ပါလီမန်အစည်းအဝေးမှာ ဗီဒီယိုကြည့်နေတာ လူမိသွားလို့ အရှက်ကွဲခဲ့တဲ့ ဂျပန်အမတ်

[email protected]

ဒီမိုကရေစီနိုင်ငံတော်တော်များများမှာတော့ အပတ်စဉ်ပါလီမန်အစည်းအဝေး ကျင်းပလေ့ရှိပါတယ်။ ကျွန်တောတို့ ဒီမှာဆိုရင်တော့ လွှတ်တော်အစည်းအဝေးပုံစံ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီလိုအစည်းအဝေးပွဲတွေမှာ တိုင်ဒေသပြည်နယ် အသီးသီးရဲ့ အမတ်တွေဟာ သူတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတိုင်ပင်လေ့ရှိတဲ့ အစည်းအဝေးပုံစဲပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ပါလီမန်အစည်းအဝေးတစ်ခုမှာ ဂျပန်လွှတ်တော်အမတ်တစ်ဦးဟာ အစည်းအဝေးပြုလုပ်နေတဲ့အချိန် မိကျောင်းဗီဒီယိုကြည့်နေတဲ့ပုံကို သတင်းထောက်တစ်ယောက်က အချိန်မှီရိုက်ကူးနိုင်ခဲ့ပြီး အဲဒီဓာတ်ပုံဟာ ဂျပန်လှုမှုကွန်ယက်မှာ တော်တော်ရေပန်းစားနေကြောင်း Soranews 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-miniformat65

ဂျပန်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Takuya Hirai ဟာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါလီမန်အစည်းအဝေးမှာ အစည်းအဝေးကို အာရုံမရပဲ မိကျောင်းဗီဒီယိုတစ်ခုကြည့်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။ ဒါပေမယ့် Mr. Hirai ရဲ့ အဆိုအရတော့ သူဖိုင်တစ်ခုဖတ်နေချိန်မှာ Ads အနေနဲ့ မိကျောင်းပုံစံဗီဒီယိုတစ်ခုပေါ်လာတာဖြစ်ကြောင်း၊ ကြာချိန်ကလည်း တစ်စက္ကန့်နဲ့ နှစ်စက္ကန့်လောက်သာကြာကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“အဲဒီအချိန် အမေးအဖြေ လုပ်နေကြတာနဲ့တူတယ်။ တိုက်တိုင်ဆိုင်ဆိုင် အဲဒီအချိန်မှာ တင်ပြစရာကိစ္စတစ်ခုရှိလို့ Tablet ကိုယူပြီး ဖိုင်ဖတ်နေတဲ့အချိန်၊ Ads တစ်ခုဝင်လာတာပါ။ အဲဒီ Ads ကို ဖျက်ပြီး ကျွန်တော်ဘာသာ ဖိုင်ကို ဆက်ဖတ်နေခဲ့တာပါ။ အဲဒီကြော်ငြာ ဝင်လာတဲ့အချိန်နဲ့ သတင်းထောက်ဓာတ်ပုံရိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့ နေမှာပါ” လို့ Mr. Hirai က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သတင်းထောက်ရဲ့ ပြောပုံအရ ဆိုရင်တော့ Mr. Hirai ဟာ အဆိုပါဗီဒီယိုကို အနည်းဆုံး ၅ မိနစ်မှ ၁၀ မိနစ်ကြား ကြည့်နေခဲ့ကြောင်း သိရပါတယ်။

READ
ကားတိုက်မှုကြောင့် မိခင်ရဲ့သားအိမ်ကွဲပြီး အပြင်ကို ကျွတ်ထွက်ခဲ့တဲ့ ကလေးရဲ့ အဖြစ်

Pyi Hein Kyaw

SHARE