ဗလညှစ်ပြပြီး Delivery ပို့တဲ့ Service ဂျပန်မှာ ရေပန်းစားနေ

Image:IG & youtube /delivery.macho

ဗလ ရှိတဲ့ အမျိုးသားတွေ အတွက် က တော့ ကိုဗစ် မှာ အလုပ်အကိုင် အခွင့် အလမ်း က ဗလ မရှိတဲ့ သူတွေနဲ့ ယှဉ်ရင် မရှားဘူးလို့ တောင် ပြောလို့ ရပါတယ်။ဗလရှိရင် အသီးပဲ ခွဲ ရောင်းမလား၊ စား သောက်ဆိုင်တွေ မှာ ဗလပြ စားပွဲ ထိုးမလား လုပ် လို့ ရပါတယ်။ဒါ့အပြင် အခုဆိုရင်တော့ ဗလ ညှစ်ပြပြီး Delivery  ပို့ တဲ့ “Deli very Macho” Service ဆိုပြီး ရေပန်းစား လာပါတယ်။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

#デリバリーマッチョ

A post shared by 杉浦正典 (@delivery.macho) on

 

View this post on Instagram

 

#デリバリーマッチョ

A post shared by 杉浦正典 (@delivery.macho) on

ဂျပန် နိုင်ငံ Aichi စီရင်စု မှာရှိတဲ့ ဆူရှီ စားသောက်ဆိုင် တစ်ဆိုင် က တော့ ကိုဗစ် ကာလမှာ တခြားဆိုင် တွေ လိုပဲ စီးပွားရေး အခက်အခဲ နဲ့ ကြုံ နေရပါတယ်။ဒီအခက် အခဲ ကို ဘယ်လို တွန်း လှန် နိုင်ဖို့ အတွက် ဗလ ကို အသုံး ချ ခဲ့ပါတယ်။အဲ့ဒါ ကတော့ ဗလရှိတဲ့ အမျိုးသား တွေကို Delivery လိုက်ပို့ ခိုင်းတဲ့ “macho delivery” service ကို လုပ် ခဲ့တာပါ။ဗလ မရှိရင် တော့ Delivery လိုက် ပို့ လို့ မရ ပါဘူး။ဗလ က တော့ မရှိ မဖြစ် လိုအပ်တဲ့ အရည် အချင်းပါ။

 

View this post on Instagram

 

#デリバリーマッチョ

A post shared by 杉浦正典 (@delivery.macho) on

 

View this post on Instagram

 

#デリバリーマッチョ

A post shared by 杉浦正典 (@delivery.macho) on

Anjo မြို့ က Imazushi ဆိုတဲ့ ဆူရှီ စားသောက်ဆိုင် ပိုင်ရှင် အသက် (၆၀) အရွယ် အမျိုးသား Masanori Sugiura က တော့ အသက် (၂၀) တည်းက  Gym သွားခဲ့တာပါ။သူ့ရဲ့ ဒီအကျင့်က အခုလို အလုပ် အတွက် အ ထောက်အကူဖြစ်လာ လိမ့်မယ်လို့ တခါ မှ တောင် စိတ်ကူး မယဉ် ခဲ့ဖူးပါဘူး။အရင် က ဆိုရင် ဧပြီ – ဇွန် လောက် ဆိုရင် ယန်းသန်းတစ်ရာ လောက် ၀င်ငွေ ရနေတဲ့ သူ့ဆိုင်က ကိုဗစ် ကြောင့် ဒီနှစ် မှာ (၁၀)သန်း ပဲ ရ  ခဲ့ပါတယ်။ဝန်ထမ်းကိုလည်း အယောက် (၅၀) က နေ (၄) ယောက် အထိ လျှော့ ချ ခဲ့ ရပါတယ်။ဈေးရောင်းမ ကောင်းတဲ့  ဈေးရောင်း  ကောင်း အောင် ဘယ်လို လုပ်ရမလဲ အကြံ ထုတ် ရင်း “Delivery Macho” ဆိုတာ ဖြစ်လာခဲ့တာပါ။

 

View this post on Instagram

 

#デリバリーマッチョ

A post shared by 杉浦正典 (@delivery.macho) on

 

View this post on Instagram

 

#フィジーク

A post shared by 杉浦正典 (@delivery.macho) on

Sugiura နဲ့ တခြား Gym ကစား ဖော် ကစားဖက် တွေ က တော့ ဖောက်သည်တွေကို ဗလ တွေညှစ် ပြ ပြီး ဆွဲ ဆောင် ခဲ့ပါတယ်။အစား အ စာ သွားပို့ ရင်း ဗလာပါ ညှစ်ပြ၊ဓါတ်ပုံပါ အတူ တွဲ ရိုက် ပေးတဲ့ ၀န် ဆောင် မှု ကိုပါ ပေးခဲ့ပါတယ်။အခုဆိုရင် တော့ အရင်က အလုပ်ပါးတဲ့ ဆိုင် မှာ အလုပ် မပါး တော့ပဲ အော်ဒါ တွေ အရမ်း တက် နေပါပြီ။ ဒီ Service တစ်ခု တည်း က နေ လစဉ် ၀င်ငွေ ဂျပန် ယန်း (၁.၅) သန်း၊ အ မေရိကန် ဒေါ်လာ နဲ့ ဆိုရင် (14000) လောက် အထိ ၀င်ငွေ တိုးလာခဲ့ပါတယ်။Delivery Macho  ၀န်ဆောင်မှုကို လိုချင်ရင်တော့  Imazushi  ဆိုင် ကို ဖုန်းဆက်ပြီး တစ်ကြိမ်ကို ယန်း (၇၀၀၀) နှုန်းနဲ့ အော်ဒါ မှာယူလို့ရပါတယ်။

READ
ဈေးဝယ်စင်တာရဲ့ ဒုတိယထပ်ကနေ ကြိုးဝိုင်းထဲခုန်ဆင်းခဲ့တဲ့ နပမ်းသမားရဲ့အကွက်ဆန်း

#SHWEMOM

SHARE