်ကို အချိန်ပိုကြာလာပြီး ရောဂါဖြစ်ပွားမှုနှုန်းဟာ တစ်စထက်တစ်စ ပိုမိုမြင့်တက်လာပြီပဲ ဖြစ်ပါတယ်။ ကျိန်းသေတာကတော့ လူတိုင်းနီးပါးဟာ ဒီလိုကြပ်တည်းနေတဲ့အချိန်မှာ အနည်းနဲ့အများ စိတ်ဓာတ်ကျနေမှာကတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း ဂျပန်နိုင်ငံက ဘုန်းတော်ကြီးတစ်ပါးဟာ လူသားတွေ စိတ်ဓာတ်မကျအောင် ကမ္ဘာကျော် ရက်ဂေးအဆိုတော် Bob Marley ရဲ့ သီချင်းတစ်ပုဒ်ကို Cover ပုံစံပြန်ဆိုခဲ့ပြီး လူသားတွေကို စိတ်ဓာတ်မကျဖို့ အားပေးခဲ့ကြောင်း Sora News24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ဂျပန်နိုင်ငံ၊ Tohuku ပြည်နယ်မှာ တည်ရှိတဲ့ Akita Prefecture ဘုန်းကြီးကျောင်းရှိ Eishin လို အမည်ရတဲ့ ဂျပန်ဘုန်းကြီးတစ်ပါးဟာ Bob Marley ရဲ့ Three Little Birds သီချင်းကို Cover ပြန်ဆိုပြီး လူသားတွေကို အားပေးခဲ့ပါတယ်။ သီချင်းရဲ့ အဓိပ္ပာယ်အရဆိုရင်တော့ အရာအားလုံးဟာ မကြာခင်ပြီးဆုံးပြီး အကုန်လုံး အဆင်ပြေသွားမှာဖြစ်ကြောင်း၊ ဒီကိစ္စလောက်နဲပ စိတ်ဓာတ်မကျနေစမ်းပါနဲ့လို့ အားပေးတဲ့ ပုံစံနဲ့ သီဆိုထားတာဖြစ်ပါတယ်။

READ
အလုပ်သမားတွေကို အိမ်မှာနားခိုင်းလည်း လစာအပြည့်ပေးရမယ်လို့ မလေးရှားဆို

 

ဒီသီချင်းဟာ ဘုန်းကြီး Eishin ရဲ့ ပထမဆုံးသီဆိုမှုတစ်ခုမဟုတ်ပါဘူး။ အမှန်တကယ်တော့ အဆိုပါဘုန်းကြီးဟာ “ Buddhist Reggae Group” အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး သူ့မှာ ကိုယ်ပိုင်တီးဝိုင်းတစ်ခုလဲ ရှိပါတယ်။ အဖွဲ့ရဲ့ နာမည်ကတော့ “Eishin and The Meditationalies” ပဲ ဖြစ်ပါတယ်။ Bob Marley ရဲ့ သီချင်းကို Cover ပြန်ဆိုထားတဲ့ ဗီဒီယိုကိုတော့ ဘုရားရှိခိုးဆောင်ကျောင်းကြီးထဲမှာပဲ အသံသွင်းခဲ့ပြီး ဗီဒီယိုပါတစ်ခါတည်း ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

READ
ကြည့်ရှုသူသန်း70ကျော်နေတဲ့ မွေးမွေးချင်းလမ်းထလျှောက်တဲ့ကလေးရဲ့ ဗွီဒီယိုဖိုင်

“ကျွန်တော်က Bob Marley ရဲ့ Big Fan တစ်ယောက်ပါ။ ကျွန်တော်ကော၊ ကျွန်တော့်ဇနီးကောက Bob Marley ရဲ့ ပရိသတ်အစစ်တွေပါပဲ။ ကျွန်တော် ဒီသီချင်း Cover ဆိုထားတာ ဇနီးသည်ကို သွားပြတော့ သူက အရမ်းကြိုက်လို့ ငိုတောင်ငိုနေသေးတယ်။ ဒီအချိန်မှာတော့ လူတိုင်း သူ့အပူနဲ့ သူတွေချည်းပါပဲ။ အခုဖြစ်ပျက်နေတဲ့အရာတွေက အချိန်အတိုင်းအတာ တစ်ခုထိပါပဲ။ မကြာခင် အကုန်ပြီးဆုံးသွားမှာပါ” လို့ Eishin က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE