ကွန်ဂရက် ကြားနာမှုမှာ အမူမဲ့အမှတ်မဲ့နဲ့ အမှားလုပ်မိသွားတဲ့ Jeff Bezos

Image:twitter/@reillystyley/Jeff Bezos 's IG

Jeff Bezos က တော့ လက်ရှိမှာ အချမ်းသာဆုံး ဘီလီယံ နာကြီး အဖြစ်နဲ့ ရပ်တည် နေသူတစ်ယောက်ပါ။ဇူလိုင်လ (၂၉)ရက်နေ့က ကျင်းပ ခဲ့တဲ့ ကွန်ကရက် ကြားနာမှု အတွင်း မှာ အမှုမဲ့ အမှတ်မဲ့ နဲ့ အမှား လေး တွေ လုပ်ခဲ့ပါတယ်။ နည်းပညာဆိုင်ရာ အခက်အခဲ ပြဿနာ တွေနဲ့ ကြုံ ခဲ့ရ သလို မုန့် စားနေ ခဲ့တာကို မိခဲ့တာပါ။ဒီအ ကြောင်းကိုတော့  Daily Mail မှာ ဖော်ပြထားတာပါ။Judiciary Committee ရဲ့   videoconference မတိုင်ခင်မှာ Jeff Bezos ဟာ Mark Zuckerberg ၊ Sundar Pichai ၊ Tim Cook တို့နဲ့ အတူ ပေါ် လာခဲ့ပါတယ်။

Image:twitter/wired

ပထမ ကြားနာမှု မှာတော့ Bezos ရဲ့ ပုံက ပေါ် မလာခဲ့ ပါဘူး။ဒါ ကြောင့် နည်းပညာ အခက်အခဲကို (၁၀)မိနစ် လောက် အချိန်ယူ ဖြေရှင်းခဲ့ ရပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အမှား ကြောင့် တစ်နာရီ လောက် အားနေတဲ့ အချိန် မှာပဲ မုန့်စားနေတဲ့ ပုံကိုလည်း ကင်မရာ မှာမိခဲ့ပါတယ်။

 

Bezos က တော့ နည်းပညာ ပြဿနာ တွေ အပြီး နောက် ပိုင်းမှာတော့  ပြန် Join ခဲ့ပါတယ်။ဒါ ပေမယ့် အဲ့ဒီမှာ နောက်ထပ် အမှားတစ် ခု က တော့ microphone ကို Mute လုပ်ထားမိခဲ့ပါတယ်။ Greg Steube ရဲ့ မေးခွန်းကို ပြန် ဖြေမယ့် အချိန် မှာတော့ မိုက်ခ် ဖွင့် ဖို့ မေ့နေခဲ့ တာပါ။ Steube က မိုက်ခ် ဖွင့် ဖို့ Bezos ကို သတိ ပေးခဲ့ ရပါတယ်။

‘Mr Bezos?ခင်ဗျား…. mute,’ လုပ်ထားတယ် ဆိုပြီး ပြောမှ Bezos လည်း မိုက်ခ် ပြန်ဖွင့်ပြီး အမှား အတွက်ြ ပန် တောင်းပန် ခဲ့ပါတယ်။ဒီကြားနာမှုမှာတော့ Google နဲ့ Facebook ရဲ့ CEO တွေ ကို ဈေးကွက် ပါဝါကို အသုံးချ တယ်ဆိုပြီး စွပ်စွဲ ပြောဆိုတာမျိုးတွေ လည်းရှိခဲ့ပါတယ်။ နည်းပညာထိပ်သီးတွေ ဆုံကြတဲ့ video confe rence မှာ တောင် audio အသံ အဆင်မ ပြေတာ၊ screen က ပေါ် လိုက် ပျောက်လိုက်ဖြစ်တာ မျိုး တွေ ကြုံ ခဲ့ရပါတယ်။နည်းပညာ ပြဿနာတွေ ကြောင့် (၁၀)မိနစ်လောက် Break Time ယူရတဲ့ အ ခြေအ နေထိ တောင် ရောက်ခဲ့ရပါတယ်။

#SHWEMOM

SHARE