သမိုင်းတစ်လျှောက် ကွာရှင်းလျော်ကြေးအကြီးဆုံးဖြစ်ခဲ့တဲ့ Amazon သူဌေးကွာရှင်းမှု

Twitter

Amazon ရဲ့ CEO ဖြစ်သူ Jeff Bezos ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခြင်းခံထာရသူ ဖြစ်ပါတယ်။ Jeff Bezos ဟာ လော့စ်အိန်ဂျလိ ရုပ်သံလိုင်းတစ်ခုရဲ့ Good Day L.A ဆိုတဲ့ ရုပ်သံအစီအစဉ်ရဲ့ host ဖြစ်သူ Lauren Sanchez ဆိုသူအမျိုးသမီးနဲ့ တွဲနေတယ်ဆိုပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တုန်းက တရားဝင်ကြေငြာခဲ့ပါတယ်။ ဒီကြေငြာချက်ဟာ Jeff Bezos နဲ့ (၂၅) နှစ်တာလက်တွဲခဲ့တဲ့ အိမ်ထောင်ဖက်ဇနီးဖြစ်သူ MacKenzie နဲ့ ကွာရှင်းပြတ်ဆဲကြောင်း Twitter မှာ post ထင်ပြီးနာရီပိုင်းအတွင်းမှာပဲ ထပ်မံကြေငြာခဲ့တာဖြစ်ပါတယ်။

Pinterest/Lauren Sanchez

Forbes ရဲ့ ထုတ်ပြန်ချက်အရ Amazon ရဲ့ တည်ထောင်သူပိုင်ရှင် Jeff ဟာ ဒေါ်လာ (၁၃၆.၄) ဘီလီယံပိုင်ဆိုင်မှုရှိနေတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ဦးဖြစ်ကြောင်းသိရပါတယ်။ သို့ပေမယ့် ဒီပိုင်ဆိုင်မှုတွေဟာ ၂၆ နှစ်တာပေါင်းခဲ့တဲ့ တရားဝင်ဇနီးသည် MacKenzie နဲ့ လက်ထပ်ပြီးကာမှ ဖြစ်ထွန်းခဲ့တဲ့အကျိုးစီးပွားတွေမို့ ငွေကြေးရဲ့တစ်ဝက်ဖြစ်တဲ့ (၆၈.၂) ဘီလီယံဟာ MacKenzie နှင့် ဥပဒေအရတရားဝင် သက်ဆိုင်နေပါတယ်။ ဒါကြောင့် Jeff Bezos အနေနဲ့ MacKenzie ကို ကွာရှင်းချင်တယ်ဆိုရင်တော့ တရားဥပဒေအရ လက်ထက်ပွားပိုင်ဆိုင်မှုတွေကို ခွဲဝေပေးကာမှ ကွာရှင်းဖို့အတွက် ဖြစ်နိုင်မှာပါ။

READ
တရုတ်နိုင်ငံမှာ ဇိမ်မယ်အဖြစ် အတင်းအကြပ် စေခိုင်းခံနေရသည့် မြန်မာအမျိုးသမီးများ
Wire Image/Jeff Bezos and MacKenzie

လအနည်းငယ်ကြာအပြီးမှာတော့ Jeff Bezos နဲ့ MacKenzie တို့နှစ်ယောက် နှစ်ဦးသဘောတူကွာရှင်းဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပုံရပါတယ်။ ပိုင်ဆိုင်မှုတွေခွဲဝေပေးကာ ကွာရှင်းခဲ့တယ်ဆိုတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ Jeff Bezos အနေနဲ့ ဒီနေရာကို ဆက်လက်ထိန်းသိမ်းနိုင်ဦးမလား၊ ဒါမှမဟုတ် အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့ နေရာကို လက်လွှတ်လိုက်ရမလားဆိုတာ လျော်ကြေးတွေကို တွက်ကြည့်လိုက်ရအောင်ပါနော်။

အဓိကစီးပွားရေးဖြစ်တဲ့ Amazon ကိုတော့ Jeff Bezos ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁၄၄ သန်းတန်တဲ့ ၇၅%ထဲက MacKenzie ကို ၄% ပေးမယ်ဆိုပြီး သေဘာတူညီခဲ့ပါတယ်။ ဒါဟာ ဒေါ်လာ ၃၅.၈ သန်းတန်ပြီး Jeff Bezos အနေနဲ့ကတော့ လက်ထဲမှာ ဒေါ်လာ ၁၀၇.၅ သန်း ရှိနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာမှာ ပြိုင်ဖက်မရှိ ရပ်တည်နိုင်ဆဲပါပဲ။

Amazone

ဒီအပြင် ၂၀၁၃ တုန်းက ဝယ်ခဲ့တဲ့ The Washington Post မှာ MacKenzie အတွက် လက်ထပ်ထားတုန်း ထည့်ပေးထားတဲ့ ရှယ်ယာအမြတ်ငွေတွေကိုလည်း ပုံမှန်ပေးနေဦးမှာဖြစ်ပေမယ့် ရှယ်ယာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ပိုင်ခွင့်တွေကိုတော့ တခြားရှယ်ယာရှင်တွေနဲ့ မဲပေးဆုံးဖြတ်စေဖို့ပြုလုပ်နေတယ်လို့ ပြောပါတယ်။ သမိုင်းတစ်လျှောက်ကွာရှင်းလို့လျော်ကြေးရခဲ့တဲ့ အမျိုးသမီးတွေထဲ ပမာဏအများဆုံးအဖြစ် MacKenzie က ရပ်တည်လို့နေခဲ့ပါတယ်။

READ
အဓမ္မသမားလက်ကလွတ်အောင်ပြေးရင်း ချောက်ထဲကိုပြုတ်ကျခဲ့သည့်အမျိုးသမီး

MacKenzie နဲ့ ကွာရှင်းပြီးနောက်မှာတော့ ချစ်သူဖြစ်နေကြောင်း ကြေငြာခဲ့တဲ့ Good Day L.A က ရုပ်သံအစီအစဉ်ရဲ့ host ဖြစ်သူ Lauren Sanchez နဲ့ ဘယ်လိုခရီးဆက်ကြဦးမလဲဆိုတာကိုတော့ အခုထိမသိရသေးပါဘူး။

ကွာရှင်းလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး Jeff Bezos နဲ့ MacKenzie တို့နှစ်ယောက်ကတော့ Twitter မှာ ပိုစ့်တစ်ခုဆီတင်ကြရင်း အသေးစိတ်ကို ရှင်းပြထားကာ နောက်နောင်မှာလည်း မိတ်ဆွေကောင်း၊ လုပ်ဖော်ကိုက်ဖက်ကောင်းအနေနဲ့ ဆက်ရှိနေမှာလို့ ပြောခဲ့ပါတယ်။

Twitter
Twitter

Source: Daily Mail

Penny

SHARE