အမျိုးသမီးထုကြီးကို ရင်ထဲမှာမျက်ရည်ပင်လယ်ဝေသွားစေတဲ့ Jason Momoa ရဲ့ဗီဒီယို

အသက် ၃၉ နှစ်ရွယ်ရှိနေပြီဖြစ်တဲ့ Jason Momoa ကိုတော့ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Conan the Barbarian ဆိုတဲ့ ရုပ်ရှင်ကားနဲ့ ပရိတ်သတ်တွေရဲ့ အသည်းစွဲမှုကိုရဖို့ အင်နဲ့အားနဲ့သရုပ်ဆောင်ခဲ့ပေမယ့် ရုပ်ရှင်ကားဟာ ထင်သလောက်မပေါက်ခဲ့တာကြောင့် ဟောလိဝုဒ်အပြင်ဘက်ကလူတွေ သိပ်မသိသွားခဲ့ကြပါဘူး။ ၂၀၁၁ ခုနှစ်က ရိုက်ခဲ့တဲ့ Game of Throne ဇာတ်လမ်းတွဲနဲ့မှပဲ Jason Momoa ကို တစ်ကမ္ဘာလုံးကပရိတ်သတ်တွေလူသိများလာခဲ့ပြီး အဲဒီကမှတစ်ဆင့် ၂၀၁၆ ခုနှစ်ထဲ DC နဲ့လက်တွဲကာ Aquaman ဇာတ်ရုပ်ကို စတင်ရိုက်ကူးခဲ့ပါတယ်။

HBO’s ‘Game oF Thrones’ EP01 ‘Winter Is Coming’ On Sky Atlantic
Aquaman

တစ်နိုင်ငံလုံးက သည်းသည်းလှုပ်စောင့်ကြည့်နေရတဲ့ Game of Throne ရော superhero universe တွေထဲထိပ်တမ်းရောက်နေတဲ့ DCက လူသိများပြီးသားဇာတ်ကောင် Aquaman အနေနဲ့ရော တပိုင်နက်တည်းလို သရုပ်ဆောင်ဖြစ်ခဲ့တဲ့အတွက်ကြောင့် Jason Momoa ကို တစ်ကမ္ဘာလုံးက လူသိများလာခဲ့ပါတယ်။

READ
လူမြင်ကွင်းမှာ ဇနီးသည်ရဲ့ခြေထောက်ကို နှိပ်ပေးတဲ့ သိပ်ချစ်တတ်တဲ့ယောက်ျား
HBO

ဒီအပြင် Momoa ရဲ့ ဆွဲဆောင်မှုရှိလွန်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားတွေ၊ ဆံနွယ်နက်နက်ကွေးကွေးလေးတွေနဲ့ ယောက်ျားပီသမှုကို ပိုဖော်ကျူးပေးနေတဲ့ ပါးသိုင်းမွှေးခပ်ရှည်ရှည်တွေကြောင့် အမျိုးသမီးတွေရဲ့အသည်းစွဲဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ DC ရဲ့ Aquaman ရုပ်ရှင်ဟာ ကြည့်ရှုသူသိပ်ကိုများပြားလွန်းပြီး စံချိန်အသစ်ချိုးသွားနိုင်ခဲ့တာမဟုတ်ပါလား။

Instagram

Momoa ဟာ သူ့ရဲ့ပါးသိုင်းမွှေးတွေကို မရိပ်ဘဲထားတာ ၇ နှစ်ကျော်နေပြီလို့ သိရပါတယ်။ မနေ့တနေ့ကပဲ Momoa ရဲ့ဆွဲဆောင်မှုရှိလွန်းလှတဲ့ ပါးသိုင်းမွှေးတွေ၊ မုတ်ဆိတ်မွှေးတွေကို သူကိုယ်တိုင်ပဲရိတ်ပစ်ခဲ့တဲ့ ဗီဒီိယိုတစ်ခုကို YouTube နဲ့ Instagram တို့မှာ တင်ထားခဲ့ရာ ပရိတ်သတ်အများစုကတော့ သူတို့စိတ်ဝင်စားခဲ့ရတဲ့ မုတ်ဆိတ်မွှေးနဲ့ပါးသိုင်းမွှေးကို သူတို့ရှေ့မှာတင် ကိုယ်တိုင်ရိတ်ပစ်လိုက်ခဲ့တဲ့အတွက် သိပ်ကိုရင်ထုမနာဖြစ်နေခဲ့ကြပါတယ်။

ဒီဗီဒီယိုထဲမှာ Momoa ဟာ ရိုက်ကူးရေးအဖွဲ့ကဖြစ်ဟန်တူတဲ့ လူတစ်ယောက်ကို မုတ်ဆိတ်မွှေးတွေကို မရိတ်ပစ်တာ ၂၀၁၂ ကတည်းကလို့ ပြောခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့နာမည်ကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ခုချင်းဆီရဲ့နာမည်တွေကို နှုတ်ဆက်ပါတယ်လို့ ပြောကာ မုတ်ဆိတ်ရိတ်စက်နဲ့ သူကိုယ်တိုင်ပဲ ရိတ်ပစ်ခဲ့ပါတယ်။

READ
Hijab ဝတ်ဆင်ပြီး Sexy အက,ကခဲ့သည့် အမျိုးသမီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ
700

တကယ်တော့ ဒီဗီဒီယိုဟာ Jason Momoa ရဲ့ သဘာဝပတ်ကျင်ကိုပညာပေးခဲ့တဲ့ဗီဒီယိုတစ်ခုဖြစပါတယ်။ သူ့ရောက်နေတဲ့နေရာကိုကြည့်မယ်ဆိုရင်လည်း လွင်ထီးခေါင်ပြင်ကိုမှ ပလတ်စတစ်ဖြူဖြူတွေ ဖုံးလွှမ်းနေတာကို ဗီဒီယိုစစချင်းမှာ မြင်တွေ့ရမှာပါ။ အဓိကအကြောင်းအရာကတော့ recycle လုပ်ဖို့ပါပဲ။ ဒီအပြင် ပလတ်စတစ်ရေဗူးတွေ၊ ဗူးခွံတွေအစား တိုက်တေနီယံနဲ့လုပ်ထားပြီး ပြန်လည်အသုံးပြုနိုင်တဲ့ ဗူးတွေကို အစားထိုးသုံးဖို့အတွက် တိုက်တွန်းအကြံပေးသွားတာပဲဖြစ်ပါတယ်။

ကဲ သူ့ပရိတ်သတ်ကြီးရော Jason Momoa ရဲ့ စကားကိုနားထောင်ပြီး ပလတ်စတစ်တွေ လျှော့သုံးကြပြီး recycle လုပ်ကာ ပတ်ဝန်ကျင်ကို ထိန်းသိမ်းကြရင် မကောင်းပေဘူးလား။

Instagram

Source: Daily Mail

Penny

SHARE