ဟာသကားရိုက်ချင်ပေမယ့် ဘယ်သူမှ လာမငှားကြောင်းပြောလာတဲ့ Jason Momoa

instagram/prideofgypsies

Jason Momoa က ဟာသဇာတ်ကားတွေမှာ သူ့ကိုပါဝင်သရုပ်ဆောင်ခိုင်းဖို့ ကမ်းလှမ်းမယ်ဆိုရင်လည်း သူငြင်းပယ်မှာမဟုတ်ပေမယ့် သူ့ကိုလာကမ်းလှမ်းတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ “ရိုမန်းတစ်ဟာသပဲဖြစ်ဖြစ်၊ ခပ်တုံးတုံးသူငယ်ချင်းပဲဖြစ်ဖြစ် ဘာမဆိုရပါတယ်။” လို့ Momoa က ၂၀၂၀ ဒီဇင်ဘာလထုတ် Men’s Health မဂ္ဂဇင်းရဲ့ကာဗာဝတ္ထုတစ်ပုဒ်မှာ ပြောသွားပါတယ်။ “ကျွန်တော် တကယ်ပဲလုပ်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဘယ်သူမှမငှားဘူး။”

 

View this post on Instagram

 

A post shared by Jason Momoa (@prideofgypsies)

Momoa ကိုတော့ အက်ရှင်ဇာတ်ကြမ်းကားတွေနဲ့ လူသိများတာပါ။ ဥပမာပြောရရင် HBO ရဲ့ Game of Thrones စီးရီးထဲက Dothraki စစ်နယ်ရှင် Khale Drogo ဒါမှမဟုတ် DC Extended Universe ရဲ့ Aquaman/ Arthur Curry အဖြစ် လူသိများပါတယ်။ Momoa ဟာ ပြီးခဲ့တဲ့အင်တာဗျူးတွေမှာလည်း သူ့ရဲ့သရုပ်ဆောင်လောကထဲက ဇာတ်ကောင်အမျိုးမျိုးနဲ့ ပတ်သက်ပြီး ကြိုးစားခဲ့ရပုံကို ပြောပြပါတယ်။

 

View this post on Instagram

 

A post shared by Jason Momoa (@prideofgypsies)

Momoa ဟာ သူ့ရဲ့ပထမဆုံးသရုပ်ဆောင်အလုပ်လို့ယူဆရတဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် တီဗီရှိုး Baywatch မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ “သရုပ်ဆောင်အလုပ်ကို ကျွန်တော်တကယ်ပဲ သဘောကျခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဘယ်သူကမှ ဒီလောက်သတိမထားမိကြဘူး။ Baywatch က သရုပ်ဆောင်ပိုင်းအရည်အသွေးနဲ့ပတ်သက်ပြီး လူသိမများဘူးလေ။” လို့ Momoa က ဆိုပါတယ်။

 

View this post on Instagram

 

A post shared by 🍒 (@80slolita)

သူဟာ GoT ဇာတ်ကားထဲက ဇာတ်ကောင်အဖြစ် လူသိများထင်ရှားခဲ့ပေမယ့် Momoa ကတော့ သူ့ကို နယ်ပယ်တစ်ခုထဲကန့်သတ်လိုက်သလို ခံစားရကြောင်းဆိုပြီး သူ့မှာအကြွေးတွေတောင် တင်ခဲ့တယ်လို့လည်း ပြောပြပါတယ်။ “လူတွေက ကျွန်တော့်ကို သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး သိကြတာမဟုတ်ပါဘူး။ အက်ရှင်ပိုင်းနဲ့ပဲ သိကြတာပါ။ ကျွန်တော် သိပ်များများစားစားမပြောချင်သလို စကားကြီးစကားကျယ်တွေလည်း မသုံးချင်ပါဘူး။” လို့ Momoa က ဖွင့်ဟခဲ့တယ်လို့လည်း insider သတင်းအရ သိရပါတယ်။

READ
စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးလို့ ပရိသတ်တွေဆီ ပြန်လာတဲ့ Lee Jang Woo

ShweMom

SHARE