ဖွားချစ်မြေးဖြစ်ကြောင်း သက်သေပြလိုက်တဲ့ ပရိသတ်အသည်းကျော် Jason Momoa

Aquaman ရုပ်ရှင်ကတော့ DC ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ရုပ်ရှင်သမိုင်းမှာ မှတ်တမ်းတင်သွားခဲ့ပါပြီ။ မင်းသား Jason Momoa လည်း Aquaman ရုပ်ရှင်နဲ့အတူ လက်ရှိမှာ လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ပိုင်ဆိုင်ထားသူပါ။

warner bros

Jason ဟာ အနုပညာဘက်မှာလည်း ထူးချွန်သလို မိသားစုရေးရာမှာလည်း အရမ်းကို ချစ်စရာကောင်းတဲ့ သားအဖြစ် နာမည်ကြီးလျက် ရှိပါတယ်။ မကြာသေးခင်ကလည်း မင်းသားဟာ သူ့မိသားစုနဲ့ ပတ်သက်တဲ့ ပျော်ရွှင်မှုတွေကို ပရိသတ်တွေဆီပါ ကူးစက်အောင် ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှထားခဲ့ပါတယ်။ သူ့ရဲ့ ချစ်လှစွာသော အဖွားဖြစ်သူနဲ့ ဖိုတိုရှုတင် အသေးစားလေးက ဓာတ်ပုံတွေပါ။

Instagram

ပုံက caption ကတော့ “Iowa ကို လာပြီး အဖွားကို aloha လာလုပ်တာပါ အမြဲချစ်တယ်နော် အဖွား” ဆိုပြီး တပ်ထားပါတယ်။ ဟာဝိုင်ယီသား Jason ကတော့ ဟာဝိုင်ယီလို နှုတ်ဆက်တဲ့စကား aloha ကို ထည့်ရေးထားတာပါ။ မြေးအဖွား ၂ ယောက်ရဲ့ ဓာတ်ပုံလေးတွေကတော့ မြင်သူတိုင်းကို ပျော်ရွှင်ကြည်နူး သွားစေပါတယ်။ ပရိသတ်တွေလည်း မင်းသားကို ချစ်စရာကောင်းလွန်းလို့ ကောမန့်တွေ ပလူပျံအောင် ပေးနေကြပါတယ်။ ပို့စ်က လက်ရှိမှာ Like ၁၅ သိန်းတောင် ရရှိထားပါတယ်။

READ
ရုရှားအသင်းရဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ တွေ့နေရတဲ့ ရွှေရောင်ဆံပင်နဲ့ ရုရှားမလေး
Instagram

Jason က Aquaman ပရိသတ်တွေကိုလည်း ကျေးဇူးတင် စကားဆိုတဲ့ ဗီဒီယို တင်ခဲ့ပါသေးတယ်။ Aquaman ကို အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ချစ်ကြောင်းနဲ့ ထိုဇာတ်ကားအတွက် ဂုဏ်ယူကြောင်း ထည့်ပြောသွားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Jason Momoa (@prideofgypsies) on

Ref: Unilad, Diply

SHARE