ဂန္တဝင်မြောက် မင်းသား(၃)လက်ကို အတူတကွ တွဲမြင်ရတော့မယ့် ရုပ်ရှင်ကားသစ် “Dream”

Instagram- Denzel Washington, Rami Malek, Jared Leto

People မဂ္ဂဇင်းရဲ့ဆောင်းပါးတစ်ပုဒ်အရ နာမည်ကြီးမင်းသား ၃ လက်ပါဝင်တဲ့ ရုပ်ရှင်ကားတစ်ကားဟာ ရိုက်ကူးရေးလုပ်ငန်းတွေ စတင်နေပါပြီတဲ့။ 

ရုပ်ရှင်ဟာ psychological thriller အမျိုးအစားပါ။ စိတ္တဇလူသတ်သမားတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ Kern County က အရာရှိ Joe Deke Deacon နဲ့ sergeant ဖြစ်တဲ့ Jim Baxter တို့နှစ်ယောက် လော့စ်အိန်ဂျလိစ့်မှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ လူသတ်မှုတွေကို စုံစမ်းတဲ့အမှုသွားပုံစံကို ရိုက်ကူးထားပါတယ်။ 

အရာရှိနှစ်ယောက်နေရာမှာတော့ ဝါရင့်မင်းသားကြီး Denzel Washington နဲ့ Bohemian Rhapsody ရိုက်ပြီး အော်စကာရသွားတဲ့ မင်းသား Rami Malek တို့က သရုပ်ဆောင်ထားပြီးတော့ လူသတ်သမားနေရာမှာတော့ Suicide Squad ထဲ Joker အဖြစ်ပါဝင်ခဲ့တဲ့ မင်းသား Jared Leto က ပါဝင်သွားမှာပါတဲ့။

 

View this post on Instagram

 

A post shared by Rami Malek (@ramimalekfam)

ရုပ်ရှင်ကတော့ အခုအချိန်မှာ production အဆင့်ရောက်နပြီဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ HBO Max မှ ပြသသွားမှာပါတဲ့။

သူကိုယ်တိုင်လည်း အော်စကာဆုရှင်တစ်ဦးဖြစ်တဲ့ Jared Leto ကတော့ အော်စကာဆုရှင်နှစ်ယောက်နဲ့ အလုပ်အတူတူ တွဲလုပ်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူနေပြီးတော့ ဒီ “Dream” ဆိုတဲ့ ရုပ်ရှင်ဟာလည်း တကယ့်ကို ဂန္တဝင်မြောက် သည်းထိတ်ရင်ဖိုဆန်နေတာကြောင့် ကြည့်သင့်ပါတယ်လို့လည်း ညွှန်းပေးသွားပါသေးတယ်။

 

View this post on Instagram

 

A post shared by JARED LETO (@jaredleto)

penny

SHARE