Hip Hop လောကရဲ့ ပထမဆုံး ဘီလျံနာ သူဌေးဖြစ်လာခဲ့တဲ့ Jay Z

အနောက်တိုင်း ရက်ပ် ဂီတလောကရဲ့ အနုပညာရှင်တွေထဲမှာ Jay Z ဆိုတဲ့ ဆရာတစ်ဆူကို လူတိုင်းသိကြပါတယ်။ Jay Z ဟာ အနုပညာသမားတစ်ယောက် မဖြစ်ခင်တုန်းက မူးယစ်ဆေး ရောင်းချတဲ့သူ တစ်ယောက်ဖြစ်ခဲ့တယ်။ သူရဲ့ ပထမဆုံး အယ်လ်ဘမ် Rasonable Doubt ကို ထုတ်လုပ်ဖို့ Roc-A-Fella Records ကို ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။

အဲ့ဒီ့နောက်မှာတော့ နံပါတ်တစ်ချိတ်ခဲ့တဲ့ အယ်လ်ဘမ် ၁၄ ချပ်ထုတ်ဝေနိုင်ခဲ့တယ်၊ ဂရမ်မီဆု ၂၂ ရရှိခဲ့ပြီး ဆယ်စုနှစ်တစ်စုစာ ၀င်ငွေက အခွန်မပါ သန်း ၅၀၀ ကျော်ရရှိလာခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ ကိုယ်ပိုင် အ၀တ်အစာ အမှတ်တံဆိပ် Rocawear နဲ့ ဖက်ရှင်လိုင်းကိုပါဝင်လာခဲ့တယ်။ အဲ့ဒီ့အမှတ်တံဆိပ်ကို ၂၀၀၇ ခုနှစ်မှာ ဒေါ်လာ ၂၀၄ သန်းနဲ့ Iconx ကုမ္ပဏီကို ရောင်းချခဲ့တယ်။

ဒီ့အပြင် D’Usse, Bacardi ကုမ္ပဏီနဲ့ စပ်တူထုတ်လုပ်တဲ့ ကော့ညက်အရက်၊ Tidal လို့ခေါ်တဲ့ မြူးဇစ် ထုတ်လွှင်မှု ဆာဗစ်လုပ်ငန်း စတာတွေဆီကလည်း ၀င်ငွေတွေရှိနေသေးတယ်။ Jay Z ရဲ့ စီးပွားရေးကွန်ရက်မှာ အဖျော်ယာမကာ၊ ပန်းချီ အနုပညာ၊ အိမ်ခြံမြေ၊ စတဲ့ လုပ်ငန်းတွေပါဝင်သလို Uber လို ကုမ္ပဏီမှာတောင် ရင်နှီးမြှုပ်နှံငွေ ထည့်ထားတယ်လို့ သိရတယ်။

အခုလို ဘီလျံနာ တစ်ယောက်ဖြစ်သွားတာနဲ့ ပတ်သက်ပြီး မိတ်ဆွေ မြူးဇစ် ပရိုဂျူဆာ Swizz Beat က ဒါ Jay Z အတွက်တော့ အစပဲရှိသေးတယ်လို့ ပြောပါတယ်။ Dr.Dre ကိုကျော်ဖြတ်ပြီး အခုလို ဘီလျံနာတစ်ယောက် ဘယ်လို ဖြစ်သွားရသလဲ… ၀င်ငွေတွေ ဘယ်က၀င်လဲ တစ်ချက်လောက် လေ့လာကြည့်ရအောင်….

Armand de Brignac

$310 million

ဒေါ်လာ ၃၀၀ တန် Ace of Spade ရှိန်ပိန်ကို ၂၀၀၆ ခုနှစ် ဘရန်း စတင် မိတ်ဆက်ကတည်းက  Jay Z ဟာ သူ့ရဲ့ မြူးဇစ်ဗီဒီယို Show Me What You Got မှာ ထည့်သွင်း ဖော်ပြခဲ့တယ်။ Meek Mill နဲ့ သီချင်း What’s Free မှာလည်း သူရဲ့ အပိုဒ်မှာ ထည့်ရိုက်ပြထားပါသေးတယ်။

READ
အသက်(၂၅)နှစ်အောက်တွေကိုပဲ ရည်းစားအဖြစ် ရွေးပြီးတွဲခဲ့တဲ့ Leonardo DiCaprio
Cash & investments

$ 220 million

USA Today

Uber မှာ ရင်းနှီးမြှုပ်နှံငွေ သန်း ၇၀ ထည့်ဝင်ထားတယ်၊

D’Ussè ကော့ညက်

$ 100 million

View this post on Instagram

D’USSÉ on deck. #DUSSE #Cognac

A post shared by D'USSÉ (@dussecognac) on

နာမည်ကြီး အဖျော်ယမကာ ကုမ္ပဏီ Bacardi နဲ့ စပ်တူ ထုတ်လုပ်တဲ့ ကော့ညက်ဟာလည်း အရက်ဖာပေါင်း  ၂ သိန်းလောက် ရောင်းချခဲ့ရပြီဖြစ်ပြီး နှစ်စဉ် ၈၀ ရာခိုင်နှုန်းနီးပါးလောက် တိုးတက်နေပါတယ်။

Tidal

$ 100 million

Tidal ဆိုတဲ့ တေးဂီတ တိုက်ရိုက်ထုတ်လွှင့်တဲ့ လုပ်ငန်းကို ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၆၀ ပေးပြီး ၀ယ်ယူခဲ့တယ်။ အဲ့ဒီ့နှစ်မှာပဲ ဇနီးဖြစ်သူ ဘီယွန်းစေး အပါအ၀င် တခြား ရင်နှီးမြုပ်နှံသူ ဆယ်လီတွေ၊ ဂီတအကျော်အမော်တွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းကို ပြန်လည် စတင်ခဲ့ပါတယ်။

Roc Nation

$ 75 million

Roc Nation entertainment ကုမ္ပဏီကို တိုက်ရိုက် တင်ဆက်မှုလုပ်ငန်းတွေလုပ်ကိုင်တဲ့ Live Nation နဲ့ ပူးပေါင်းတည်ထောင်ခဲ့ပြီး အခုဆို သက်တမ်းအားဖြင့် ဆယ်စုနှစ် တစ်စုကျော်ခဲ့ပါပြီ။ Roc Nation နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် Rihanna တို့ J. Cole တို့ပါဝင်ပါတယ်။

READ
စတိုင်လ်တစ်မျိုးနဲ့ ဖမ်းစားလိုက်ပြန်တဲ့ Fashion Queen (သို့)အိန္ဒြာကျော်ဇင်
မြူးဇစ် စာရင်း

$ 75 million

Jay Z ဟာ ၂၀၀၄ ခုနှစ်တုန်းက Def Jam ရဲ့ ဥက္ကဌဖြစ်ခဲ့ဖူးတယ်။ အခု သူရဲ့ တေးသီချင်းတွေရဲ့ မူပိုင်ခွင့်ကနေ ၀င်တဲ့ ၀င်ငွေက နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံနီးပါလောက်ရှိနေပါတယ်။

အနုပညာ စုဆောင်းမှု

$ 70 million

View this post on Instagram

Jean-Michel Basquiat

A post shared by Jean-Michel Basquiat (@jean_michel_basquiat) on

Jay Z ဟာ Basquita ရဲ့ Mecca လို မာစတာပိစ်မျိုးကိုတောင် ၀ယ်ယူ စုဆောင်းနိုင်တဲ့ သူပါ။ ၂၀၁၃ ခုနှစ်တုန်းက အဲ့ဒီ့ပန်းချီကားကို ဒေါ်လာ ၄.၅ သန်းပေးပြီး ၀ယ်ခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ဖူးပါတယ်။

အိမ်ခြံမြေ
View this post on Instagram

🐐🐐

A post shared by All Things JAY-Z (@allthingsjayz) on

အမွှာရင်သွေးလေးတွေကို ၂၀၁၇ ခုနှစ်မှာ ရရှိခဲ့ပြီးတဲ့နောက် Jay Z တို့ ဇနီးမောင်နှံဟာ East Hampton မှာ ဒေါ်လာ ၂၆ သန်းတန် အိမ်ကြီးတစ်လုံးနဲ့ Bel Air  မှာ ဒေါ်လာ ၈၈ သန်းတန် အိမ်တစ်လုံးဝယ်ခဲ့ပါတယ်။ Jay Z မှာ နောက်ထပ် ဒေါ်လာ ၆.၈၅ သန်းနဲ့ ၂၀၀၄ ခုနှစ်တုန်းက ၀ယ်ထားတဲ့ Tribeca penthouse တစ်လုံးလည်းရှိပါသေးတယ်။

SHARE