Justice League ဇာတ်ကားကိုတော့ စူပါဟီးရိုးပရိသတ်တော်တော်များများ သိကြမှာပါပဲ။ DC ရဲ့ စူပါဟီးရိုးပေါင်းစုံပါနေတဲ့အတွက်ကြောင့် မကြည့်ခင်မှာတော့ တော်တော်လေးကို ကောင်းမယ့် ဇာတ်ကားတစ်ကားအဖြစ် မျှော်လင့်ခဲ့ရပြီး ဇာတ်ကားထွက်လာတဲ့အချိန်မှာတော့ ဇာတ်ကားရဲ့ ဇာတ်အိမ်ဇာတ်ကွက်တွေ၊ အရည်အသွေးတွေဟာ ဖြစ်သင့်တာထက် စုတ်ပြတ်သတ်နေတာကို တော်တော်များများ သိကြပြီး ဖြစ်မှာပါ။
ဒါ့အပြင် ဒီဇာတ်ကားကြီးရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ သန်း (၃၀၀) ကျော်အထိ အသုံးပြုခဲ့ပေမယ့် သန်း (၁၀၀) နီးပါးအထိ အရှုံးပေါ်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်ခဲ့တာတွေအကုန်လုံးဟာ Justice League ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Joss Whedon နဲ့ Warner Bros ကုမ္ပဏီမှ ထုတ်လုပ်သူတွေ ဖြစ်ကြတဲ့ Geoff Johns နဲ့ Jon Berg ကြောင့်ဖြစ်တယ်ဆိုပြီး ကောလဟာလ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
တစ်ကယ်တမ်းတော့ အရင်တုန်းကတည်းက Justice League ဒါရိုက်တာ Joss Whedon ကို ဝေဖန်ခဲ့တဲ့ Justice League သရုပ်ဆောင် နောက်တစ်ယောက် ရှိပါသေးတယ်။ အဲဒါကတော့ Justice League ထဲမှာ Cyborg အဖြစ် သရုပ်ဆောင်တဲ့ Ray Fisher ပဲ ဖြစ်ပါတယ်။ Ray Fisher ဟာ Justice League ရိုက်ကူးနေစဉ်တောက်လျှောက်မှာ ဒါရိုက်တာ Joss Whedon ရဲ့ မတရား အနိုင်ကျင့်မှုတွေ၊ အတင်းအကျပ်ခိုင်းစေမှုတွေ၊ မနားမနေ တောက်လျှောက်သရုပ်ဆောင်ရတာတွေကို ကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြောခဲ့ဖူးပါတယ်။ အဆိုးဆုံးကတော့ Ray Fisher ဟာ Justice League ရိုက်ကူးနေစဉ်တောက်လျှောက်မှာ ဒါရိုက်တာ Joss Whedon က သူ့ကို လူမျိုးရေးခွဲခြားသလို ပုံစံတွေနဲ့ ဆက်ဆံခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
To-date, the “independent” firm hired by @wbpictures has conveniently avoided contacting key witnesses who gave damning statements to WB HR.
They’ve also started interviews with (and have since ghosted) witnesses that have implicated former and current top level executives.
1/2
— Ray Fisher (@ray8fisher) September 14, 2020
“Ray Fisher စကားမှန်သမျှ ကျွန်တော်အကုန်ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို အဲဒီလိုပုံစံတွေနဲ့ ဆက်ဆံနေတဲ့အချိန်တိုင်း ကျွန်တော်အနားမှာ ရှိနေခဲ့လို့ပါပဲ။ ဒါပေမယ့် Ray Fisher က တော်တော်လေး သည်းခံနိုင်ခဲ့ပါတယ်။ ပြီးတော့ နောက်တစ်ချက်က ဒါရိုက်တာ Joss Whedon က Justice League အဖွဲသားတွေအကုန်လုံးကို ငါဒါရိုက်တာဆိုတဲ့ ပုံစံမျိုးနဲ့ ရိုက်ကွင်းတောက်လျှောက် ဆက်ဆံခဲ့တဲ့ လူတစ်ယောက်ပါ” ဆိုပြီး Jason Momoa က တွဲဖက်သရုပ်ဆောင် Ray Fisher ကို လူသိရှင်ကြား ထောက်ခံခဲ့ကြောင်း Variety မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။
Pyi Hein Kyaw