အသက်(၅၁)နှစ် ရှိပြီလို့ မထင်ရလောက်အောင် နုပျိုလှပနေဆဲ Jennifer Aniston

[email protected] Aniston

Jennifer Aniston ကိုတော့ တော်တော်များများသိကြမှာပါ။ သူ့ကို မသိရင်တောင်မှ သူသရုပ်ဆောင်ခဲ့တဲ့ The Bounty Hunter, Bruce Almighty, Just Go With It, The Break-Up အစရှိတဲ့ နာမည်ကြီး ဇာတ်ကားတွေကိုတော့ ကြည့်ဖူးကြမှာပါ။ Jennifer ဟာ မင်းသမီးတစ်ဦးဖြစ်ရုံတင်သာမက ရုပ်ရှင်ထုတ်လုပ်သူ၊ စီးပွားရေးသမားတစ်ယောက်အဖြစ်လဲ လူသိများပါတယ်။

interviewmag

 

အခုဆိုရင်တော့ Jennifer ဟာ အသက် ၅၁ နှစ်ရှိပြီဖြစ်ပါတယ်။ ဒါပေမယ့် ၅၁ နှစ်ပြည့်မှာ Interview Magazine တစ်ခုအတွက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကတော့ အသက် ၅၁ နှစ်ဆိုတာနဲ့ မလိုက်ဖက်လွန်းလှပါဘူး။ မသိတဲ့သူတွေအတွက်ကတော့ အသက် ၂၀ ကျော် အရွယ်လေးလို့တောင် ထင်ရပါတယ်။

READ
ကလေးသရုပ်ဆောင်ဆိုတဲ့ Image ကို ပျောက်စေခဲ့တဲ့ Seo Shin Ae ရဲ့ဖက်ရှင်
jenniferaniston
mrchrismcmillan
jenniferaniston

ဒီလိုပုံတွေတက်လာတဲ့အခါ အခြားအနုပညာရှင်တွေကိုယ်တိုင်တောင် အံ့သြမှင်သက်သွားရပါတယ်။

Instagram

 

“ဒီလိုအသက်အရွယ်နဲ့ ဒီလိုပုံစံဖြစ်နေတာ တခြားကြောင့်မဟုတ်ဘူး။ သူက အားကစားကို ပုံမှန်လုပ်တယ်လေဗျာ။ တစ်ပတ် ၇ ရက်ကို တစ်ရက်မှ မပျက်ဖူးဘူး။ လက်ဝှေ့ကလည်းပုံမှန်ထိုးတယ်လေ။ အစားအသောက်အနေအထိုင်ကိုလည်း အရမ်းဂရုစိုက်တယ်လေ” လို့ Jennifer ရဲ့ Personal Trainer တစ်ဦးဖြစ်တဲ့ Leyon Azubuike က ပြောကြားခဲ့ပါတယ်။

READ
မွေးနေ့မှာ လိုအပ်နေတဲ့သူလေးအတွက် အလှူဒါနလေးတစ်ခု ပြုလုပ်ခဲ့တဲ့ ဂျူးဂျူးသစ္စာ
Instagram/Leyon Azubuike

Pyi Hein Kyaw

SHARE