နောက်မီးလင်း ခြံခုန်ခဲ့လို့ ဘီလီယံနဲ့ချီပြီး ဆုံးရှုံးနိုင်ဖွယ်ရှိတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိလ်

Twitter

Amazon ရဲ့ CEO ဖြစ်သူ Jeff Bezos ဟာ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခြင်းခံထာရသူ ဖြစ်ပါတယ်။

Twitter

Jeff Bezos ဟာ လော့စ်အိန်ဂျလိ ရုပ်သံလိုင်းတစ်ခုရဲ့ Good Day L.A ဆိုတဲ့ ရုပ်သံအစီအစဉ်ရဲ့ host ဖြစ်သူ Lauren Sanchez ဆိုသူအမျိုးသမီးနဲ့ တွဲနေတယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်။ ဒီကြေငြာချက်ဟာ Jeff Bezos နဲ့ (၂၅) နှစ်တာလက်တွဲခဲ့တဲ့ အိမ်ထောင်ဖက်ဇနီးဖြစ်သူ MacKenzie နဲ့ ကွာရှင်းပြတ်ဆဲကြောင်း Twitter မှာ post ထင်ပြီးနာရီပိုင်းအတွင်းမှာပဲ ထပ်မံကြေငြာခဲ့တာဖြစ်ပါတယ်။

Lauren Sanchez/Pinterest

 

Jeff Bezos ဟာ ဇနီးဟောင်း MacKenzie တို့ဟာ နယူးယောက်မှာအလုပ်အတွက် အင်တာဗျူးရင်းတွေ့ခဲ့ကြတာဖြစ်ပါတယ်။ နှစ်ယောက်သားဟာ Wall Street မှာ အလုပ်လုပ်ခဲ့ကြပါတယ်။ စစတွေ့ပြီး (၆) လအကြာ ၁၉၉၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အလုပ်မှထွက်ကာ ဆီယက်တယ်သို့ပြောင်းရွှေ့ခဲ့ပါတယ်။ နေရာအသစ်မှာ Jeff စာ အွန်လိုင်းစာအုပ်အရောင်းအဝယ်ကို ပြုလုပ်ခဲ့ပြီး အဲဒီကနေမှတစ်ဆင့် အဆင့်မြှင့်ကာ Amazon ကိုစတင်ခဲ့တာပဲဖြစ်ပါတယ်။

READ
တစ်ရက်တည်း လူ 6 ယောက်ကို ခေါင်းဖြတ်ကွပ်မျက်ခဲ့သည့် ဆော်ဒီတရားစီရင်ရေး
Twitter/@tictoc

Jeff ဟာ Amazon နှင့်အောင်မြင်နေတဲ့အချိန် MacKenzie ဟာလည်း အမေရိကန်စာပေဆုကို ၂၀၀၆ ခုနှစ်မှာ ပေးအပ်ခြင်းခံရတဲ့ စာရေးဆရာမတစ်ယောက်အဖြစ် ကျော်ကြားနေပါပြီ။ စာရေးဆရာမအပြင် Bystander Revolution ဆိုတဲ့ အနိုင်ကျင့်မှုဆန့်ကျင်ရေး အဖွဲ့အစည်းရဲ့တည်ထောင်သူလည်းဖြစ်ပါတယ်။

Twitter/@fireyourbossn0w

ဒီလိုအရာရာပြည့်စုံနေတဲ့ အိမ်ထောင်ရေးကို ပျက်ဆီးစေခဲ့တာဟာ ငွေပါပဲ။ Jeff ဟာ MacKenzie နှင့်လက်ထပ်ခါစက ဘီလီယံနာတစ်ယောက် မဟုတ်သေးသလို ကိုယ်ပိုင်စီးပွားရေးဆိုတာ မရှိသေးတဲ့ ဝန်ထမ်းသက်သက်ပါပဲ။ အိမ်ထောင်သက် (၅) နှစ်လောက်မှ ငွေကြေးရွှင်လာခဲ့တာပါ။

Forbes ရဲ့ ထုတ်ပြန်ချက်အရ Jeff ဟာ ဒေါ်လာ (၁၃၆.၄) ဘီလီယံပိုင်ဆိုင်မှုရှိနေတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ဦးဖြစ်ကြောင်းသိရပါတယ်။ သို့ပေမယ့် ဒီပိုင်ဆိုင်မှုတွေဟာ MacKenzie နဲ့ လက်ထပ်ပြီးကာမှ ဖြစ်ထွန်းခဲ့တဲ့အကျိုးစီးပွားတွေမို့ ငွေကြေးရဲ့တစ်ဝက်ဖြစ်တဲ့ (၆၈.၂) ဘီလီယံဟာ MacKenzie နှင့် ဥပဒေအရတရားဝင် သက်ဆိုင်နေပါတယ်။

READ
ဆန္ဒတွေပြည့်ဝဖို့အတွက် ၃၅ နှစ်အရွယ်အမျိုးသားနဲ့ ချိန်းတွေ့ချင်နေတဲ့ ဖွားဖွား
Twitter

အကယ်၍ ဇနီးဟောင်း MacKenzie ဟာ တရားရုံးမှာပိုင်ဆိုင်မှုခွဲတမ်းအတွက် ဦးတိုက်လျှောက်ထားပါက Jeff ဟာ သူ့ရဲ့ရှယ်ယာတွေကို ရောင်းချနိုင်ဖွယ် အခြေအနေရှိနေပါတယ်။ ရှေ့လျှောက်အခြေအနေတွေ ဘယ်လိုလာဦးမလဲမသိသေးပါဘူး။

Source: Unilad, E Online

Penny

 

SHARE