ဒေတာတွေသိမ်းဖို့ ငါးနဲ့ USB ဒီဇိုင်းသစ်ထွင်လိုက်တဲ့ ဂျပန်အမျိုးသား

ဂျပန်တွစ်တာ အသုံးပြုသူတစ်ဦးဖြစ်တဲ့ @ni28_xp ဟာ ဒေတာသိမ်းနိုင်ပြီး ငါးပေါက်လေးတစ်ကောင်ပါဝင်တဲ့ USB ဒီဇိုင်းသစ်တစ်မျိုးကို တီထွင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ @ni28_xp ဟာ ဓာတုဗေဒကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။

japansauce

သူဟာ အထဲမှာ ငါးသေးသေးတစ်ကောင် ထည့်သွင်းပြီး ငါးနဲ့အတူ အတွင်းလျှပ်စစ်ပစ္စည်းတွေ ချိတ်ဆက်ကာ USB drive ထဲ ဖောက်ထွင်းမြင်နိုင်တဲ့ memory drive တစ်ခုကို ပြုလုပ်ခဲ့တာပါ။ USB ထဲက ငါးဟာ ငါးသေတစ်ကောင်ဖြစ်ပြီး နည်းပညာအစွမ်းနဲ့ ငါးကို ဒီဇိုင်းတစ်စိတ်တစ်ဒေသအဖြစ် အသုံးချခဲ့တာပါ။

japansauce
japansauce

USB ထဲမှာ တွေ့ရတဲ့ ငါးတွေဟာ ငွေရောင်ခြယ် ငါးသလောက်တစ်မျိုးဖြစ်ပြီး စူပါမားကတ်တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်။ခုတွေ့မြင်ရတာကတော့ USB ရဲ့ နောက်ဆုံးအဆင့်ကို တွေ့မြင်ရတာပဲဖြစ်ပါတယ်။ @ni28_xp ဟာ တကယ်တမ်းကွန်ပြူတာဖွင့်လိုက်တဲ့အခါမှာ ဘယ်လိုပုံပေါ်မလဲဆိုတာကိုပါ gif ဖိုင်တင်ထားခဲ့ပါသေးတယ်။ ၄င်း ငါး USB တွေကို (၂၀၁၉) ခုနှစ် ဇန်န၀ါရီ(၁၂) ရက် Tokyo Big Sight မှာ ကျင်းပတဲ့ HandMake In Japan Fes 2019 ပွဲတော်မှာ ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။ ၄င်း USB ကို (၇၂) ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

READ
Idea အသစ်ကြောင့် ကလေးမွေးနိုင်တော့မယ့် လိင်စက်ရုပ်

Ref: japansauce

SHARE