ချစ်သူ Cooke Maroney နဲ့ လက်ထပ်လိုက်တဲ့ Jennifer Lawrence

Image:twitter/@JLdaily

အော်စကာမင်းသမီးချော Jennifer Lawrence ကတော့ သူမရဲ့ ချစ်သူ နဲ့ လက်ထပ် သွားပါပြီ။အောက်တိုဘာ (၁၉)ရက်နေ့က  မင်္ဂလာပွဲကျင်းပခဲ့တာပါ။Jennifer Lawrence ကတော့ အသက် (၂၉)နှစ်ဖြစ်ပြီး သူမရဲ့ ချစ်သူ Cooke Maroney  ကတော့ အသက် (၃၄)ပါ။ချစ်သူကတော့ art dealer တစ်ယောက်ပါ။မင်္ဂလာပွဲကိုတော့ Private ပွဲ လေးကျင်းပခဲ့တာဖြစ်ပြီး တက်ရောက်လာတဲ့ ဧည့်သည်တွေ အနေနဲ့ မင်္ဂလာပွဲ ပုံတွေကို ဆိုရှယ်မီဒီယာပေါ် မတင်ဖို့ကိုလည်း တားမြစ် ခဲ့ ပါတယ်။

Image:twitter/@JLdaily

 

View this post on Instagram

 

In honor of their wedding FUCKING TODAY!! 💍Their best pictures together in my opinion💗I’m so happy for them!! I can’t-

A post shared by Jennifer Shrader Lawrence (@jennifer.lawrence_1990) on

PEOPLE ရဲ့ သတင်း Source အရ ကတော့ သတို့သမီး Jennifer Lawrence ဟာ Dior ရဲ့ ၀တ်စုံကို ၀တ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။မင်္ဂလာပွဲကိုတော့ ဧည့်ပရိသတ် ပေါင်း (၁၅၀) တက်ရောက်ခဲ့ပါတယ်။တကယ့်နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ခဲ့ကြတာပါ။ Adele, Amy Schumer နဲ့  Kris Jenner တို့ဟာ Rhode Island မှာရှိတဲ့ Newport ဆိုတဲ့ မင်္ဂလာဧည့်ခံပွဲကျင်းပတဲ့ အိမ်ကြီးဆီကို ရောက်လာတဲ့ ပုံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ အဲ့ ဒီ အိမ်ကြီးကိုတော့ အမေရိကန် ဗိသုကာပညာရှင် Richard Morris Hunt က ဒီဇိုင်းဖန်တီးခဲ့တာပါ။ Emma Stone နဲ့ Ashley Olsen တို့လည်း တက်ရောက်ပေးခဲ့ကြပါတယ်။

READ
Met Gala ပွဲမှာ မျက်လှည့်ပြသလို တစ်လွှာစီချွတ်ချလိုက်တဲ့ Lady Gaga
Image: twitter/@JLdaily
Image:twitter/@JLdaily

အောက်တိုဘာ (၁၈)ရက်နေ့တုန်းကတော့ Rehearsal Dinner ပွဲ ကျင်းပခဲ့ပြီး Nicole Richie, Joel Madd en, Cameron Diaz, Sienna Miller  နဲ့ တခြား ဧည့်သည်တွေ အများကြီး တက်ရောက် ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက Lawrence တစ်ယောက် Maroney နဲ့ အတူတူ Manhattan Marriage Bureau ရဲ့ အပြင်ဘက်မှာ ပြုံးပြုံး ပျော်ပျော် နဲ့ လျှောက် သွားနေတဲ့ ပုံ တွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။သူတို့နှစ်ယောက်ဟာ (၂၀၁၈) ဇွန် တည်းက ဇာတ်လမ်းစခဲ့ကြတာပါ။ဖေ ဖော်ဝါရီမှာ စေ့စပ်ခဲ့ကြပါတယ်။အဲ့ဒီတုန်းက Lawreance ရဲ့ လက်မှာ လက်စွပ်အကြီးကြီး ၀တ်ထားခဲ့တာကို တွေ့ခဲ့ရပါသေးတယ်။ဇွန်မှာတော့ Lawrence က သူမရဲ့ သတို့ သားလောင်း ကို တွေ့ဖူးသမျှ လူတွေထဲမှာ အကောင်းဆုံး လူသား ဆိုပြီး  ချီးကျူး ခဲ့ပါတယ်။လက်ထပ်ဖို့ ရွေးချယ် ရတဲ့ အကြောင်းအရင်းကို မေးတဲ့ အင်တာဗျုးတစ်ခုမှာတော့..” ဘာလို့ ပါလိမ့်။သူက နှစ်လိုဖွယ်ကောင်းလို့ လား၊ကြင်နာ တတ်လို့ လား၊သူက ကျမ တွေ့ဖူးသမျှ လူတွေ ထဲမှာ အကောင်းဆုံးလူပဲ။ဒါကြောင့် Maroney ဖြစ်လာဖို့ ကျမ အရမ်းကို ဂုဏ်ယူတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။

READ
ပရိသတ်တွေတိုင်းရဲ့ အသည်းတွေကို ခြွေယူလိုက်တဲ့ အေသင်ချိုဆွေရဲ့ သမီးလေး Ivy
Image:twitter/@JLdaily
Image:twitter/@JLdaily
Ref: dailymail/msn
SHARE