ကန္တာရထဲမှာ တရားထိုင်ရင်း ကမ္ဘာကြီးနဲ့(၁၂) ရက်ကြာ အဆက်အသွယ်ပြတ်ခဲ့သူ

[email protected] Lato

Joker မင်းသားတစ်ဦးဖြစ်တဲ့ Jared Leto ကိုတော့ လူတော်တော်များများသိကြမှာပါ။ တစ်ခြားမင်းသားတွေနဲ့ မတူ အမြဲတစ်မူ ကွဲထွက်နေတဲ့ Jared Leto ဟာ လက်ရှိမှာတော့ ကမ္ဘာလောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတာ ၁၂ ရက်နီးပါးရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Jared ဟာ တစ်ယောက်တည်း ကန္တာရထဲမှာ တရားထိုင်နေလို့ပဲ ဖြစ်ပါတယ်။

Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင်တော့ Jared ဟာ မတ်လ ၁၇ ရက်နေ့က တရားထိုင်လို့ ပြီးသွားပြီပဲ ဖြစ်ကြောင်း သိရပါတယ်။ ဒီလို တရားထိုင်ရာက ပြန်လာတဲ့အချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ Covid 19 ကူးစက်ဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့ သတင်းတွေကြောင့် တော်တော်ထိတ်လန့်ခဲ့ရပါတယ်။ ဒီဗိုင်းရပ်ဟာ နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့အကြောင်းတွေ၊ WHO ကနေ ကပ်ရောဂါအဖစြ် ကြေညာလိုက်တဲ့ သတင်းတွေ အစရှိတဲ့ အကြောင်းအရာတွေကို Jared ဟာ တစ်ပြိုင်နက် သိလိုက်ရတဲ့အချိန်မှာတော့ တော်တော်အံ့သြသင့်ရကြောင်း သူ့ရဲ့ Twitter အကောင့်မှ တစ်ဆင့် ပို့စ်တင်ခဲ့ပါတယ်။

READ
သူမသဘောကျတဲ့ Idol နဲ့ အတူ ရိုက်ကွင်းတစ်ခုမှာ ဆုံခဲ့တဲ့ နန်းစန္ဒာလှထွန်း
[email protected] Leto

“ ဒီလိုတွေဖြစ်နေတာ ကျွန်တော်သိသိချင်းတော်တော်ရှော့ခ်ရသွားတယ်။ ဒီ ၁၂ ရက်လေးမှာ ဖြစ်ပျက်သွားတာတွေ တော်တော်များတယ်ဗျ။ Tom Hanks နဲ့ သူ့ဇနီး Rita Wilson တို့အတွဲနဲ့ Idris Elba တို့ အကြောင်းလဲ ကြားတယ်ဗျ။ တကယ်ကို စိတ်မကောင်းပါဘူး။ သူတို့တွေ အမြန်ဆုံး သက်သာပါစေလို့ မျှော်လင်ါမိပါတယ်။ ဒီ ၁၂ ရက်လုံးကို ကျွန်တော်တစ်ယောက်ထဲ ကန္တာရထဲမှာ နေခဲ့တာ။ မိဘ၊ဆွေမျိုး၊ အပေါင်းအသင်းတစ်ယောက်နဲ့မှ အဆက်အသွယ်မရှိပါဘူး” လို့ Jared Lato က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE