ဂင်းနစ်စံချိန်တင်သွားခဲ့ပြီလို့ တရားဝင်ကြေငြာခဲ့တဲ့ Jennifer Aniston ရဲ့ Instagram

Shutterstock-Featureflash Photo Agency

Facebook တို့ Instagram တို့ Twitter တို့ဟာ သာမန်လူတွေအတွက်တော့ သမရိုးကျအသုံးပြုနေကြတဲ့ လူမှုကွန်ယက်တွေဖြစ်ပေမယ့်လို့ နာမည်ကြီးတော်တော်များများနဲ့အနုညာရှင်တချို့ကတော့ သူတို့ရဲ့လူနေမှုပုံစံတွေကို ချမပြချင်လို့လား၊ သူတို့ပုံတွေကို ယူပဲမသုံးစေချင်လို့ပဲလားတော့မသိဘူး လူမှုကွန်ယက်ကို အသုံးပြုလေ့မရှိပါဘူး။ အဲဒီအထဲ မင်းသမီးကြီး Jennifer Aniston လည်း အပါအဝင်ပါပဲ။

ဒါပေမဲ့လို့ ထူးထူးဆန်းဆန်းပဲ Jennifer Aniston ဟာ အခုအင်္ဂါနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက Instagram ပေါ်ကို ရောက်လာခဲ့ပါတယ်။ သူမကိုယ်တိုင် Instagram သုံးပြီပေါ့ သဘောကတော့။ ပထမဆုံး Instagram ပေါ် ရောက်လာတဲ့ရက်မှာတင် ပထမဆုံးတင်ခဲ့တဲ့ပုံကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီးနေခဲ့တဲ့၊ အခုအချိန်အထိလည်း လူကြိုက်များနေဆဲဖြစ်တဲ့ FRIENDS ဇာတ်လမ်းထဲက သရုပ်ဆောင်တွေနဲ့ပုံကိုတင်ခဲ့တာပါ။ Caption ကိုတော့ “And now we’re Instagram FRIENDS too. Hi INSTAGRAM” လို့လည်း ရေးထားခဲ့ပါသေးတယ်။

ဒီဓာတ်ပုံနဲ့ပွဲစဖွင့်ခဲ့တဲ့ Jennifer Aniston ရဲ့ IG account ဟာ ချက်ချင်းဆိုသလို like, follower နဲ့ comment တွေနဲ့ စီကားကာ သူမရဲ့ Instagram account ထဲမှာ လူတွေအများကြီး ရောက်နေခဲ့တာကြောင့် နည်းပညာပိုင်ဆိုင်ရာ အခက်အခဲတွေတောင်ဖြစ်ခဲ့ရပြီး တချို့ဆို သူမ account ကိုတောင် ကြည့်လို့မရတဲ့အထိ ဖြစ်လာခဲ့တာပါတဲ့။ အဲဒီအထိ ထူးဆန်းတယ်ဆိုပေမယ့်လည်း အခုပြောမှာလောက်လောက် မထူးဆန်းသေးပါဘူး။

READ
မျက်နှာအစိတ်အပိုင်းအချို့ကို ခွဲစိတ်ပြုပြင်လိုက်တဲ့ နန်းခင်ဇေယျာ
[email protected]

Jennifer Aniston ရဲ့ account ဟာ IG ပေါ် ရောက်တာ ၂၄ နာရီမပြည့်သေးခင်မှာပဲ ဂင်းနစ်စံချိန်အဖွဲ့အစည်းကနေပြီး အချိန်အမြန်ဆုံး follower ၁ သန်းရခဲ့တဲ့ account ဆိုပြီး ကြေငြာပစ်ခဲ့ပါတော့တယ်။ ကြာချိန်ကတော့ ၅ နာရီနဲ့ ၁၆ မိနစ်တိတိပါတဲ့။ သူမရဲ့အရင်တုန်းကတော့ အင်္ဂလန်တော်ဝင်မင်းသားဟယ်ရီနဲ့ ကြင်ယာတော်မီဂန်တို့ရဲ့ @sussexroyal ဆိုတဲ့ IG account ဟာ ၅ နာရီနဲ့ ၄၅ မိနစ်အတွင်းမှာ follower ပေါင်း ၁ သန်းရခဲ့လို့ ဂင်းနစ်စံချိန်မှာ နံပါတ် ၁ နေရာ ဗိုလ်စွဲခဲ့ပေမယ့်လို့ ၆ လအကြာမှာပဲ Jennifer Aniston ကို နေရာကနေ ဖယ်ပေးလိုက်ရပါပြီ။

ဒါကတော့ လက်တလောအချိန်အထိ Jennifer Aniston တင်ထားခဲ့တဲ့ ဒုတိယမြောက်ပိုစ့်ပါ။

Penny

SHARE