ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံး ပစ္စည်းပို့သူလို့ ဝေဖန်နေကြတဲ့ ဗီဒီယိုတစ်ခု

Twitter

ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဖောက်သည်တွေကို ၀န်ဆောင်မှုပေးတဲ့နေရာမှာ အကောင်းဆုံး ဆိုပြီးတော့တောင် ဒီဖက်နှစ်တွေမှာ နာမည်ကြီးနေခဲ့တာပါ။ အထူးသဖြင့် တိုကျိုမြို့ထဲက စီးပွားရေးလုပ်ငန်းရှင်တွေဟာ စားသုံးသူတွေရဲ့ စိတ်ကျေနပ်မှုကို ပိုပြီး အာရုံစိုက်တတ်ကြလို့ ဂျပန်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပိုလို့ လူသိများလာခဲ့တာလို့ ပြောရပါမယ်။

ဒါပေမယ့်လည်း တွစ်တာပေါ်မှာ အမှတ်မထင် တွေ့လိုက်ရတဲ့ ဗီဒီယို တစ်ခုမှာတော့ Amazon အွန်လိုင်းစတိုးရဲ့ ပစ္စည်းပို့သူ တစ်ဦးဟာ မှာယူထားတဲ့ ပစ္စည်းကို ဖြစ်သလို ပို့ပေးခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Twitter

Amazon ရဲ့ ပစ္စည်းပို့သူ တစ်ဦးဟာ တိုကျိုမြို့တစ်နေရာမှာ သူပို့ရမယ့် ပစ္စည်းကို ကားအတွင်းကနေ ဆွဲထုတ်လိုက်ပြီးတဲ့နောက် အိမ်ထဲကို လှမ်းပြီး ပစ်လိုက်တာပါ။

READ
သေကြောင်းကြံစည်မှုကို Facebookမှာ Liveလွှင့်ခဲ့တဲ့၁၂နှစ်အရွယ်ကောင်မလေး

သူ့ရဲ့လုပ်ရပ်က ၀ယ်ယူထားတဲ့သူကို လေးစားမှု မရှိဘူးလို့ ပြောရမှာဖြစ်ပြီး အထဲမှာ ကွဲစရာ ပစ္စည်း တစ်ခုခုသာ ပါရင်မတွေးရဲစရာပါ။

ဒီ ဗီဒီယို က ကားတစ်စီးရဲ့  ဒက်ရှ်ဘုတ် ကင်မရာကနေ ရိုက်ကူးထားခဲ့တာဖြစ်ပြီး ကားမောင်းသွားရင်း လမ်းမှာ မတော်တဆ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပါ။ အပြာရောင်ဂျက်ကက်နဲ့ ဆံပင်အရောင်ဆိုးထားတဲ့ ပစ္စည်းပို့သူဟာ ကားအတွင်းက ပစ္စည်းထည့်ထားတဲ့ ဗူးကို ဆွဲထုတ်လိုက်ပြီး လမ်းတစ်ဖက်က အိမ်ထဲကို ပစ်ထည့်လိုက်တဲ့ အဖြစ်အပျက်အားလုံး တစ်ခါတည်း ပါသွားခဲ့ပါတယ်။

Twitter

ပစ္စည်းပို့သူက ဘယ်သူမှ မရှိဘူးအထင်နဲ့ ဖြစ်သလို လုပ်လိုက်တာ ဖြစ်ပေမယ့် ကံဆိုးစွာနဲ့ပဲ ကင်မရာကနေ ရိုက်ကူးမိသွားခဲ့တာပါ။

ဂျပန်နိုင်ငံမှာတော့ ဒီ ပစ္စည်းပို့သူရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်နေကြပြီး ကြည့်ရှုသူ သန်းချီပြီး ရှိခဲ့တဲ့ ဗီဒီယို တစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။

Linn

SHARE