စားစရာတွေလိုက်ပို့ရင်း အိုလံပစ်ပြိုင်ပွဲအတွက် ဝင်ငွေရှာနေတဲ့ ဂျပန်လက်ရွေးစင် ကစားသမား

[email protected] Miyake

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့အချိန်မှာ လူတော်တော်များများဟာ စားစရာတွေဘာတွေဝယ်ဖို့ အပြင်ကို တကူးတကမသွားတော့ပဲ Uber, Grab, Food Panda အစရှိတဲ့ Online Food Delivery တွေကနေ စားစရာတွေ ဝယ်မှာလေ့ ရှိပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်မှာ Online Food Delivery လုပ်ငန်းတွေနဲ့ သူတို့ဆီကဝန်ထမ်းတွေအတွက် တော်တော်ဝင်ငွေကောင်းတဲ့အချိန်ပါ။ အခုလည်း ဂျပန်နိုင်ငံက အိုလံပစ်ဓားရေးပြချန်ပီယံတစ်ဦးဖြစ်တဲ့ အမျိုးသားတစ်ဦးဟာ Grab Food Delivery မှာ အလုပ်ဝင်လုပ်နေပြီး ၂၀၂၁ ၊ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက် အစစအရာရာ ပြင်ဆင်ရင်း ပိုက်ဆံစုနေကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Miyake

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ryo Miyake လို့ အမည်ရတဲ့ အိုလံပစ်ကစားသမားဟာ လက်ရှိအချိန်မှာတော့ Food Delivery သမားအဖြစ် လုပ်ကိုင်နေပါတယ်။ Ryo ဟာ ၂၀၁၂ အိုလံပစ်ပြိင်ပွဲမှာတုန်းက ငွေတံဆိပ်ဆုရရှိခဲ့ဖူးပြီး ပြည်တွင်းဓားရေးပြ ပြိုင်ပွဲတော်တော်များများမှာလည်း ချန်ပီယံတစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကစပြီး Ryo ကို စပွန်ဆာပေးဖို့ ကုမ္ပဏီတော်တော်များများက လာရောက်ကမ်းလှမ်းခဲ့ပေမယ့် Ryo က ငြင်းပယ်ခဲ့ပါတယ်။

READ
သိပ်လှပြီး အရွယ်တင်လွန်းလို့ အသက်ဘယ်လောက်ဆိုတာ ခန့်မှန်းလို့မရနိုင်တဲ့ဒီဇိုင်နာ
[email protected] Miyake

“ ကျွန်တော် ဒီအားကစားကို မြတ်နိုးပါတယ်။ ဒါပေမယ့် စပွန်ဆာကိစ္စတွေကို လုံးဝစိတ်မဝင်စားပါဘူး။ အကြောင်းအရင်းကတော့ အားကစားကို လိပ်ပြာသန့်သန့်နဲ့ပဲ ကစားချင်ပါတယ်။ အရောင်မဆိုးချင်ပါဘူး။ စပွန်ဆာ လက်ခံလိုက်ပြီဆိုတာနဲ့ သူတို့ရဲ့ အမှတ်တံဆိပ်တွေအတွက် ကြော်ညာတွေ ရိုက်ပေးရမယ်၊ ကျွန်တော့် အာကစားအင်္ကျီတွေပေါ်မှာ သူတို့ရဲ့ တံဆိပ်တွေ ပါလာတော့မယ်။ ကျွန်တော်ရှာလို့ရတဲ့ ပိုက်ဆံကိုပဲ ကျွန်တော်သုံးပါမယ်။ အခုစားစရာတွေလိုက်ပို့တာ တစ်နေ့ ယန်း ၃,၀၀၀ ကျော်ရပါတယ်” လို့ Ryo က ပြောကြားခဲ့ပါတယ်။

今日もUber Eatsでお届けしています。https://unlim.team/athletes/ryo.miyake#ryomiyake#三宅諒#fencing#athlete#unlim#commons2

Posted by Ryo Miyake on Tuesday, May 5, 2020

Pyi Hein Kyaw

SHARE