ရင်သားပေါ်မှာ ကြော်ငြာကပ်ပြီးပစ္စည်းတွေကြော်ငြာပေးနေတဲ့ ဂျပန်က စားဖိုမှူး YouTuber

YouTube- Kuma Cooking

YouTuber တွေ၊ blogger တွေ၊ influencer တွေဆိုတာစာ social media platform တွေနဲ့ သူတို့ရဲ့ ရာနဲ့ထောင်နဲ့ချီနေတဲ့ follower တွေကို အရင်းတည်ရင်း ကြော်ငြာတွေကနေတစ်ဆင့် အဓိကဝင်ငွေရကြတာပါ။ ဒါကြောင့် အဓိကကြော်ငြာကြည့်ဖို့ view တွေ၊ follower တွေများရမယ်ပေါ့။

ဒီလိုလူကြည့်ဖို့ဆိုတာလည်း ကိုယ့်ရဲ့ content video တွေ၊ post တွေ၊ ပုံတွေဟာ တခြားလူတွေနဲ့မတူဘဲ တစ်ခုခုတော့ ထူးခြားနေရမှာပဲလေ။ လူကြည့်ချင်စိတ်ဖြစ်အောင်လုပ်ရမှာဖြစ်တဲ့အတွက် တချို့လူတွေကတော့ ဟာသလုပ်ပြတာမျိုး၊ ဒါမှမဟုတ် review လုပ်ပြတာမျိုးတွေ စသဖြင့်အမျိုးမျိုးလုပ်လေ့ရှိကြတဲ့အပြင်ကိုမှ တချို့ကျပြန်တော့လည်း ရုပ်ရည် ဒါမှမဟုတ် ပြေပြစ်တဲ့ခန္ဓာကိုယ်အချိုးအစားတွေကို လှစ်ဟစ်ပြတာမျိုးတွေ လုပ်ပြီး content တွေဖန်တီးလေ့ရှိကြပါတယ်။

YouTube- Kuma Cooking

ဥပမာ ဒီ YouTuber ကောင်မလေးလိုပေါ့။ သူမရဲ့ YouTube channel ကတော့ Kuma Cooking ပါ။ Channel ပေါ်မှာ အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ပြပြီး စားပြတဲ့အတွက်ကြောင့် သူမကို YouTube chef တစ်ယောက်လို့လည်း ပြောလို့ရမှာပါ။ သူမချက်ပြတဲ့ဟင်းတွေကလည်း ထူးထူးဆန်းဆန်းမဟုတ်ပေမယ့် လူတွေစိတ်ဝင်စားနေခဲ့ကြတာ ဘာကြောင့်များပါလိမ့်။

READ
ဘယ်ကား အရင်သွားမလဲဆုံးဖြတ်ဖို့ ကားမောင်းရင်း စုံစံစိဆော့ခဲ့ကြသူများ

အဓိကကတော့ သူမရဲ့ ထူးခြားလှတဲ့ ဗီဒီယိုရိုက်နည်းကြောင့်ပါ။ ဗီဒီယိုတိုင်းမှာ သူမရဲ့မျက်နှာကို လုံးဝမြင်တွေ့ရမှာမဟုတ်ပါဘူး။ အဓိကမြင်တွေ့ရမှာကတော့ သူမရဲ့ရင်သားကိုပါ။ နောက်ထပ်ထူးခြားတာတစ်ခုကတော့ ရင်သားမှာ ကြောငြာစာတွေကပ်ပြီးတော့ကို ကြော်ငြာနေတာပဲဖြစ်ပါတယ်။ တီရှပ်လေးကလည်း အဖြူ၊ အကြပ်ကိုမှ အပါးသားဖြစ်တဲ့အတွက် ပုရိသတွေအတွက်တော့ တကယ့်ကိုအာရုံစိုက်စရာ YouTube Channel တစ်ခုဖြစ်လာခဲ့တာပါပဲ။

YouTube- Kuma Cooking
YouTube- Kuma Cooking

Kuma Cooking ဟာ YouTube ပေါ်ရောက်တာ နည်းနည်းကြာနေပြီဖြစ်ပေမယ့်လို့ Twitter ပေါ်မှာ အခုမှ နာမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ်။ Sora News 24 မှာရေးထားသလောက်ကတော့ ဒီ YouTuber ဟာ တကယ့်လက်တွေ့မှာ သူမဘယ်သူဖြစ်တယ်ဆိုတာကိုတော့ မသိတဲ့သူအားလုံးနီးပါးပါပဲတဲ့။ ဒါပေမဲ့ သူမအနေနဲ့ မနက်ပိုင်းကျရင် သာမန်ရုံးဝန်ထမ်းအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေပြီး ညဖက် သူမညစာစားတဲ့အချိန်တွေမှာ အခုလို ဗီဒီယိုတွေကိုပါ ချက်ပြုတ်ရင်း တစ်ခါတည်းရိုက်ကာ တင်လေ့ရှိပါတယ်တဲ့။

တခြားလူတွေလို ပါးစပ်ကပြောပြီး ကြော်ငြာပေးတာတွေ၊ ကုန်ပစ္စည်းကို သုံးပြ စားပြတာမျိုးတွေ၊ ဗီဒီယိုထဲ ကြောငြာဗီဒီယိုထည့်တာမျိုးတွေ လုပ်လေ့မရှိဘဲ သူမကတော့ တီရှပ်ရဲ့ ရင်သားနေရာမှာကြော်ငြာစာကပ်ပြီး ကြော်ငြာတဲ့ စိတ်ကူးလေးကတော့ တော်တော်လေးကောင်းတယ်လို့ ချီးမွမ်းချင်ပါတယ်။

READ
လေယာဉ်ကြောက်တဲ့စိတ်ကို ဆေးသုံးပြီးဖျောက်ဖို့ကြိုးစားခဲ့သူ ဒုက္ခရောက်

Penny

SHARE