အဖိုးနဲ့ ပူးပေါင်းပြီး အဖွားဖြစ်သူကို ပေါက်ပေါက်ရှာရှာနည်းနဲ့ စနောက်ခဲ့သူရဲ့ဗီဒီယို

SUSHI RAMEN【Riku】/ YouTube, @sushi_riku/Instagram

အဖိုးအဖွားတွနဲ့အနေနီးသူတွေဆိုရင် ဒီလိုမျိုး စလိုက်နောက်လိုက်၊ အဖိုးအဖွားတို့က ဆူလိုက်ငေါက်လိုက်၊ ရယ်မောလိုက်နဲ့ခံစားချက်ကို ကောင်းကောင်းကြီးသိမှာပါနော်။ ဂျပန်က YouTuber ကောင်လေး Riku ကတော့ အသက်ကြီးနေပြီဖြစ်တဲ့အဖွားကို ပေါက်ပေါက်ရှာရှာခက်ခက်ခဲခဲစနောက်ခဲ့တဲ့ ဗီဒီယိုကို သူ့ရဲ့ YouTube Channel SUSHI RAMEN【Riku】မှာ တင်ထားခဲ့တာပါ။

တစ်ကိုယ်လုံးအဖြူရောင်ဝတ်စုံဝတ်၊ မျက်နှာကိုလည်း အဖြူရောင်ဆေးခြယ်ပြီး အဖိုးနဲ့အဖွားနေနေတဲ့အိမ်ကိုသွားပြီး မျက်နှာကျက်မှာ ကြိုးတွေ၊ တိတ်တွေနဲ့ ဒီလိုပဲ ကပ်နေခဲ့ပါတယ်။ အဖိုးနဲ့ပေါင်းကြံကြတာဖြစ်ပြီး Riku ရဲ့ အဖွားကတော့ အဲဒီအချိန်ဈေးသွားဝယ်နေလို့ အိမ်မှာရှိမနေခဲ့ပါဘူး။ ဒါနဲ့မြေးအဖိုးနှစ်ယောက် ဇာတ်တိုက်ထားခဲ့ပြီး Riku ရဲ့ အဖိုးကတော့ အေးအေးဆေးဆေး YouTube ထိုင်ကြည့်နေခဲ့ပါတယ်။ တအောင့်အကြာမှာတော့ အဖွားပြန်ရောက်လာခဲ့ပါပြီ။ ဒါပေမဲ့ မျက်နှာကျက်ပေါ်က Riku ကိုတော့ သတိမထားမိသေးပါဘူး။

SUSHI RAMEN【Riku】/ YouTube

သူ့ဟာသူလုပ်စရာရှိတာလုပ်ပြီး အချိန်ကုန်နေခဲ့တာ ၁၀ မိနစ်တောင်ရှိသွားခဲ့ပါပြီ။ Riku ရဲ့ အဖိုးက Riku ကို သတိထားမိအောင် အမျိုးမျိုးကူညီနေခဲ့ပေမယ့်လည်း အရာမရောက်ခဲ့ဘဲ နောက်ထပ် ၁ နာရီနီးနီးကြာသွားခဲ့ပါတော့တယ်။ ခေါင်းတွေ၊ လည်ပင်းတွေလည်း တော်တော်လေးနာနေပြီဖြစ်တဲ့ Riku တစ်ယောက် ဒီတိုင်းနေရင်တော့ မဖြစ်တော့ဘူးဆိုပြီး အဖွားတစ်ယောက်တည်းအခန်းထဲမှာရှိနေတုန်း မျက်နှာကျက်ပေါ်ကနေ လေသံတိုးတိုးလေးပေးလိုက်ပါတယ်။ အဲဒီတော့ကျမှ Riku ရဲ့ အဖွားဟာ အပေါ်မေ့ကာကြည့်လိုက်တဲ့အခါမှာတော့.. ဘာဆက်ဖြစ်သွားသလဲဆိုတာ သိချင်ရင်တော့ ဒီဗီဒီယိုလေးကို ကြည့်လိုက်ပါနော်။

READ
လေပေါ်မှာပျံဝဲနေတဲ့ ဆံပင်တွေနဲ့ အရမ်းလန်းနေတဲ့သမ္မတကြီး Donald Trump

Shushi Ramen Riku ရဲ့ နာမည်အရင်းကတော့ Riku Horiuchi ဖြစ်ပြီး ၁၉၉၉ ခုနှစ် ဖွားလေးမလို့ အသက် ၂၀ သာရှိပါသေးတယ်။ ဂျပန်မှာတော့ YouTuber တစ်ယောက်အဖြစ် ကျော်ကြားပြီး subscribers ပေါင်း ၄.၂ သန်းကျော်တောင်ရှိလို့နေပါပြီ။

@sushi_riku/Instagram

Penny

SHARE