ရိုလာကိုစတာ စီးတာတောင် မအော်ဖို့အတွက် ဗီဒီယိုနဲ့တကွ နမူနာပြခဲ့တဲ့ ဂျပန်

Freepik- @fujikyunow

ဂျပန်နိုင်ငံဟာ COVID-19 ဒဏ်ကို တော်တော်လေး ခါးဆီးခံနေခဲ့ရတဲ့နိုင်ငံတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အနည်းငယ်ငြိမ်ကျသွားသယောင်ရှိနေပြီမလို့ လနဲ့ချီပိတ်သိမ်းထားရတဲ့ နေရာတချို့ကို ပြန်ဖွင့်ဖို့ ကြိုးစားနေပါပြီ။

နွရာသီရက်ရှည်ပိတ်ရက်တွေရောက်လာတော့မှာဖြစ်တဲ့အတွက် ခရီးသွးရာသီရောက်လာတော့မှာပါ။ ဒီအတွက်ကြောင့် အထူးသဖြင့် ဂျပန်မှာ လူသွားများနေတဲ့ ကစားကွင်းတွေဟာလည်း ပြန်ဖွင့်ဖို့ အားသန်နေကြပါပြီ။ ပြန်ဖွင့်တဲ့အခါကျရင် လိုက်နာရမယ့် စည်းကမ်းချက်တစ်ခု ရှိလို့နေပါတယ်။ အဲဒါကတော့ ရိုလာကိုစတာတွေီးရင် မအော်ရတာပါတဲ့။

Disney Land ၊ Universal Studio တို့လို ကမ္ဘာတစ်ဝန်းမှာ ကစားကွင်းဖွင့်ထားတဲ့ ကုမ္ပဏီကြီးတွေရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ သူတို့ရဲ့ ကစားကွင်းတွေ ပြန်ဖွင့်ပေမယ့် ဧည့်သည်တွေ မအော်ဖို့ကို အာမ မခံနိုင်တဲ့အတွက် ရိုလာကိုစတာတွေကို မဖွင့်ပဲ ပိတ်ထားခဲ့ပါတယ်။ သူတို့ ကစားကွင်းတွေကို လာတဲ့ ဧည့်သည်တွေဟာ ရိုလာကိုစတာ စီးဖို့ထပ် အခြားဖျော်ဖြေရေး အစီအစဉ်တွေကို စိတ်ဝင်စားလို့ လာတယ်ဆိုပြီး ယူဆထားပါတယ်။

READ
ကောင်မလေးတွေ ကြွေနေတဲ့ တရုတ်ကောင်လေးရဲ့ ဗီဒီယိုဖိုင်

အဓိက ရုန်းကန်ရတာကတော့ ဂျပန်နိုင်ငံသားတွေပိုင်တဲ့ ကစားကွင်းတွေပါ။ အဲဒီကစားကွင်းတွေထဲမှာ Fuji-Q Highland ကစားကွင်းလည်း ပါဝင်နေပါတယ်။ Fuji-Q ရဲ့ ရိုလာကိုစတာဟာ ဂျပန်ပြည်တွင်းမှာ နာမည်ကြီးသလို ပြည်ပကနေ တကူးတက လာစီးတဲ့ နိုင်ငံခြားသားဧည့်သည်တွေတောင် ရှိခဲ့ပါတယ်။ ဒါ့ကြောင့် Fuji-Q Highland ကစားကွင်းရဲ့ ဥက္ကဌဖြစ်သူ နဲ့ ကစားကွင်းကို ပိုင်ဆိုင်တဲ့ Fujikyu ကုမ္ပဏီရဲ့ ဥက္ကဌတို့ဟာ ရိုလာကိုစတာကို မအော်ဘဲ၊ မျက်နှာဖုံး မကျွတ်ဘဲ နမူနာစီးပြခဲ့ပါတယ်။ သူတို့ထဲက တစ်ယောက်ဟာ အမြင့်ကြောက်တဲ့ ပြဿနာရှိနေတာကြောင့် သူတောင်မအော်ရင် တခြားလူတွေလည်း မအော်ဘဲနေနိုင်ပါတယ်တဲ့လေ။

Freepik- @fujikyunow

အဓိကအကြောင်းအရင်းကတော့ mask တွေကျွတ်ပြီး အော်တဲ့အခါ လူ့ပါးစပ်ထဲက ထွက်လာမယ့် တံတွေးစက်တွေကြောင့်ပဲဖြစ်ပါတယ်။ လူတွေက ရိုလာကိုစတာစီးရင်း မအော်ရဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုပြီး ထငနေကြမှပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကစားကွင်းပိုင်ရှင်တွေကိုယ်တိုင် ကမ္ဘာ့အရှည်လျားဆုံး ရိုလာကိုစတာကြီးကို တစ်ချက်မှမအော်ဘဲနဲ့ စီးပြခဲ့ကြပါတယ်။

READ
လှေလှော်လေ့ကျင့်နေရင်း လှေနှစ်စင်းလုံးနစ်မြုပ်ခဲ့ရတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်
Freepik- @fujikyunow

Penny

SHARE