ဆိုရှယ်မီဒီယာမှာ အငြင်းပွားနေကြတဲ့ ဂျက်ဆွန် ဒရူလို ရဲ့ အတုအစစ်ပြဿနာ

Instagram

အမေရိကန်နိုင်ငံတွင်းက နာမည်ကြီး အဆိုတော်တစ်ယောက်လည်းဖြစ်၊ တေးရေးဆရာ၊ အကသမား တစ်ယောက်လည်းဖြစ်တဲ့ ဂျက်ဆွန် ဒရူလို တစ်ယောက်ကတော့ အင်စတာဂရမ်မှာ တင်မိတဲ့ ဓာတ်ပုံတစ်ပုံကြောင့် ပြဿနာတွေ တက်နေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၂)ရက်နေ့က ဘာလီကျွန်းကို ရောက်နေတုန်း ဂျက်ဆွန် က ဓာတ်ပုံတစ်ပုံ တင်လိုက်တာဖြစ်ပြီး ရေကန်ဘောင်ပေါ်မှာ မတ်တပ်ရပ်နေတဲ့ ဓာတ်ပုံဟာ ပြောစရာတွေအများကြီး ဖြစ်သွားခဲ့ပါတယ်။

 

 

View this post on Instagram

 

Good Mornin’ 💦

A post shared by Jason Derulo (@jasonderulo) on

အဲဒီပုံထဲမှာ သူက အတွင်းခံ ဘောင်းဘီတစ်ထည်ကိုပဲ ၀တ်ထားခဲ့ပြီး အဲဒီမှာ မြင်နေရတဲ့ ပုံက တကယ့်ကို မဖွယ်မရာ ဖြစ်နေခဲ့တာပါ။

(သူ့ရဲ့ပရိသတ်တွေပြောသလိုပြောရမယ်ဆိုရင်) ဂျက်ဆွန်ဒရူလို ရဲ့ “Anaconda” ကြီးဟာ ပုံမှန်ထက်ကြီးမားနေခဲ့ပြီး အဲဒါဟာ Photoshop နဲ့ ပြင်ထားတာဖြစ်တယ်လို့ မှတ်ချက်ပေးခံနေရတာပါ။

READ
အိမ်သားတွေကို နှိုးပြီး နှလုံးရောဂါဖောက်နေတဲ့ သခင်ရဲ့အသက်ကို ကယ်ခဲ့တဲ့ ကြောင်လိမ္မာလေး

အဲဒီပုံကို ပရိသတ်ပေါင်း (၄)သိန်းကျော်က Like လုပ်ခဲ့ကြပြီး သူတို့ပြောတဲ့ အဓိက အကြောင်းအရာက ဂျက်ဆွန်ဒရူလို ဆီမှာ မြင်နေရတာက အတု၊ ဒါမှမဟုတ် အစစ် ဆိုတာပါပဲ။

 

View this post on Instagram

 

Who did it better 😂

A post shared by Jason Derulo (@jasonderulo) on

တချို့ကတော့ ဂျက်ဆွန်ဟာ သူ့ရဲ့ဘောင်းဘီထဲမှာ တစ်ခုခုကို ဖွက်ထားခဲ့တယ်လို့ ဟာသလုပ်နေကြပြီး အဲဒီ ဟာသတွေ ပေါ်ထွက်လာချိန်မှာ ဂျက်ဆွန်ကိုယ်တိုင်က သူ့ရဲ့ ပုံနဲ့အတူ အခြားကောင်လေးတစ်ယောက်ရဲ့ ပုံကို တွဲလို့ တင်လိုက်ပါတယ်။ အဲဒီပုံကတော့ တကယ့်ကို ရယ်စရာကြီးဖြစ်ပြီး ပရိသတ်တွေ ဘာကို ငြင်းနေကြသလဲဆိုတာ ကွက်ကွက်ကွင်းကွင်း သိသွားစေမှာပါ။

READ
ဒူး နဲ့ တံတောင်ပေါ်က အမည်းကွက်တွေကို ဖယ်ရှားနည်း

အဲဒီနောက်ပိုင်းမှာတော့ ဂျက်ဆွန်ကိုယ်တိုင်က သူ့ရဲ့ “Anaconda” ကြီးဟာ အတုလည်းမဟုတ်ကြောင်း၊ Photoshop နဲ့ ပြင်ထားတာလည်းမဟုတ်ကြောင်း ပြောဆိုသွားခဲ့ပြီး ဖြေရှင်းရတဲ့အဆင့်အထိတွေ ဖြစ်ကုန်တာပါ။

ဂျက်ဆွန် ကိုယ်တိုင် ဖြေရှင်းပေးလိုက်တာကြောင့် ပရိသတ်တွေရဲ့ အငြင်းအခုန်တွေ တိတ်သွားကြပေမယ့် ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ သူ့ရဲ့ ပုံကြီးဟာ ဟာသတစ်ခုအနေနဲ့ လှောင်ပြောင်ခံနေရတုန်းပါပဲ။

Linn

SHARE