ဝန်ထမ်းတွေကို ဒေါ်လာသန်း(၅၀၀)ကျော် Bonus ပေးခဲ့တဲ့ Jeff Bezos

Image:IG/ Jeff Bezos

ကိုဗစ် ကြောင့် စီးပွားရေး လုပ်ငန်းရှင် တော် တော် များများ ထိုင် ငို နေ ရ ပေမယ့် အဲ့ဒီအထဲမှာ Jeff Bezos က တော့ မ ပါခဲ့ပါဘူး။သူက တော့ ဒီကိုဗစ် ကြောင့် ပိုပြီး တော့ တောင်မှ တစ်နေ့ တခြား စီးပွားရေး တွေ၊၀င် ငွေ တွေ တိုးတက် နေပါတယ်။အခုဆိုရင်တော့  အ မေရိကန် ဒေါ်လာ (၁၇၂) ဘီလီယံနဲ့ ကမ္ဘာ့ အချမ်းသာ ဆုံး ပုဂ္ဂိုလ် အဖြစ် စံ ချိန်သစ် တင်လိုက်ပါတယ်။တခြား ကုမ္ပဏီ  တော်တော် များများ ဒေ၀ါလီ ခံ နေ ရ တာ၊၀န်ထမ်းလစာ လျှော့ တာ တွေ ဖြစ် နေ ပေမယ့်လည်း Jeff Bezos က တော့ ၀န်ထမ်း တွေကို Bonus  တောင်မှ ပေး ခဲ့ပါတယ်။ဒီ အ ကြောင်းကို တော့ CNN မှာ ဖော်ပြထားတာပါ။

Bezos က တော့ သူတင်ထားခဲ့ဖူးတဲ့ စံချိန် ဟောင်းကိုပဲ သူ ကိုယ်တိုင် ချိုးပြီး နောက်ထပ် စံချိန် သစ်တင် လိုက်နိုင် ခဲ့တာပါ။ဇနီး ဟောင်း MachKenzie နဲ့ ကွာရှင်းပြီး နောက်မှာ တင်ထားတဲ့ စံချိန် ဟောင်းကို ချိုးလိုက်တာပါ။ (၂၅)နှ စ်တာ လက်တွဲခဲ့တဲ့ အိမ် ထောင် ရေး က တော့ မနှစ်တုန်းက ပြို ကွဲ ခဲ့တာပါ။ MachKenzie က တော့ Amaznon ရဲ့ (၂၅) ရာခိုင်နှုန်းကို ရခဲ့ပါတယ်။MacKenzie ရဲ့ ချမ်းသာကြွယ်ဝ မှု က လည်းစံချိန်သစ်တင် ခဲ့ပါတယ်။သူမက တော့ ဒေါ်လာ (၅၇)ဘီလီယံ အထိ ချမ်းသာလာခဲ့ပြီး ကမ္ဘာ့ အချမ်းသာ ဆုံး (၁၂) ယောက် မြောက် ပုဂ္ဂိုလ် ဖြစ်လာ ခဲ့ပါတယ်။သူမရဲ့ ချမ်းသာ ကြွယ်ဝမှု ကလည်း ဒေါ်လာ (၂၀) ဘီလီယံ နီး ပါး လောက် တိုးလာ တယ်လို့ Bloomb ergက ပြော ပါတယ်။

Bezos က တော့ Amazon ရဲ့ ရှယ်ယာ အများစု ကို ပိုင်ဆိုင် ထား သူ ဖြစ်ပြီး ရှယ်ယာ (၅၇)သန်း၊စ တော့ ခ် က တော့ (၅၆)ရာ ခိုင်နှုန်း မြင့်တက် သွားခဲ့ပါတယ်။ကိုဗစ်ကာ လမှာ ဆိုရင် Amazon ရဲ့ Online Shopping လုပ်ငန်း က အရမ်း အောင်မြင် လာခဲ့ပါတယ်။အ မေရိကန် မှာ Lockdown  တွေ ချ ခဲ့တာ မို့ Amazon က ဒီ အချိန်မှာ လက် ခ မောင်းခတ် နိုင် ခဲ့တာပါ။ တစ်ဖက်မှာ တော့ Amazon က ၀န် ထမ်း တွေ ရဲ့  ကျန်းမာရေး လုံခြုံမှု နဲ့ လုပ်ခ လစာ အပေါ်  လိုအပ် ချက် ပြည့် မှီ အောင် ဖန်တီး မ ပေးဘူး ဆိုတဲ့ ဝေဖန် ပြော ဆို မှု တွေ နဲ့လည်း ရင်ဆိုင် နေရပါတယ်။ ဇွန်လ မှာ ကုမ္ပဏီ အတွက် ရှေ့ တန်း က နေ ကြိုးစား ပေးနေတဲ့ ၀န်ထမ်းတွေ အတွက် “Thank You bonus” အဖြစ် ဒေါ်လာ သန်း (၅၀၀) ကျော် ပေး ခဲ့တယ်လို့ Amazon က တော့ ဒီတစ် ပတ် ထဲမှာ ပြော ခဲ့ပါ တယ်။

 

View this post on Instagram

 

Taking my new dog for a walk at the #MARS2018 conference. #BostonDynamics

A post shared by Jeff Bezos (@jeffbezos) on

#SHWEMOM

SHARE