အသစ်ရောက်လာတဲ့ ကြောင်လေးနဲ့ဆော့နေလို့ သခင်ကို မနာလိုမရှုစိမ့်ဖြစ်နေတဲ့ ကြောင်ကြီး

twitter/MerielMyers

လူသားတွေအားလုံးဟာ မိဘတွေထံက ဂရုစိုက်ခံရမှုကို တောင့်တကြပါတယ်။ တိရစ္ဆာန်လေးတွေကလည်း လူတွေနည်းတူပဲ ဒီအတိုင်းပါပဲ။ အိမ်မှာ မွေးထားတဲ့ ခွေးလေးတွေ ကြောင်လေးတွေဟာ တကယ်လို့များ အိမ်ထဲကို ခွေးတစ်ကောင်ဖြစ်ဖြစ်၊ ကြောင်တစ်ကောင်ဖြစ်ဖြစ် အသစ်ရောက်လာတဲ့အခါ သူတို့က သိပ်မကြိုက်ချင်ပါဘူး။ သခင်က သူတို့ကို အချစ်လျော့ပြီး အသစ်ရောက်လာတဲ့ ကောင်တွေဆီ အချစ်ပိုသွားမှာကို စိုးရိမ်ကြပါတယ်။

twitter/MerielMyers

အခုတွေ့မြင်ရမယ့် ကြောင်လေးတစ်ကောင်ဟာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ Worldofbuzz သတင်းဌာနကနေတဆင့် တွေ့မြင်ရတဲ့ ဗီဒီယိုလေးအရ မီးခိုးရောင် ကြောင်တစ်ကောင်ဟာ သခင်ဖြစ်သူက အိမ်ကို အသစ်ရောက်လာတဲ့ ကြောင်ပေါက်လေးတစ်ကောင်နဲ့ ဆော့နေတာကို မနာလိုဖြစ်နေခဲ့ပုံပါ။ သခင်ကို အပြောင်းအလဲမြန်လှချည်ရဲ့ဆိုတဲ့ မျက်လုံးမျိုးနဲ့ သူက ကြည့်နေခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ အဆိုပါ မီးခိုးရောင်ကြောင်ဟာ ကြောင်ပေါက် သေးသေးလေးကိုလည်း မျက်မှောင်ကြီး ကြုံ့ပြီး ဘုကြည့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီိယိုဖိုင်ကိုတော့ မီရီရယ်ဆိုသူက @MerielMyers ဆိုတဲ့ တွစ်တာအကောင့်မှာ တင်ထားခဲ့တာဖြစ်ပြီး မီးခိုးရောင်ကြောင်ကြီးရဲ့ ဖြစ်ပျက်နေတဲ့ရုပ်ကို အခုလို တွေ့နိုင်ပါသေးတယ်။

READ
ဘက်စ်ကားပေါ်မှာ အငိုက်လွန်ပြီး ရုပ်ပျက်ဆင်းပျက် ပြုတ်ကျတဲ့ အမျိုးသား

 

လင်းလင်း (ShweMom)

SHARE