ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ ဒေါ်လာ (၁၀) ဘီလီယံလှူဒါန်းမယ့် Jeff Bezos

instagram/jeffbezos

ဖေဖော်ဝါရီ(၁၇) ရက်နေ့တုန်းက အမေဇုန်စီအီးအိုဂျက်ဖ်ဘီဇို(Jeff Bezos)ဟာ ၀န်ထမ်းတွေရဲ့လူသိရှင်ကြားဖိအားပေးမှုကိုခံရပြီးနောက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ဒေါ်လာ(၁၀)ဘီလီယံလှူဒါန်းမယ့်အကြောင်း CNN ကတဆင့် သိရပါတယ်။ ဘီဇိုဟာ ဒီငွေတွေကို သိပ္ပံပညာရှင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးမှာပါ။

Bezos Earth Fund လို့ခေါ်တဲ့ အဖွဲ့အစည်းကတော့ ယခုနှစ်နွေရာသီကစပြီး အလှူငွေတွေကို အချိုးကျလှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ ဘီဇိုဟာ အသားတင်တန်ဖိုးငွေ ဒေါ်လာ (၁၃၀) ဘီလီယံချမ်းသာကြွယ်ဝတဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်လူတစ်ယောက်ဖြစ်ကာ ယခုသူလှူဒါန်းတဲ့ပမာဏက သူပိုင်ငွေရဲ့ (၈) ရာခိုင်နှုန်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဘီဇိုရဲ့ရက်ရောမှုကတော့ ကမ္ဘာ့အကြီးကျယ်ဆုံး အလှူအတန်းကြီးတွေထဲ တစ်ခုအပါအ၀င်ဖြစ်နေပါတယ်။ ပရတိတအရမ်းလုပ်ပြီး လိုအပ်နေတဲ့နေရာတွေမှာ ကမ္ဘာ့အကြီးဆုံးအလှူရှင်အဖြစ် မှတ်တမ်းဝင်ထားသူကတော့ Warren Buffett ပဲဖြစ်ပါတယ်။ သူဟာ (၂၀၀၆) ခုနှစ်မှာ ဒေါ်လာ (၃၆) ဘီလီယံလှူဒါန်းခဲ့ပါတယ်။ နောက်တစ်ယောက်က Helen Walton ဖြစ်ပါတယ်။ သူမကတော့ Walmart တည်ထောင်သူ Sam Walton ရဲ့ သေသွားတဲ့ဇနီးဖြစ်ပါတယ်။ သူမက (၂၀၀၇) ခုနှစ်မှာ ဒေါ်လာ (၁၆.၄) ဘီလီယံကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

READ
ကမ္ဘာကြီးတစ်ဖန်ြ ပန်လည်စိမ်းလန်းလာဖို့ သစ်ပင် သန်း(၄၄၀) စိုက်မယ့် Ireland

ဘီဇိုကတော့ “သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြီးက ကျွန်တော်တို့ကမ္ဘာကြီးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုကြီးတစ်ခုပါပဲ။ သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာခြင်းရဲ့ ကြောက်စရာဆိုးကျိုးကို ဆန့်ကျင်တားမြစ်ဖို့အတွက် တခြားသူတွေနဲ့ပေါင်းပြီး နည်းလမ်းရှာရမယ်..” လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်အရေးကို ကာကွယ်ပေးဖို့ တောင်းဆိုထားတဲ့စာကို အမေဇုန်ဝန်ထမ်းတွေက လက်မှတ်ကိုယ်စီရေးထိုးကာ ဘီဇိုဆီ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။ Amazon Employees for Climate Justice က ၀န်ထမ်းတွေကတော့ ဘီဇိုအနေနဲ့ သဘာဝပတ်ဝန်းကျင်အရေးကို တကယ်ဂရုစိုက်တယ်ဆိုရင် လောင်စာအသုံးပြုမှုအပေါ်အခြေခံတဲ့လုပ်ငန်းတွေကိုလည်း ရပ်တန့်ဖို့လိုတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့က ဘီဇိုရဲ့ ပရဟိတစိတ်ထားအတွက် လေးစားပါတယ်။ ဒါပေမယ့် တစ်ဖက်က ပေးပြီး တစ်ဖက်ကလည်း ပြန်ယူနေလို့မရဘူးဗျ..” လို့ဆိုရင်း အမေဇုန်အနေနဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကို ဆိုးဝါးစွာဖြစ်ပေါ်စေတဲ့ ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီကြီးနဲ့ ဆက်သွယ်အလုပ်လုပ်နေတာကို ရပ်ဆိုင်းသင့်တယ်လို့ ထောက်ပြခဲ့ကြောင်းလည်း သိရပါတယ်။

READ
တစ်ကမ္ဘာလုံးက ချီးမွမ်းနေကြတဲ့ သြစတေးလျနိုင်ငံရဲ့ အတုယူဖွယ် အမှိုက်စစ်စနစ်

လင်းလင်း (ShweMom)

SHARE