သဘောကျတဲ့အိုင်ဒေါရဲ့လစ်လျူရှုမှုကိုခံရလို့ ပလတ်စတစ်ဆာဂျရီလုပ်ပြီး ကလဲ့စားချေခဲ့သူ

koreaboo

ဂျပန်လူမျိုး sasaeng(အစွန်းရောက်ပရိသတ်)ကောင်မလေးကတော့  HiHi Jets အဆိုတော်အဖွဲ့ရဲ့ အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Hashimoto Ryo နဲ့ Sakuma Ryoto တို့ရဲ့လစ်လျှူရှုမှုကို ခံရပြီးနောက် သူတို့နှစ်ယောက်ရဲ့အကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူမကတော့ HiHi Jets အဖွဲ့ဝင် Sakuma Ryoto ရဲ့ ပရိသတ်ဖြစ်ခဲ့တဲ့အကြောင်းနေ စပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူမက ရုပ်မလှတာကြောင့် Sakuma Ryotoရဲ့ လစ်လျူရှုမှုကို ခံခဲ့ရပြီး HiHi Jets  အဖွဲ့ဝင်တွေနဲ့လည်း ဓါတ်ပုံ အတူ ရိုက်ခွင့်မရရှိခဲ့ပါဘူး။

koreaboo

သဘောကျတဲ့ အိုင်ဒေါတွေရဲ့ အရေးစိုက်ခံချင်တဲ့သူမကတော့ ပလက်စတစ်ဆာဂျရီပြုပြင်ပြီး လက်စားချေတဲ့အစီအစဉ်ကို စတင်ခဲ့ပါတယ်။ သူမကတော့ Hashimoto Ryo နဲ့စတင်ဆက်သွယ်ခဲ့ပြီး Sakuma Ryotoနဲ့ ရင်းနှီးလာအောင်ကြိုးစားခဲ့ပါတယ်။ သူတို့နဲ့အတူလည်း မကြာခဏတွေ့လေ့ရှိပြီး အခြားအနုပညာရှင်တွေတောင်ပါတယ်လို့ အဲဒီကောင်မလေးက ပြောထားပါတယ်။ ISakuma Ryoto ကတော့ အဒီ ကောင်မလေးက သူတို့ လစ်လျူရှုခဲ့တဲ့ sasaeng လို့ လုံးဝမတွေးထားခဲ့ပါဘူး။

READ
"သတိ - အန္တရာယ်ရှိသည်" ဆင်ဆာထိခဲ့တဲ့အပေါ် မချိတင်ကဲ ဖြစ်နေတဲ့ တိုင်ရွန်
koreaboo

ဒါပေမဲ့လည်း ISakuma Ryoto က သူနဲ့ Hashimoto Ryo  တို့ sasaeng ဆီမှာ အသုံးချခံခဲ့ရတယ်ဆိုတာကို သိပြီးတဲ့နောက် အဲဒီကောင်မလေးကို အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ Hashimoto Ryo ကတော့ အဲဒီ ကောင်မလေးနဲ့ ဇာတ်လမ်းမပြတ်နိုင်ဖြစ်နေခဲ့ပါတယ်။

koreaboo
koreaboo

အဲဒီနောက်မှာတော့ ကောင်မလေးက Sakuma Ryoto ဆီကနေ ထားခဲ့ခံရတာကို လက်တုံ့ပြန်ဖို့အတွက် အသက်မပြည့်သေးတဲ့ အဲဒီအိုင်ဒေါကောင်လေးတွေ အရက်သောက်နေတဲ့ပုံ၊ဆေးလိပ်သောက်နေတဲ့ပုံတွေနဲ့ သူမနဲအတူ အိပ်နေတဲ့ပုံတွေပါ ထုတ်ပြခဲ့ပါတယ်။  ဓါတ်ပုံထဲက သူနှစ်ယောက်ဟာ Sakuma Ryoto နဲ့ Hashimoto Ryo တို့နဲ့ရုပ်ဆင်တူနေတယ်လို့  ဂျပန်ပရိသတ်တွေကပြောနေကြပေမဲ့ HiHi Jets ရဲ့ အေဂျင်စီကတော့ ပြန်လည်တုံ့ပြန်ခြင်းမရှိသေးပါဘူး။

koreaboo
koreaboo

SOurce: Koreaboo

SHARE