အောက်ခြေကစပြီး သန်းကြွယ်ကုမ္ပဏီဖြစ်လာအောင် အတူထူထောင်ခဲ့ကြတဲ့ အမေဇုန်မောင်နှံ

ဂျက်ဖ်ဘေးဇို့စ်ကို ကမ္ဘာ့ပထမဆုံး ထရီလီယံဒေါ်လာပေါင်း သန်းချီတန်တဲ့ အမေဇုန်ကုမ္ပဏီတည်ထောင်သူအဖြစ် သိကြမှာပါ။ ဂျက်ဖ်ဟာ (၁၉၉၄)ခုနှစ်မှာ အမေရိကန်နိုင်ငံ ဆီရက်တယ်မြို့ကို ပြောင်းလာပြီး အွန်လိုင်း လက်လီအရောင်းအ၀ယ်ပြုလုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို စွန့်ဦးတီထွင်ခဲ့ပါတယ်။ ဂျက်ဖ်ရဲ့ ဇနီးသည်မက်ကင်ဇီဟာ အမျိုးသားဖြစ်သူ အမေဇုန်ကို အောက်ခြေကနေစပြီး ပုံဖော်ခဲ့စဉ်ကတည်းက ဂျက်ဖ်ဘေးမှာ အတူရှိနေခဲ့တာပါ။ သာမန် လခစားဘ၀ကနေ ငွေကြေးပြည့်စုံတဲ့ သန်းကြွယ်သူဌေးတွေ ဖြစ်လာချိန်အထိ အပြန်အလှန် ရိုင်းပင်းခဲ့ကြတဲ့ အမေဇုန်ဇနီးမောင်နှံနှစ်ဦးရဲ့ အကြောင်းကိုတော့ အားကျဖွယ် အခုလိုသိရပါတယ်။

Instagram

မက်ကင်ဇီနဲ့ ဂျက်ဖ်ဟာ D.E.Shaw ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှာ ပထမဆုံးတွေ့ခဲ့ကြတာပါ။ ဂျက်ဖ်က D.E.Shaw မှာအကြံပေးအနေနဲ့ အလုပ်လုပ်ပြီး မက်ကင်ဇီကတော့ လက်ထောက်သုတေသန၀န်ထမ်း အနေနဲ့ အလုပ်လုပ်ပါတယ်။ ဂျက်ဖ်ဟာ မက်ကင်ဇီကို D.E.Shaw မှာ ကိုယ်တိုင်အင်တာဗျူးပြီး အလုပ်ဝင်ခိုင်းခဲ့သူလည်း ဖြစ်ပါတယ်။ ဂျက်ဖ်က မက်ကင်ဇီရဲ့ ကိုယ်ရေးရာဇ၀င်ကို မြင်ကတည်းက သူမရဲ့ ထက်မြက်တဲ့အရည်အချင်းတွေကို မြင်ပြီး လေးစားခဲ့တယ်လို့ ဆိုပါတယ်။

Instagram

မက်ကင်ဇီ အလုပ်ဝင်တဲ့အခါမှာတော့ နှစ်ဦးဟာ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာပါတယ်။ ဒီနောက် တွဲခဲ့ကြပြီး သမီးရည်းစားသက်တမ်းသုံးလအကြာမှာတော့ စေ့စပ်ခဲ့ကြပြီး ခြောက်လအတွင်းမှာပဲ လက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးနောက်မှာ ဂျက်ဖ်ဟာ မက်ကင်ဇီကို သူ့ရဲ့ အမေဇုန်တည်ထောင်မယ့် စီးပွားရေးအကြံဥာဏ်နဲ့ ပတ်သက်လို့ ဇနီးဖြစ်သူကို ပြောပြခဲ့ပါတယ်။ အမျိုးသားရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ပေးဖို့ မက်ကင်ဇီက ဆုံးဖြတ်ခဲ့ပါတယ်။ (၁၉၉၄)ခုနှစ်မှာတော့ ဇနီးမောင်နှံနှစ်ဦးဟာ အလုပ်ထွက်လာခဲ့ကြပြီး ဆီရက်တယ်ကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။

READ
Crush နဲ့ နီးစပ်မှုရရှိအောင် ဆွဲဆောင်နည်း ဗျူဟာများ
Instagram

မက်ကင်ဇီဟာ အမေဇုန်ရဲ့ စာရင်းကိုင်တစ်ဦးဖြစ်လာပြီး အစောဆုံးဝန်ထမ်းတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ (၁၉၉၉)ခုနှစ်မှာ လင်မယားနှစ်ယောက် အိမ်ခန်းတစ်ခန်းပါ အခန်းတစ်ခန်းကို ဌားရမ်းပြီး နေထိုင်ခဲ့ရာကနေ ယနေ့မှာတော့ အမေရိကန်နိုင်ငံ ပြည်နယ်အနှံ့အပြားမှာ ၀ယ်ယူထားတဲ့ အိမ်ပေါင်း(၅)လုံးခန့် ရှိနေပါပြီ။ Business Insider အရ ဂျက်ဖ်ဟာ အမေရိကန်မှာ (၂၅)ယောက်မြောက် အကြီးဆုံးမြေပိုင်ရှင်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

New Haven Register

ဂျက်ဖ်တို့မိသားစုမှာ သားသမီး(၄)ဦးရှိပြီး ပုံမှန်မိသားစုတွေနည်းတူ နေ့စဉ်ဘ၀ကို ကုန်ဆုံးပါတယ်။ ကလေးတွေနဲ့ မနက်စာအတူစားလေ့ရှိတဲ့ ဂျက်ဖ်ဟာ ကလေးတွေကို အချိန်ပေးချင်တာကြောင့် ကုမ္ပဏီအစည်းအဝေးတွေဆိုရင် ဘယ်တော့မှာအစောကြီး လုပ်လေ့မရှိပါဘူး။ ဟိုးယခင် အမေဇုန် စတင်တည်ထောင်စဉ်တုန်းက စာရင်းကိုင်အနေနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ မက်ကင်ဇီဟာ အခုဆိုရင် သူမ၀ါသနာပါတဲ့ ၀တ္ထုရေးဆရာမတစ်ယောက်အဖြစ် လုပ်ကိုင်နေပါပြီ။

Business Insider

မက်ကင်ဇီက သူတို့နှစ်ဦးဟာ မတူညီတဲ့ ကိုယ်ရေးကိုယ်သွေးတွေ ပိုင်ဆိုင်ထားပြီး ၄င်းတို့က အပြန်အလှန်အကျိုးပြုတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဂျက်ဖ်ဟာ လူမှုဆက်ဆံရေးကောင်းမွန်ပြီး လူတွေနဲ့ တွေ့ဆုံစကားပြောရတာ နှစ်ခြိုက်ပေမယ့် မက်ကင်ဇီကတော့ လူအများကြီးကြားထဲမှာ နေရတာကို မနှစ်ခြိုက်လှပါဘူး။ ဂျက်ဖ်ဟာ ခရီးသွားလာရင်း ရံဖန်ရံခါဇနီးသည်အတွက် အ၀တ်အစားလေးတွေလည်း ၀ယ်လာတတ်ပါတယ်။ “ကျွန်တော် အပြင်သွားရင် ဖုန်းခေါ်ပြီး ကျွန်တော့မိန်းမကို မေးလေ့ရှိပါတယ်။ တစ်ခါတစ်လေပေါ့။ ဥပမာ…အ၀တ်အစားဆိုရင် ဆိုက်ဒ်ဘယ်လောက်လဲ..ဘာလဲပေါ့။ မိန်းမကတော့ ပြောပါတယ်။ ဘာလုပ်ဖို့လဲ၊ ဘာလို့မေးတာလဲ ဆိုပြီးတော့။ အဲဒီအခါ ကျွန်တော်က မင့်အပူမပါဘူး။ မေးတာဖြေပါ့လေ။ အမှန်တော့ မိန်းမက ကြိတ်ဝမ်းသာနေတာ။ သူ့အတွက် တစ်ခုခုဝယ်နေတာ သူသိတယ်လေ။” လို့ ဂျက်ဖ်က ပြောပြခဲ့ပါတယ်။

READ
ရိုက်နှက်တတ်တဲ့ ယောက်ျားမျိုးကို အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်တဲ့အကြောင်းရင်း

လင်းလင်း (ShweMom)

Ref: thisisinsider

SHARE