ဂျပန် YouTuber တစ်ဦး တီထွင်ထားတဲ့ အသဲကွဲမှ မီးလင်းမယ့် စမတ်မီးသီး

twitter/togenkyoo

ဂျပန်နိုင်ငံမှ YouTuber တစ်ဦးဖြစ်သူ မာရီနာဖူဂျီဝါရာဟာ “breakup light” လို့ အမည်ပေးထားတဲ့ စမတ်မီးသီး တီထွင်ခဲ့တယ်လို့ asiaone သတင်းဌာနအရ သိရပါတယ်။ ၄င်း LED စမတ်မီးသီးဟာ တကယ်လို့ တစ်စုံတစ်ယောက်က တွစ်တာပေါ်မှာ “I broke up” လို့ရေးလိုက်တာနဲ့ မီးလင်းလာမှာ ဖြစ်ပါတယ်။ မာရီနာဟာ သူမရဲ့ တီထွင်မှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၆) ရက်နေ့ကပဲ တွစ်တာပေါ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။

မာရီနာက သူမဟာ ခရစ္စမတ်ကို မနှစ်သက်ကြောင်းနဲ့ အတွဲတွေတွေ့ရင် ကြည့်မရဘူးလို့ ဆိုပါတယ်။ မာရီနာဟာ ဒီနှစ်ခရစ္စမတ်ကိုတော့ အတွဲမရှိပဲ ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် သူမကိုယ်သူမ လက်ဆောင်ပေးတဲ့အနေနဲ့ ဒီစမတ်မီးသီးလေးကို တီထွင်ခဲ့တာပါ။

READ
စူပါဟီိရိုးတွေကို အိမ်အလုပ်တွေခိုင်းနေတုန်း ဓာတ်ပုံမှတ်တမ်း တင်ထားတဲ့အမျိုးသား
twitter/togenkyoo

မီးသီးထဲမှာတော့ တွစ်တာပေါ်က I broke up ဆိုတဲ့ စာသားကို detect လုပ်နိုင်တဲ့ ပရိုဂရမ်ထည့်သွင်းထားပါတယ်။ မာရီနာဟာ Philips Hue စမတ်မီးသီးကို အသုံးပြုကာ သူမ စိတ်ကူးထားတဲ့ မီးသီးပုံစံအတိုင်း ရအောင်တပ်ဆင်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က I broke up ဆိုပြီး ရေးထားတဲ့ စာသားကို detect မိနေသရွေ့မီးသီးဟာ သူ့အလိုအလျောက် မီးလင်းနေမှာ ဖြစ်ပါတယ်။ မာရီနာရဲ့ ဒီဗီဒီယိုဖိုင်လေးဟာ အကြိမ်ပေါင်း (၅၂၄,၀၀၀) ကျော် ကြည့်ရှုခံခဲ့ရပါတယ်။

 

အွန်လိုင်းပေါ်က ဂျပန်လူမျိုးတွေကတော့ မာရီနာရဲ့ တီထွင်စွမ်းရည်ကို ချီးကျူးခဲ့ကြပြီး လူတော်တော်များများက စမတ်မီးသီးကို စမ်းအသုံးပြုချင်နေကြပါတယ်။ မာရီနာဟာ အသည်းကွဲမီးသီးအပြင် နံချပ်ကူသာမိုမီတာနဲ့ မျက်နှာကို ပိုက်ဆံတွေနဲ့ တဖျပ်ဖျပ်ရိုက်ပေးတဲ့ စက်တွေလည်း တီထွင်ခဲ့တယ်လို့ သိရပါသေးတယ်။

READ
ပင်လယ်ဆားငံရေကို သောက်သုံးရေအဖြစ်ပြောင်းလဲပေးမယ့် ကင်ညာက နည်းပညာ
twitter/togenkyoo
twitter/togenkyoo

လင်းလင်း (ShweMom)

SHARE