ဦးနှောက်ကင်ဆာခံစားနေရတဲ့ (၇) နှစ်သားလေးကို surprise လုပ်ခဲ့တဲ့တဲ့ Jason Momoa

[email protected] prideofgypsies [email protected]

Aquaman မင်းသားကြီး Jason Momoa ကိုတော့ DC ပရိသတ်တွေနဲ့ စူပါဟီးရိုး ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Jason Momoa ဟာ Aquaman ဇာတ်ရုပ်မှာ တော်တော်လေး လူကြိုက်များအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသားကြီးတစ်ယောက်ဖြစ်တဲ့အပြင် ကလေးတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ရုပ်တစ်ခုလည်း ဖြစ်ပါတယ်။ အခုလည်း Jason Momoa ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၁၈.၁၁.၂၀၂၀)တုန်းက ဦးနှောက်ကင်ဆာ ဝေဒနာကို ခံစားနေရတဲ့ အသက် ၇ နှစ်အရွယ် ကလေးလေးတစ်ယောကို မထင်မှတ်ထားတဲ့ နည်းလမ်းတစ်ခုနဲ့ surprise လုပ်ပေးခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Jason Momoa (@prideofgypsies)

အဆိုပါကလေးလေးကတော့ အသက် ၇ နှစ်အရွယ် Danny Sheehan လို့ အမည်ရတဲ့ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Danny လေးဟာ အသက် ၄ နှစ်အရွယ်ကတည်းက ဦးနှောက်ကင်ဆာ ဝေဒနာကို ခံစားနေရတဲ့ ကလေးလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္လာနေ့(၁၆.၁၁.၂၀၂၀)တုန်းက Danny ရဲ့ မိခင်ဖြစ်သူ Natalie Shaw Sheehan တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကြောင့် Danny လေးဟာ ဆိုရှယ်မီဒီမှာ တော်တော်လေး လူချစ်လူခင်ပေါခဲ့ပါတယ်။ အပေါ်က ဗီဒီယိုမှာ မြင်တွေ့ရတဲ့အတိုင်း Natalie ဟာ သူမရဲ့ သားဖြစ်သူ Danny ကို Aquaman ပုံစံ figure အရုပ်လေး လက်ဆောင်ပေးခဲ့ရာ Danny လေးရဲ့ စိတ်လှုပ်ရှားပြီး ဝမ်းသားအားရ အော်ဟစ်ခဲ့တဲ့ ပုံစံကတော့ တွေ့မြင်ခဲ့ရတဲ့ အတိုင်းပါပဲ။

READ
အွန်းလိုင်းချစ်သူကို မိုင် ၆၆၀၀ ခရီးနှင်ကာ လက်ထပ်ခွင့်တောင်းခဲ့တဲ့အမေရိကန်သား

 

 

View this post on Instagram

 

A post shared by Jason Momoa (@prideofgypsies)

ဒီဗီဒီယိုကို တွေ့လိုက်တဲ့ Jason Momoa တစ်ယောက်ကတော့ Danny ဆီကို ကိုယ်တိုင် video call ခေါ်ပြီး surprise လုပ်ကာ စကားပြောဖို့ ပြုလုပ်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Danny လေးဟာ Jason Momoa ကို video call ထဲမှာ တွေ့တာနဲ့ ဝမ်းသာအားရဖြစ်ခဲ့ပြီး တော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နှစ်ယောက်သား အချိန်တော်တော်ကြာအောင် အပြန်အလှန် စကားတွေ ပြောဆိုနေခဲ့ပြီး Jason Momoa ဟာ Danny လေးကို အားပေးစကားများစွာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

READ
ဇနီးသည်နဲ့ အပျော်မယားတို့ကို ကမ္ဘာ့ဖလားပွဲဆီ အတူတွဲ ခေါ်လာခဲ့တဲ့ မက္ကဆီကိုနည်းပြ

 

 

View this post on Instagram

 

A post shared by Jason Momoa (@prideofgypsies)

“Danny က Jason နဲ့ ဒီလိုမျိုးတွေဆုံချင်နေတာ ကြာပါပြီ။ ကျွန်မတို့ကို မေးရင် Aquaman က ကမ္ဘာကြီးတစ်ခုလုံးကို လိုက်လံကာကွယ်နေရပြီး အလုပ်အရမ်းရှုပ်နေတာကြောင့်လို့ ခဏခဏ လိမ်ပြောခဲ့ရတာပါ။ အခုလို Jason Momoa ကိုယ်တိုင် Danny ဆီကို video call တကူးတကခေါ်ပြီး ဖုန်းပြောပေးလို့ Danny ရဲ့ မိခင်တစ်ယောက်အနေနဲ့ တော်တော်လေးကို ကျေးဇူးတင်ပါတယ်။ Danny လေးလည်း အခုဆို သူ့ကို Aquaman ကိုယ်တိုင် ဖုန်းဆက်တာဆိုပြီး တော်တော်လေးကို ပျော်ရွှင်နေပါတယ်”လို့ Natalie က Insider သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE