Jeff Bezos ကမ္ဘာ့ပထမဆုံး Trillionaire ဖြစ်လာနိုင်တဲ့ အပေါ် မကျေမနပ်ဖြစ်နေကြ

Image:IG/Jeff Bezos

Jeff Bezos က  တော့ Amazon ရဲ့ Founder ၊ CEO တစ်ယောက်ပါ။အရင်တည်းက ကမ္ဘာ့ အချမ်းသာဆုံး တွေ ထဲက တစ်ယောက် အဖြစ် ရပ်တည်ခဲ့သူပါ။ဒါပေမယ့် မျှော်လင့်မထားတဲ့ ကပ်ရောဂါ ကြီးနဲ့ ရင်ဆိုင် နေရ ချိန် မှာေ တာ့  စီးပွားရေး လုပ်ငန်းတော်တော်များများ  အနည်းနဲ့ အများသလို စီးပွားရေးတွေ ထိ ခိုက်နစ်နာ ခဲ့ ရ ပါတယ်။ ဒါ ပေမယ့် Jeff Bezos က တော့ ပြောင်းပြန်ပါ။ကိုဗစ်ကြောင့် သူ့ရဲ့ စီးပွားရေး တွေက အရမ်း ကောင်းလာပြီး တစ်နေ့ ထက် တစ်နေ့ကို ပိုပြီး ချမ်းသာလာခဲ့ပါတယ်။အခုဆိုရင်တော့ Jeff Bezos တစ်ယောက် ကမ္ဘာ့ အချမ်းသာ ဆုံး ဘီလီ ယံ လောက်နဲ့တင်မဟုတ်တော့ပဲ ကမ္ဘာ့ အချမ်းသာဆုံး Trillionaire တောင် ဖြစ်လာနိုင်တယ်လို့ USA Today မှာ ဖော်ပြ ခဲ့ပါတယ်။

Image:IG/Jeff Bezos

ရေနံလုပ်ငန်းရှင်ကြီးတွေ ထဲမှာ တစ်ချို့က ကိုဗစ်ကြောင့် စီးပွားတွေ ပျက်ပြီး ဒေ၀ါလီခံကုန်ရတဲ့ အထိ တောင် ပျက် စီးနစ်ခဲ့ရတာတွေ ရှိပါတယ်။ဒါပေမယ့် Amazon က တော့ တစ်နေ့တခြား ပိုပြီး စီးပွားဖြစ် နေခဲ့ပါ တယ်။ဒီလို စီးပွား တက် နေပုံ မျိုးနဲ့ ဆိုရင်တော့  Jeff Bezos (၂၀၂၆) လောက် ဆိုရင် ကမ္ဘာ့ ပထမဆုံး Trillionaire ဖြစ်လာနိုင် တယ်လို့  ခန့်မှန်းချက်တွေက ဖော်ပြ နေတယ်လို့ စီးပွားရေးထုတ်ကုန်တွေနဲ့ ကုမ္ပဏီ တွေကို နှိုင်းယှဉ် လေ့လာ နေတဲ့  Comparisun ဆိုတဲ့ ကုမ္ပဏီက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ် အ တွင်း မှာ ကုမ္ပဏီရဲ့ နှစ်စဉ်တိုးတက်မှုနှုန်း တွေကို လေ့လာပြီး အဲ့ဒီ ကုမ္ပဏီရဲ့ ရှေ့လာမယ့် အလားအလာ တွေ ကို ကြိုတင် တွက် ဆ ခန့် မှန်း ပြီး အခုလို ပြောခဲ့တာပါ။

Image:IG/Jeff Bezos

Jeff Bezos ရဲ့ ချမ်းသာကြွယ်ဝမှု တွေ ကတော့ ပြီးခဲ့တဲ့ ငါးနှစ်ကျော်ကာလ အတွင်းမှာ (၃၄)ရာခိုင်နှုန်း လောက် တိုး တက် လာခဲ့ပါတယ်။ မေ လ (၁၄) ရက်နေ့ အထိ ပိုင် ဆိုင် မှု က အ မေရိကန်ဒေါ်လာ (၁၄၃)ဘီလီယံ လို့ Bloom berg’s Billionaires Indexက ဖော်ပြ ခဲ့ပါတယ်။မနှစ်ကနဲ့ ယှဉ်ရင်တော့ (၂၈)ဘီလီယံ လောက် ပို များလာ ခဲ့တာ ပါ။Jeff Bezos ကမ္ဘာ့ပထမဆုံး Trillionaire ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက် ထွက်ပေါ် လာချိန် မှာတော့ လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ မ ကျေမနပ်နဲ့ ပြောဆိုတာတွေ ထွက်ပေါ်လာခဲ့ပါတယ်။

READ
ကွန်ဒုံး (၉၉၉)ဘူးနဲ့ အချစ်သက်သေထူပြီး Propose လုပ်ခဲ့တဲ့ တရုတ်အမျိုးသား

လူတကာ စီးပွားရေး တွေ ကြပ် တည်း ပြီး ဒုက္ခရောက် နေချိန်မှာ Jeff Bezos က တော့ တစ်နေ့တခြား ချမ်းသာနေ တယ်ဆိုပြီး ဝေဖန် ပြော ဆို ခဲ့ ကြပါတယ်။”ငါတို့က တော့ Depression ၀င်နေရတဲ့ အချိန်မှာ Jeff Bezos  ကေ တာ့ ကမ္ဘာ့ ပထမဆုံး trillionaire တောင် ဖြစ်ဦးမှာတဲ့လား..။သူများတွေ ဒုက္ခ ရောက် နေချိန် သူကျ တော့ တစ်နေ့ တခြား ချမ်းသာနေ တယ်..” ဆိုပြီး အမျိုးမျိုး မှတ်ချက် ပေးခဲ့ ကြပါတယ်။

 

View this post on Instagram

 

Hey, India. We’re rolling out our new fleet of electric delivery rickshaws. Fully electric. Zero carbon. #ClimatePledge

A post shared by Jeff Bezos (@jeffbezos) on

Amazon က ၀န် ထမ်း တွေ ကို ဒီလို ကပ်ေ ရာဂါ ကာလမှာ အလုပ်ခိုင်းပြီး ၀န်ထမ်းတွေရဲ့ လုံခြုံ ရေး အတွက်ကိုေ တာ့  သေချာ တာဝန်ယူ ဆောင် ရွက်ပေးတာမျိုး မရှိဘူးဆိုပြီး ဆန္ဒပြ တာတွေနဲ့ ကြုံ ပြီး သိပ်မကြာခင်မှာ Trillion aire ကိစ္စ ပေါ် လာတာမို့ မ ကျေ မနပ် ပြောဆို နေကြတာတွေလည်းရှိပါတယ်။မေလ (၁)ရက်နေ့တုန်းက Amazon ၊ Instacart အပြင် တခြား ကု မ္ပဏီ ၀န်ထမ်း တစ်ချို့  ဆန္ဒ ပြခဲ့ ကြပါတယ်။ဝန်ထမ်းတွေ အတွက် ပြည့်စုံတဲ့ ရောဂါ ကာကွယ်မှု  မှု တွေ ကို မဖြည့် ဆည်း ပေးဘူး ဆိုပြီး မ ကျေနပ်လို့ ဆန္ဒပြ ခဲ့ ကြတာပါ။Jeff Bezos ရဲ့ မေ မေ ကေ တာ့ သူမရဲ့ အသက် (၁၇)နှစ် Jeff Bezos ကို မွေးခဲ့တာပါ။သူလူမှန်းမသိတတ် ခင်တည်းက မိခင်နဲ့ ဖခင်တို့ အိမ် ထောင် ရေး ပြို ကွဲ ခဲ့ ရပါတယ်။ သူ့ဘ၀ မှာလည်း ရုန်းကန်မှုတွေ၊ အခက်အခဲ တွေ အများကြီးနဲ့ ရင်ဆိုင် ခဲ့ ရပြီး ဒီနေ့လို ဘီလီယံနာ ဘ၀ကို လွယ် လွယ်လေးနဲ့ ရလာခဲ့တာ တော့ မဟုတ်ပါဘူး။

 

View this post on Instagram

 

Thank you to my amazing mom. She’s my fiercest supporter, my friend, and one kind lady! I love you, mom. Happy Mother’s Day!

A post shared by Jeff Bezos (@jeffbezos) on

#SHWEMOM

SHARE