Fan တွေကို အ၀တိုက်ပြီး Surprise လုပ်ခဲ့တဲ့ Jay Park

Image:IG/Jay Park

Jay Park ကတော့ ကိုရီးယား-အ မေရိကန် rapper, producer ၊ အဆိုတော်၊တေးရေး တစ်ယောက်ပါ။ကိုရီးယားမှာတင်မကပဲ အာရှတစ်လွှားမှာပါ အရမ်းကို နာမည်ကြီး ပါတယ်။ April 25, 1987 မှာ မွေးပြီးအသက်ကတော့ (၃၂)နှစ်ပါ။အမျိုးသားပရိသတ်ရဲ့ အားပေးမှုကို ရထားသလို မိန်းကလေးပရိသတ် တွေ  ကြားမှာ တော်တော်လေး ရေပန်းစားတဲ့ အဆိုတော် တစ်ယောက်ပါ။ Art of Movement (AOM) ရဲ့ အဖွဲ့ ၀င် တစ်ယောက်ဖြစ်သလို hip hop record labels AOMG ရဲ့ Founder ၊CEO တစ်ယောက်ပါ။Roc Nation ဆိုတဲ့ အမေရိကန် entertainment company နဲ့လည်း စာချုပ်ချုပ်ဆိုခဲ့ပါတယ်။Jay Park ဟာ Roc Nation  နဲ့ စာချုပ်ချုပ်ဆိုနိုင်တဲ့ ပထမဆုံး အာရှ အမေရိကန် ပါ။

Image:IG/Jay Park
Image:IG/Jay Park

Jay Park  ကတော့ သူ့ရဲ့ ပွဲမှာ ပရိသတ်တွေကို ထူးထူးခြားခြား ဧည့်ခံခဲ့ပါတယ်။အဲ့ဒါကတော့ အသောက်အစားကြိုက်တဲ့ ပရိသတ်တွေကို ပွဲ အပြီးမှာ ၀ယ်တိုက်ခဲ့တာပါ။ပထမဆုံး AOMG world tour ရဲ့ နောက်ဆုံး နေ့ မှာတော့ Fan တွေကို Surprise အကြီးကြီး လုပ်ပေးခဲ့ပါတယ်။သူဝယ်တိုက်ခဲ့တဲ့ ပမာဏက နည်းနည်းလေးတော့ မဟုတ်ပါဘူး။အမေ ရိကန် ဒေါ်လာ တစ်သောင်း ကျော်ဖိုး ၀ယ်တိုက်ခဲ့တာပါ။သူ့ရဲ့ IG မှာတော့ Fan တွေ ကို ၀ယ်တိုက်ခဲ့တဲ့ အရက်ဖိုးလက်ခံစာရွက်လေးကို တင်ထားပါတယ်။အမေရိကန် Seattle မြို့ မှာ ကျင်းပပြုလုပ်တဲ့ ‘Sexy Forever 2019 World Tour’ Afterparty မှာ တိုက်ခဲ့တာပါ။

Image:IG/Jay Park

afterparty ကိုတော့ Fan တစ်ထောင်လောက် ရောက်လာခဲ့ပါတယ်။ပရိသတ်တွေ အများကြီး လာပေမယ့်လည်း Jay Park ကတော့ အားလုံးကို ပျော်ပျော်ပါးပါး တရင်းတနှီး နှုတ် ဆက်ခဲ့ပါတယ်။Jay Park ကတော့ Fan တွေ အပေါ် ရက်ရောသူ တစ်ယောက် အဖြစ် နဲ့လည်း နာမည်ကြီးပါတယ်။(၂၀၁၄)တုန်းကဆိုရင် Club တစ်ခု လုံးကို သူ့ရဲ့ ကိုယ်ပိုင် ပိုက်ဆံနဲ့ ငှားပြီး 2nd Album ‘EVOLUTION’ အယ်ဘမ် ထွက်ရှိတဲ့ ပွဲလေး ကျင်းပ ပေးခဲ့ပါတယ်။အဲ့ဒီပါတီပွဲကိုတော့ Fan (၈၀၀) ကျော်ကို ဖိတ်ကြားခဲ့ပါတယ်။

READ
အောင်ရဲထွေး ကွယ်လွန်မှုအတွက် ဝမ်းနည်းစကားဆိုခဲ့တဲ့ ဖြိုးငွေစိုး
Image:IG/Jay Park

 

View this post on Instagram

 

Yes I bought shots for everybody ‍♂️

A post shared by Jay Park / 박재범 ($hway bum) (@jparkitrighthere) on

Source : Allkpop

SHARE