ကိုယ်ဖွင့်ထားတဲ့ဘားမှာပဲအဖမ်းခံလိုက်ခဲ့ရတဲ့ Supernatural မင်းသား Jared Padalecki

Supernatural

Supernatural ဇာတ်လမ်းတွဲဟာ ရုပ်ရှင်ချစ်ပရိတ်သတ်တွေကြားထဲ တော်တော်လေးကို ခေတ်စားနေတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ပါဝင်ထားတဲ့ မင်းသားနှစ်လက် Jensen Ackles နဲ့ Jared Padalecki တို့ Winchester ညီအစ်ကိုနှစ်ယောက်ကြောင့်လည်းကောင်း၊ စိတ်ဝင်စားဖို့ကောင်းလှတဲ့ သဘာဝလွန်အကြောင်းအရာတွေကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထားတာကြောင့်လည်းကောင်း ကမ္ဘာအနှံ့က ပရိတ်သတ်တွေရဲ့ အားပေးခြင်းကိုခံခဲ့ကြရတာပါ။

Supernatural

အဲဒီအထဲက Sam အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Jared Padalecki ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ The Wrap ရဲ့ဖော်ပြချက်အရ Jared Padalecki ဟာ အောက်တိုဘာလ ၂၈ ရက်နေ့တုန်းက တက္ကဆက်မှာ အဖမ်းခံခဲ့ရပါတယ်တဲ့။ ဖြစ်ပုံကတော့ဒီလိုပါ။

Jared Padalecki ဟာ တက္ကဆက်က  အော်စတင်မှာ ကိုယ်ပိုင်ဘားဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ “Stereo-type” ဆိုတဲ့ နာမည်နဲ့ပါ။ အခင်းဖြစ်ပွားခဲ့တဲ့နေ့က အော်စတင်ရဲဌာနကို Stereotype ဘားဆိုင်မှ ညဥ့်နက်သန်းခေါင်ကြီးဖုန်းဆက်လာခဲ့ပါသတဲ့။ ဒါနဲ့ရဲတွေဟာ မနက် ၂ နာရီမှာ Stereotype ကို ရောက်သွားခဲ့ပါတော့တယ်။ ဘားကိုရောက်သွားတဲ့အချိန်ကျတော့ Jared Padalecki အနားမှာ လူတွေစုပြုံပြီးရှိနေကာ ရုတ်ရုတ်သဲသဲအခြေအနေမျိုးက အရာရှိတွေကို စီးကြိုလို့နေနေခဲ့ပါတော့တယ်။

READ
ငေးကြည့်မိသူတိုင်း ရင်ခုန်သွားစေမယ့် အမိုက်စားအလှကို ထုတ်ပြလိုက်တဲ့ ခင်သဇင်
Austin Police Department

ဖြစ်ပုံကတော့ Jared Padalecki ဟာ ဆိုင်ကဝန်ထမ်းတွေနဲ့ အချင်းများခဲ့တာပါတဲ့။ အစကတော့ စကားနဲ့ပဲ အချဉ်းများခဲ့ကြတဲ့အတွက်ကြောင့် ဝန်ထမ်းတွေက ဆိုင်ဖွင့်ချိန်လည်းဖြစ်နေတဲ့အတွက် Jared Padalecki ကို အိမ်ပြန်ဖို့ပြောကာ ဆိုင်ပြင်ကိုလိုက်ပို့ခဲ့ပါတယ်။ ဒါကို Jared Padalecki ဟာ ဝန်ထမ်းတွေကသူ့ကို သူ့ဆိုင်ကနေနှင်ထုတ်တယ်ဆိုတာ ဒေါသထွက်ပြီး စကားအခြေအတေင်ဖြစ်ခဲ့ကြပြီးနောက် လိုက်ပို့တဲ့ ဝန်ထမ်းနှစ်ယောက်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးပစ်ခဲ့ပါတယ်တဲ့။ နောက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာကြောင့် ဆိုင်မန်နေဂျာမှ ရဲကိုအကြောင်းကြားခဲ့တာပါ။ ဝန်ထမ်းနှစ်ယောက်ဟာလည်း ရိုးရိုးမဟုတ်ဘဲ မန်နေဂျာနဲ့ လက်ထောက်မန်နေဂျာနှစ်ဦးပါ။ Jared Padalecki ရဲ့ လက်ချက်ကြောင့် တစ်ယောက်ကတော့ မျက်ခုံးကွဲသွားခဲ့ပါတယ်တဲ့လေ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတွေစုံစမ်းစစ်နေတုန်း Jared Padalecki ကတော့ ထောင့်တစ်နေရာမှာ တွေတွေကြီးရပ်ကြည့်နေခဲပြီးနောက် ရုတ်တရက် အက်ကွဲကွဲအသံကြီးနဲ့ တဟားဟားရယ်နေခဲ့တာပါတဲ့။ ရဲတွေစကားပြောတော့လည်း ပြန်မပြောခဲ့ပါဘူး။ ခဏအကြာမှာတော့ ရဲကားရှေ့ဖုံးပေါ်ကို ဝုန်းခနဲတက်ထိုင်ခဲ့ပါသေးတယ်။ အရာရှိတစ်ယောက်မှ Jared Padalecki အနားသို့ စကားပြောဖို့ ကပ်သွားခဲ့တဲ့အခါမှာတော့ Jared Padalecki ဟာ ထိုင်နေရာမှ ကားပေါ်မှာပဲ မတ်တပ်ထရပ်လိုက်ပြီး ကပ်လာတဲ့အရာရှိကို ကိုယ်ထိလက်ရောက်တုန့်ပြန်ခဲ့တာကြောင့်မလို့ အင်အားသုံးပြီး လက်ထိပ်ခတ်ဖမ်းခဲ့ရပါတယ်တဲ့လေ။

READ
မိခင်တစ်ယောက်ဖြစ်ဖို့ ရက်ပိုင်းသာလိုတော့တဲ့ မြတ်ရတနာကျော်

အာမခံအတွက် ဒေါ်လာ ၅ ထောင်ကျသင့်မှာဖြစ်ပြီး Jared Padalecki အနေနဲ့ အခုအချိန်မှာ Walker, Texas Ranger ဆိုတဲ့ ဇာတ်ကားကိုလည်း ပြန်လည်ရိုက်ကူးနေတဲ့အချိန်ပဲဖြစ်ပါတယ်။

Penny

SHARE