ဂျပန်က စူပါမားကတ်တွေမှာ တီးလုံးရိုးရိုးကြီးတွေပဲ အမြဲဖွင့်နေရတဲ့အကြောင်းရင်း

instagram/maruyu.syd instagram/japancentre

Ito Yokado, Aeon, Seiyu ဒါမှမဟုတ် Max Valu စတဲ့ ဂျပန်စူပါမားကတ်တွေကိုရောက်ဖူးတယ်ဆိုရင် ဆိုင်တွင်းမှာဖွင့်ထားတဲ့ ရိုးရှင်းလွန်းတဲ့ တေးဂီတသံတွေကို ကြားရမှာပါ။ ဒီတီးလုံးသံတွေကိုတော့ ဂျပန်က စူပါမားကတ်တွေမှာတင် အသုံးပြုတာမဟုတ်ဘဲ ဆိုင်ခန်းတွေ၊ ဒစ်စကောင့်စတိုးတွေ၊ ယန်း၁၀၀ ဆိုင်တွေနဲ့ အခြားစတိုးဆိုင်တွေမှာပါ မကြာခဏ အသုံးပြုလေ့ရှိပါတယ်။

ဂျပန်တွေဟာ အခြားသီချင်းတွေဖွင့်လို့ရပါရက်နဲ့ ဘာဖြစ်လို့များ ဈေးချိုတဲ့အသံပုံပေါက်တဲ့ တီးလုံးတွေကို ဖွင့်ရတာပါလဲ။ တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ Keisuke Fujita (@sato310sss) ကတော့ အခုလိုဖြေထားပါတယ်။ စတိုးဆိုင်တွေထဲမှာ ဒီလိုတီးလုံးသံတွေဖွင့်ရတဲ့ ရည်ရွယ်ချက်ဟာ ဈေးဝယ်သူတွေရဲ့မသိစိတ်ကိုဆွဲဆောင်တာဖြစ်ပြီး ဆိုင်ကိုလာဝယ်ချင်စိတ်ပေါက်အောင် တမင်ဖွင့်ထားတာပါလို့ ဆိုပါတယ်။

“စူပါမားကတ်တွေမှာ ဈေးပေါတဲ့တီးလုံးသံတွေကို ဖွင့်ထားပါတယ်။ အကြောင်းကတော့ ဈေးဝယ်သူတွေအနေနဲ့ ဒီတီးလုံးကိုကြားတဲ့အခါ ပစ္စည်းဟာ ဈေးသက်သာတယ်ဆိုပြီး ခံစားရမိစေပါတယ်။ ဒီလိုမဟုတ်ဘဲ ဂန္တဝင်သီချင်းတွေ ဖွင့်မယ်ဆိုရင်တော့ စတိုးဆိုင်ဟာ ဈေးကြီးသယောင်ထင်ရပါတယ်။ တီးလုံးသံဟာ လူတွေရဲ့ဈေးဝယ်တဲ့စိတ်ပညာအပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။” လို့ Fujita က ဆိုပါတယ်။

READ
ကောလာဟလတွေကိုမမှုဘဲ အောင်မြင်နေကြသူတွေဆိုတာ … ဒီလိုတွေပါ

ဒါ့ပြင် စူပါမားကတ်တွေမှာဖွင့်ထားတဲ့ တီးလုံးသံတွေဟာ ဈေးဝယ်သူတွေအပေါ် အာရုံသက်ရောက်မှုရှိအောင်လို့ တမင် သေချာဖန်တီးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဈေးချိုပုံပေါက်တဲ့ နောက်ခံတီးလုံးသံကြောင့် ဝယ်သူအနေနဲ့ ဒီဆိုင်ဟာ တခြားဆိုင်ထက် ပိုဈေးသက်သာတယ်ဆိုပြီး မသိစိတ်ကနေယုံကြည်သွားတာဖြစ်ပါတယ်။ Fujita ရဲ့ ပို့စ်ဟာ ရက်ပိုင်းအတွင်းမှာပဲ လူစိတ်ဝင်စားမှုအများအပြားရရှိခဲ့ပါတယ်။ အချို့ အွန်လိုင်းအသုံးပြုသူတွေကလည်း ဈေးဝယ်သူနဲ့ ဈေးဆိုင်ရဲ့တီးလုံးသံကြားဆက်စပ်နေပုံ အချက်အလက်တွေကို ဆွေးနွေးခဲ့ကြကြောင်း soranews24 အရ သိရပါတယ်။

ShweMom

SHARE