Golden Globe အခမ်းအနားကို ကိုယ့်ပုလင်းနဲ့ကိုယ် ရောက်လာတဲ့ Jay-Zတို့အတွဲ

Instagram/Beyonce

ပြီးခဲ့တဲ့ ဇန်နဝါရီလ၅ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ “Golden Globes 2020″ပွဲဟာဆိုရင်တော့ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ပွဲတစ်ပွဲဆိုလဲမမှားပါဘူး။အနီရောင် ကော်ဇောနီကြီးပေါ်မှာ မြောက်များစွာသော အနုပညာရှင်တွေက ကိုယ်ပိုင်ဖက်ရှင်တွေနဲ့ပွဲတက်၊ဓာတ်ပုံဆရာတွေက မှတ်တမ်းတင်၊ကင်မရာမီးတွေက တဖျတ်ဖျတ်၊လာကြည့်တဲ့ ပရိသတ်တွေကလဲ ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေ့ရင် အော်ဟစ်အားပေးကြနဲ့ တကယ့်ကို ပျော်စရာကောင်းလှပါတယ်။

showboxchannel.com

ဒီပွဲကို တစ်ချို့အနုပညာရှင်တွေကလဲ စုံတွဲအနေနဲ့ ပွဲတက်လာကြပါတယ်။ဥပမာ-Joe Alwynနဲ့ Taylor Swiftတို့အတွဲ၊Rachel Bilsonနဲ့ Bill Haderတို့အတွဲ အစရှိသဖြင့် စုံတွဲအနေနဲ့ အနီရောက်ကော်ဇောကို ဖြတ်လျှောက်ပြီး ပွဲတက်လာတဲ့ အနုပညာရှင်တွေကို တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ဒီလို အနုပညာရှင်အတွဲတွေထဲကမှ ပရိသတ်တွေ စိတ်အဝင်စားဆုံး အတွဲတစ်တွဲရှိပါတယ်။အဲဒီအတွဲကတော့ နောက်ကျပြီးမှ ပွဲကိုရောက်လာတဲ့ Jay-Zနဲ့ Beyonceတို့ အတွဲပဲဖြစ်ပါတယ်။

Beyonceရဲ့ 2019ကထွက်ရှိထားတဲ့ “Spirit”ဆိုတဲ့ သီချင်းဟာ “The Lion King”ဇာတ်ကားထဲမှာပါဝင်ပြီး “Golden Globes 2020″မှာလည်း ဆန်ကာတင်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ဝမ်းနည်းစွာနဲ့ပဲ ပွဲမှာ အဲဒီသီချင်းဟာ ဆုမရရှိပဲ Rocketmanရဲ့ “I’m Gonna Love Me Again”သီချင်းက အကောင်းဆုံးကိုယ်ပိုင်သံစဉ်သီချင်းဆုကို ရရှိခဲ့ပါတယ်။

Jay-Zနဲ့ Beyonceတို့ဟာ ပွဲစပြီး တစ်နာရီကျော်မှ ရောက်ရှိခဲ့ကြောင်း LA Times’s Hollywwodရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ Amy Kaufmanရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ဒါ့ပြင် Jay-Zနဲ့ Beyonceတို့ဟာ ပွဲထဲကို ကိုယ်ပိုင် ရှန်ပိန်နှစ်လုံးနဲ့တက်ရောက်ခဲ့ကြောင်းတွေ့ရပါတယ်။ပုံထဲမှာ မြင်တဲ့အတိုင်း သူတို့ရဲ့ ကိုယ်ရံတော်တစ်ဦးရဲ့လက်ထဲမှာ ရှန်ပိန်နှစ်လုံးကို ကိုင်ထားတာတွေ့ရမှာပါ။ရှန်ပိန် အမျိုးအစားကတော့ “Ace of Spades”ရှန်ပိန်အမျိုးအစားဖြစ်ပါတယ်လို့ MailOnlineသတင်းဌာနက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE