(၂)ရက်အတွင်း ဒေါ်လာ(၈)ဘီလျံ အရှုံးပေါ်သွားတဲ့ Amazon CEO Jeff Bezos

Instagram/JeffBezos

Forbes မဂ္ဂဇင်းရဲ့ဇူလိုင်လ(၁၉)ရက်နေ့က ထုတ်ပြန်ချက်အရ Amazon သူဌေးကြီး Jeff ကတော့ နှစ်ရက်အတွင်းမှာ ဒေါ်လာသန်း(၈၀၀၀)အထိ အရှုံးပြသွားတယ်လို့ သိရပါတယ်။ ဒေါ်လာ(၈)ဘီလီယံအထိ ဆုံးရှုံးခဲ့တာဖြစ်ပြီး၊ တစ်ဘီလီယံဟာ သန်းတစ်ထောင်နဲ့ ညီမျှပါတယ်။

Jeff ဟာ ပိုင်ဆိုင်မှု ဒေါ်လာ (၁၈၁)ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပါတယ်။ အခုဆုံးရှုံးမှုက သူ့ပိုင်ဆိုင်မှုရဲ့ (၄.၄)%အထိ သက်ရောက်ခဲ့တာကြောင့် တော်တော်လေး သွေးပျက်စရာ ဖြစ်ပါတယ်။

Forbes ရဲ့ဖော်ပြချက်အရ Jeff ရဲ့ဆုံးရှုံးမှုဟာ NFL အသင်းတစ်ခုဖြစ်တဲ့ New England Patriots အသင်းရဲ့ တန်ဖိုး ဒေါ်လာ(၄.၁)ဘီလီယံနဲ့ New York Giants အသင်းရဲ့တန်ဖိုး ဒေါ်လာ (၃.၉)ဘီလီယံတို့ စုစုပေါင်းထားတဲ့ တန်းဖိုးနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ကိုဗစ်အခြေအနေကြောင့် သမ္မတထရမ့်ရဲ့ အရေးပေါ်ကြေညာချက် ထွက်ပြီးနောက် ဇူလိုင်လ(၁၀)ရက်ကနေ (၁၄)ရက်နေ့အတွင်းမှာ Amazon ရဲ့ စတော့ဈေးနှုန်းဟာ (၆၉)%အထိ တက်သွားပါတယ်။ အကြောင်းကတော့ တခြားလုပ်ငန်းတွေ ကျဉ်းထဲကျပ်ထဲဖြစ်နေချိန်မှာ လူတွေက နေအိမ်ကနေ ဈေးဝယ်ဖို့ ဆုံးဖြတ်ခဲ့ကြလို့ စတော့ဈေးနှုန်းတွေ ထိုးတက်သွားတာပါ။

ဒါပေမယ့် ကပ်ဆိုးအခြေအနေမှာ ဈေးကွက်တစ်ခုဟာ တည်ငြိမ်နေပြီ၊ စိတ်ချရပြီလို့တော့ တထစ်ချမှတ်လို့ မရပါဘူး။ ဈေးကွက်ဟာ စက္ကန့်နဲ့အမျှ အပြောင်းအလဲ ဖြစ်နေပြီး၊ လုပ်ငန်းကြီးလေ ဖိအားများများနဲ့ ကြံ့ကြံ့ခံရလေ ဖြစ်ပါတယ်။ ဒါကြောင့် Jeff အဖို့ ဒီလောက်အများကြီးဆုံးရှုံးခဲ့တာဟာ အံ့သြစရာတော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။

လင်းသူရိန်

SHARE