Netflix Star ဂျပန် နပန်းမယ် Hana Kimura အသက် (၂၂)နှစ်မှာ ကွယ်လွန်

Image:IG/Hana Kimura

ဂျပန် နပန်း အားကစားမယ် Hana Kimura ကတော့ အသက် (၂၂)နှစ်အရွယ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။ သူမက တော့  Netflix  ရဲ့ reality show Terrace House ရဲ့ နောက်ဆုံး စီးရီးမှာ ပါဝင် ခဲ့ဖူးပါတယ်။Hana Kimura ရဲ့ အဖွဲ့ အစည်း ဖြစ်တဲ့ Stardom Wrestling ကတော့ ကွယ်လွန် သွားပြီ ဆိုတဲ့ သတင်း ကို တွစ်တာ စာမျက်နှာ ပေါ်မှာ ပြီးခဲ့တဲ့ စ နေ နေ့ ( မေလ  ၂၃) ရက်နေ့က တင်ခဲ့ပါတယ်။Fan တွေ ကိုလည်း သေဆုံးသူ အပေါ် လေးစားမှု ရှိ ပေးဖို့ တောင်း ဆို ခဲ့ပါတယ်။သေဆုံး ရတဲ့ အ ကြောင်းအရင်းကို အားလုံးက သိချင် နေ ပေမယ့်လည်း ဘာ ကြောင့် သေဆုံးရလဲ ဆိုတာကို တော့ ရှင်း ရှင်း လင်းလင်း ထုတ် မ ပြောပဲ ထိမ်ချန် ထားခဲ့ေ ကြာင်း BBC မှာ ဖော်ပြ ထားပါတယ်။

 

View this post on Instagram

 

りょかん #STARDOM

A post shared by 木村花(HANA) (@hanadayo0903) on

နေအိမ်မှာ သေဆုံး နေတာကို တွေ့ ခဲ့တာ လို့ အွန်လိုင်းသတင်း တစ်ခု မှာတော့ ဖော်ပြခဲ့ပါတယ်။သူမ မ သေဆုံး ခင်တုန်းကCyber Bullying လုပ် ခံ ခဲ့ရ ပါ သေးတယ်။ မ သေဆုံးခင် တစ်ရက် အလို မေ (၂၂)၊ သော ကြာ နေ့ က တင် ခဲ့တဲ့ သူမရဲ့ IG Story မှာ တော့ သူမရဲ့ ကြောင် လေးနဲ့ အတူ ရိုက်ထားတဲ့ ပုံကို တင်ထားပြီး “goodbye” လို့ လည်း Caption ရေး ထားခဲ့ ပါတယ်။တစ်ချို့က တော့ သေဆုံးမှုဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင် တာများ ဖြစ် နေ မလား ဆိုပြီး တော့လည်း သံသယ ၀င် နေကြပါတယ်။

READ
ဂျနီဖာလိုပက်ဇ်နဲ့တူလို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ ကာယဗလမယ်အမျိုးသမီး
Image:IG/Hana Kimura

သူမ ကတော့ Stardom’s 2019 Fighting Spirit Award ရဲ့ Winner တစ်ယောက်ပါ။ Terrace House ဆိုတဲ့  ဂျပန် reality TV show  မှာလည်း ပါဝင် ခဲ့ဖူးပါတယ်။ဒီ Show ကို တော့ ကိုရိုနာဗိုင်းရပ် ကြောင့် ရပ်ဆိုင်း ခဲ့ရပါတယ်။Terrace House မှာ တော့ အမျိုးသား (၃)ယောက်နဲ့ အမျိုးသမီး (၃) ယောက်တို့ ကို အိမ် တစ်အိမ် ထဲမှာ ယာယီ အတူ တကွ နေထိုင် စေပြီး အဲ့ဒီ အဖြစ် အပျက် တွေကို reality TV show အ နေနဲ့ ရိုက်ပြ ထားတာပါ။

 

View this post on Instagram

 

🌸🐩🌸 #クリーミィマミ #ギャル #tokyo #shibuya

A post shared by 木村花(HANA) (@hanadayo0903) on

Hana Kimura ရဲ့ မိခင် က လည်း နာမည်ကြီးတဲ့ နပန်းမယ် Kyoko Kimura ပါ။ Stardom က  နေ ကြေညာ တဲ့ Hana Kimura ရဲ့ ကွယ်လွန် ကြောင်း  တွစ်တာ Post မှာ တော့..ကျေးဇူးပြုပြီး သူတပါး အပေါ် လေးစား တဲံ  အနေနဲ့ ကိုယ့်ရဲ့ စိတ်ထဲက အတွေးတွေကို သိမ်းထားေ ပးပါ ဆိုပြီး ပြောခဲ့ပါတယ်။သတ် သေ တယ် ဆိုတဲ့ စကား လုံး တွေ  ထပ်ပြီး ထွက်လာ တာမျိုး မလုပ်ဖို့  ရည်ရွယ် ပြောပုံရပါတယ်။Hana Kimura  မ သေဆုံး ခင် တဲ့ တင်တဲ့ Post တွေ မှာတော့ လူသားတစ်ယောက် မဖြစ် ချင် တော့ဘူး။ကျမ ချစ်ခဲ့ဖူးတဲ့ ဘ၀ တစ်ခု ရှိဖူးတယ်။ အား လုံးကို ကျေးဇူးတင်ပါတယ်။Bye ဆိုတဲ့ အေ ရး အသားတွေေ ကြာင့် အားလုံးက သူ မ အတွက် စိတ် ပူ ခဲ့ ကြ ပါတယ်။ေ နာက်တစ်ရက် မှာ တော့ သူမ  သေဆုံးပြီဆိုတဲ့ သတင်း ထွက်ပေါ် ခဲ့ပါတယ်။

READ
တာ့ခ်မင်နစ္စတန်သမ္မတဆီက ခွေးတစ်ကောင်လက်ဆောင် ရခဲ့တဲ့ ရုရှသမ္မတပူတင်

Kimura မဆုံးခင်တုန်းကလည်း သူမ ဟာ Fan တွေ နဲ့ ဝေဖန် သူ တွေ   ရေးတဲ့ Tweet ရာ ပေါင်း များစွာ ပစ်မှတ် ဖြစ် နေတယ် ဆိုပြီး ပြော ခဲ့ဖူး ပါတယ်။ သတင်းတစ်ခုမှာ တော့  Cyber Bullying   လုပ်ခံရတဲ့ ကိစ္စ တွေ ဟာ သူမရဲ့ စိတ်ကျန်းမာ ရေး အ ပေါ် ထိခိုက်မှု ရှိ စေတယ်လို့ ဖော်ပြ ခဲ့ပါတယ်။ဆိုရှယ်မီဒီယာ တွေ ပေါ်မှာတော့ သူမကို ချစ်ခင်တဲ့ မိတ် ဆွေ အပေါင်း အသင်း တွေနဲ့ Fan တွေ က Kimura အတွက် ၀မ်း နည်း ကြေ ကွဲ ကြောင်း Post တွေ အများကြီး တင်ထားပါတယ်။

 

View this post on Instagram

 

💭♥️

A post shared by 木村花(HANA) (@hanadayo0903) on

#SHWEMOM

SHARE