နောက်ထပ် Fast And Furious ရုပ်ရှင်တွေထဲ ပါဝင်နိုင်ချေရှိနေတဲ့ ရေဘုရင်ကြီး

Fast and Furious ဇာတ်ကားတွေဟာဆိုရင်ဖြင့် စစထွက်ကတည်းက ပရိတ်သတ်တွေ ဝက်ဝက်ကွဲ အားပေးလာခဲ့ကြရာ ၂၀၁၇ မှာ နောက်ဆုံးထွက်ရှိထားခဲ့တဲ့ ခုနစ်ကားမြောက်ဇာတ်ကားအထိပါပဲ။ နောက်ထပ်ထွက်ရှိမယ့် Fast and Furious ဇတ်ကားကိုတော့ ၂၀၁၉ ဖေဖော်ဝါရီလထဲ ရိုက်ကူးရေးစတင်လုပ်မယ်လို့ သတင်းတွေ ထွက်လျက်ရှိပါတယ်။

ပထမဇာတ်ကားကတည်းက သရုပ်ဆောင်ပေါင်းများစွာ ထည့်သွင်းရိုက်ကူးကာ တစ်ကားနဲ့တစ်ကားမှာ အသုံးပြုထားတဲ့ villain နေရာမှာလည်း နာမည်ကြီးသရုပ်ဆောင်တွေကို တွင်တွင်အသုံးပြုထားတဲ့အတွက် နောက်ထွက်မယ့် Fast and Furious မှာရော ဘယ်လိုနာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်လာဦးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

အရင်ဇာတ်ကားတွေမှာတော့ ပရိတ်သတ်တွေကို The Rock နဲ့ Jason Statham တို့ကို ထည့်သွင်းကာ ပရိတ်သတ်တွေကို အံ့သြသွားအောင် လုပ်ခဲ့ပါသေးတယ်။

Universal Film

F&F သရုပ်ဆောင် The Rock ခေါ် Dwayne Johnson ကတော့ သူ့ရဲ့ Instagram မှာ Aquaman သရုပ်ဆောင်ဖြစ်တဲ့ Jason Momoa ကို နောက်ထွက်မယ့် F&F ဇာတ်ကားမှာ ပါဝင်စေချင်တဲ့ ပုံစံမျိုးနဲ့ Post တစ်ခု တင်ခဲ့ပါတယ်။

READ
မင်္ဂလာသက်တမ်း (၁၄)နှစ်ပြည့်သွားတဲ့ လူမင်းတို့ ဇနီးမောင်နှံ
DC

The Rock ရဲ့ F&F ထဲက ဇာတ်ကောင်ဟာ Hobb ဖြစ်ပြီး ဇာတ်လမ်းအရတော့ Hobb မှာ ပျောက်နေတဲ့ ညီတစ်ယောက်ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီပျောက်နေတဲ့ ညီနေရာမှာ Jason Momoa ကို ထည့်သွင်းသရုပ်ဆောင်စေချင်ပေမယ့် ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

Universal Film
Instagram

Jason Momoa ဟာ Aquaman ဇာတ်ကောင်အတွက် ပင်တိုင်သရုပ်ဆောင်တစ်ဦးဖြစ်တာနဲ့အညီ Aquaman နဲ့ Justice League တို့မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် schedule တွေ အပြည့်ဖြစ်နေတဲ့အပြင် ဒီမတိုင်ခင် သူရိုက်ကူးနေတဲ့ Game of Thrones ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်ရဦးမှာဖြစ်တဲ့အတွက် F&F ရိုက်ကူးရေးဖို့ ဘယ်လို့မှ အချိန်ဖဲ့ပေးလို့ မရခဲ့တာပါ။

DC

ဒါကြောင့် The Rock ဟာ Jason Momoa ကို သူ့ရဲ့ပျောက်ဆုံးနေတဲ့ ညီနေရာမှာ သရုပ်ဆောင်စေချင်ပေမယ့် WWE နပန်းသမားတစ်ဦးဖြစ်တဲ့ Roman Reigns ကိုပဲ ရွေးချယ်ခဲ့ရပါတယ်။

READ
ရေကန်ထဲက အမိုက်စားပုံလေးတွေကို ဝေမျှပေးလိုက်တဲ့ မထက်
WWE
Universal Film

ဇာတ်ကားကိုတော့ ၂၀၁၉ သြဂုတ်လမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Source: Lad Bible, Comic Book

Penny

SHARE