စက္ကန့်ပိုင်းလောက် ရထားစောထွက်မိလို့ လေးစားဖွယ်ပြုမူခဲ့တဲ့ ဂျပန်ရထားကုမ္ပဏီ

ကမ္ဘာတစ်ဝှမ်းက ရထားပြေးဆွဲမှုတွေမှာတော့ အချိန်နောက်ကျတာတွေ၊ ပြေးဆွဲမှုဖျက်သိမ်းတာတွေနဲ့ အခြားအခက်အခဲများစွာရှိပေမယ့် ဂျပန်လူမျိုးတွေကတော့ သူတို့နိုင်ငံမှာ အရမ်းကို တိကျသပ်ရပ်တဲ့ သွားလာရေးဝန်ဆောင်မှုတွေ ရနေပါတယ်။ ရထားက (၂၅)စက္ကန့်စောထွက်မိသွားလို့ ရထားကုမ္ပဏီက ခရီးသည်တွေကို ပြန်တောင်းပန်ခဲ့တဲ့အထိပါ။

ပြီးခဲ့တဲ့ မေ(၁၁)ရက်က နိုတိုဂါဝါဘူတာကနေ နိရှိအာ့ကာ့ရှိကို မနက် (၇:၁၂:၀၀) မှာ ထွက်ရမယ့် (၁၂)တွဲရထားက မနက်(၇:၁၁:၃၅) မှာ (၂၅)စက္ကန့် စောထွက်ခဲ့မိတာဖြစ်ပါတယ်။ (၂၅)စက္ကန့်စောပြီး ရထားထွက်သွားခဲ့တာကြောင့် ကျန်ခဲ့တဲ့ ခရီးသည်များစွာ ရှိခဲ့တဲ့အတွက် ရထားကုမ္ပဏီ JR West က ခရီးသည်တွေကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။ လူတွေက ကိုယ်စီးမယ့်ရထားဆီကို မိနစ်ဝက်လောက်တောင် ကြိုမလာနိုင်ဘူးလားလို့တော့ မေးစရာရှိပေမယ့် အဖြစ်ကတော့ တကယ်ကို ခရီးသည်တွေ ကျန်ခဲ့တယ်ဆိုပါတယ်။

PA

“ကျွန်တော်တို့ရဲ့ ခရီးသည်တွေကို အဆင်မပြေမှုဖြစ်စေခဲ့တာဟာ တကယ်ကို ခွင့်မလွှတ်နိုင်စရာပါ။ စည်းမျဉ်းစည်းကမ်းတွေကို ပြန်သုံးသပ်ပြီး နောက်နောင် ဒီလိုပေါ့ဆမှုမျိုးမဖြစ်အောင် သတိထားပါ့မယ်” ဆိုကာ ကုမ္ပဏီဘက်က တောင်းပန်စာထုတ်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက်တော့ ရထားထွက်ခွာချိန် စက္ကန့်ပိုင်းလောက်ကွာတာက အရေးမကြီးဘူးထင်ရပေမယ့် ဂျပန်မှာတော့ မိမိတို့ရဲ့နာရီကို ရထားချိန်တွေနဲ့ တိုက်ရလောက်အောင် ရထားလိုင်းတွေက ဝန်ဆောင်မှုတိကျပါတယ်။

READ
ဖွေးဖွေးကိုအရေးယူပေးဖို့ ရုပ်ရှင်အစည်းအရုံးကိုတိုင်စာပို့လိုက်တဲ့စင်ရော်မောင်မောင်
AFP

ဆိုရာသတင်းဌာနအရ အခုလိုစက္ကန့်ပိုင်းကွာဟမှုကြောင့် ကျန်ခဲ့ရတဲ့ ခရီးသည်တွေဟာ ရထားနောက်တစ်စီးကို (၆)မိနစ်စောင့်ရမှာဖြစ်ပြီး အဲ့လောက်အချိန်က သူတို့အလုပ်တွေကို ထိခိုက်သွားစေနိုင်တယ်ဆိုပါတယ်။ ဂျပန်နိုင်ငံက ဝန်ဆောင်မှုတိကျတဲ့ ရထားလိုင်းတွေကြောင့် ဘာလို့နာမည်ကြီးနေရလဲဆိုတာ ဒီအဖြစ်အပျက်က သက်သေပြလိုက်တာပါပဲ။

ဂျပန်နိုင်ငံဟာ ဒီလိုမျိုး ခရီးသွားပြည်သူတွေကို အလေးထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မနှစ်တုန်းကလည်း တိုကျိုနဲ့ Tsukuba ပြေးဆွဲတဲ့ ရထားဟာ သတ်မှတ်ချိန်ထက် စက္ကန့်(၂၀) စောထွက်ခဲ့မိလို့ ပြည်သူတွေကို ပြန်လည်တောင်းပန်တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးပါသေးတယ်။

White (Shwemom)

Ref: Lad Bible

SHARE