ကမ္ဘာ့ပေါ်က ထူးခြားအံသြဖွယ် အကောင်းဆုံး ရေသွယ်တံတား (၃) စင်း

အနောက်နိုင်ငံတွေမှာ  မြစ်တွေ၊ ရထားလမ်းတွေ၊ ကားလမ်းတွေနဲ့ လျှိုဇောက်တွေပေါ် တံတား ဖြတ်ဆောက်ပြီး ရေလမ်းတစ်ခုအဖြစ်နဲ့ပါ သုံးလို့ရအောင် ရေသွယ်တံတားတွေကို ဆင်ခဲ့ကြတယ်။ ဟိုးရင်တုန်းကတော့ မြို့ထဲ ရေသွယ်ပေးတဲ့ အရာတွေဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ရေသွယ်တံတားတွေကို သွားရေးလာရေးအတွက် လမ်းတစ်သွယ်အဖြစ် သူတို့တွေက အသုံးချနေကြတယ်။ ဒီတံတားတွေဟာ အီဂျစ်နဲ့ ဘေဘီလွန် ခေတ်အစောပိုင်းကတည်းက ရှိခဲ့တာဖြစ်ပြီး ရိုမန် အင်ဂျင်နီယာတွေက တည်ဆောက်ခဲ့တာလို့ သိရတယ်။ အခုဖော်ပြပေးမယ့် တံတားတွေကတော့ လူတို့ကိုယ် တည်ဆောက်ထားတဲ့ ထူးထူးခြားခြား ရေသွယ်တံတား (၃) စင်းဖြစ်ပါတယ်။

၁။ Madgeburg ရေသွယ်တံတား

The Madgeburg ရေသွယ်တံတားဟာ (၉၁၈) မီတာရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံး ရေသွယ်တံတားဖြစ်တယ်။

elitereader

ဒီတံတားက ဂျာမဏီနိုင်ငံမှာရှိပြီး Elbe-Havel တူးမြောင်းနဲ့ Mittelland တူးမြောင်းကို သွယ်ဆက်ထားတဲ့ တံတားဖြစ်တယ်။ Elbe မြို့ကို သွားတဲ့ သဘောင်္တွေ သွားလာရေးလွယ်ကူးစေရန်လည်း ဖြစ်တယ်။

READ
သဘာဝတရားရဲ့ပြန်လည်အသိမ်းပိုက်ခံလိုက်ရတဲ့ အစွန့်ပစ်ခံတံငါရွာလေးအကြောင်း
elitereader

ဒီတံတားကို တည်ဆောက်ဖို့ အချိန် (၆) နှစ်ယူခဲ့ရတယ်လို့ သိရတယ်။

elitereader

၂။ Veluwemeer ရေသွယ်တံတား

elitereader

The Veluwemeer ရေသွယ်တံတားက နယ်သာလန်နိုင်ငံ အရှေ့ပိုင်းမှာ ရှိပါတယ်။

elitereader

Harderwijk မြို့ရှိတဲ့ ဒီထူးခြားတဲ့  တံတားဟာ (၂၅) မီတာမျှတာ ရှည်တယ်။ ဒါ့အပြင် ရေအနက်ကလည်း (၃) မီတာသာ ရှိတဲ့အတွက် လှေငယ်တွေကိုပဲ ကူးလူးသွားလာခွင့်ပြုထားတယ်လို့ သိရတယ်။ တံတားဘေးက လျှောက်လမ်းတွေဆိုလည်း ခြေကျင်းပဲ လျှောက်ခွင့်ပြုထားတယ်။

elitereader

တံတားအောက်မှာ နေ့စဉ် Felvoland စုရင်နယ်နဲ့ မြိုနဲ့ကြား ကားအစီးရေ (၂၈၀၀၀၀) လောက် သွားလာနေတဲ့ လမ်းတစ်လမ်းရှိတယ်။

၃။ Pontcysyllte ရေသွယ်တံတား

The Pontcysllte ရေသွယ်တံတားက ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံးနဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တစ်ခုအဖြစ် တည်ရှိပါတယ်။

READ
ကမ္ဘာ့အခြောက်သွေ့ဆုံး နေရာအလယ်က လှပတဲ့အိုအေစစ်လေး
elitereader

ဒီ (၁၈) ကီလိုမီတာရှည်လျားတဲ့ တံတားကို (၁၈၀၅) ခုနှစ်ကတည်းက တည်ဆောက်ခဲ့တယ်။ အမြင့်ပေ (၁၂၆)ပေရှိပြီး  အုတ်တိုင်းတွေ ထူထားတယ်။ ဝေလနိုင်ငံက Wrexham Country Borough မြို့ထိ ခြေကျင်သော်လည်းကောင်း၊ လှေဖြင့်လည်းကောင်း သွားလာနိုင်တယ်။

elitereader

စက်မှုတော်လှန်ရေးအတွင်း Denbigshire ကျောက်မီးသွေးတွင်းကို အမျိုးသား တူးမြောင်းစနစ်နဲ့ ဆက်တန်းပေးဖို့အတွက် တည်ဆောက်ခဲ့တာဖြစ်တယ်။ ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး ရေသွယ်တံတားဖြစ်ပြီး အခုဆို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်တယ်။

elitereader

Ref: Elite Reader

Matthew

SHARE