အတူအိပ်ဖူးတယ်ဆိုတဲ့ Harvey ရဲ့ အပြောကို Jennifer Lawrence တုံ့ပြန်

Jennifer Lawrence  ကတော့ ကမ္ဘာကျော် အမေရိကန် မင်းသမီးတစ်ယောက်ပါ။ (၂၀၁၂)ခုနှစ်က Silver Linings Playbook နဲ့  အော်စကာဆုပေးပွဲ သမိုင်းတစ်လျှောက် ဒုတိယမြောက် အသက်အငယ်ဆုံး Best Actress Award ပိုင်ရှင်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး မင်းသမီးအဖြစ် (၂၀၁၅)နဲ့ (၂၀၁၆)တုန်းက သတ်မှတ်ခံခဲ့ရသူပါ။ အဲ့ဒီလို ကမ္ဘာကျော်မင်းသမီးတစ်ယောက်က သူနဲ့ အတူ အိပ်ခဲ့ဖူးတယ်ဆိုတဲ့ အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein က ပြောလိုက်ပါတယ်။ ဒါပေမယ့် Harvey ဘက်က အပြောကို Jennifer Lawrence  က ငြင်းဆိုခဲ့ပါတယ်။
.pinterest.
.pinterest.
E News ကနေ ဒီအကြောင်းကို ဖော်ပြလိုက်တာပါ။ အရင်က စီစဉ်သူ Producer ဟောင်းတစ်ယောက် ဖြစ်တဲ့ Harvey Weinstein  က သူနဲ့ Jennifer Lawrence  ကြားမှာ sex ကိစ္စ ပတ်သက်မှုရှိခဲ့ဖူးတယ်လို့ ပြောခဲ့တာပါ။အဲ့ဒီလို အပြောကို ” Harvey Weinstein ရဲ့ စော်ကားမှုကို ခံစားခဲ့ရတဲ့ အမျိုးသမီးအားလုံးအတွက် စိတ်ထိ ခိုက် ခံစားရပါကြောင်း၊ဒါပေမယ့် ကျမနဲ့ သူနဲ့ကြားမှာ ဘယ်လို relationship မျိုးမှ မရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် သူမက “သူဟာ မရေတွက်နိုင်တဲ့ မိန်းကလေးတွေကို သွေးဆောင်ဖြားယောင်းဖို့ လိမ်လည်ဖို့ သုံးတဲ့ အကွက်တွေ ဆိုတာကို ပြတဲ့ နောက်ထပ်ဥပမာပဲ ” လို့ ပြောခဲ့ပါတယ်။
pinterest.
pinterest.

Harvey Weinstein က Jennifer နဲ့ လိင်ကိစ္စပတ်သက်မှုရှိတယ်ဆိုတဲ့ အကြောင်းကိုတော့  Variety ကနေ တရားရုံးက အချက်အလက်တွေကို ဖော်ပြခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ မင်းသမီးတစ်ယောက်က  Harvey Weinstein က သူမအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အနိုင်ကျင့်မှုတွေ အကြောင်းကို ပြောခဲ့ပါတယ်။အဲ့ဒီမှာတော့ Harvey Weinstein က သူဟာ အဲ့ဒီအမျိုးသမီးကို ကူညီဖို့ ကြိုးစားတာဖြစ်ကြောင်း၊အဲ့ဒီအမျိုးသမီးအတွက် တော့ သူဟာ သူမရဲ့ အိမ်မက်တွေဆီကို အရောက်လှမ်းနိုင်တဲ့ ဂိတ်တံခါးကြီးလို့ ပြောခဲ့ပါတယ်။

pinterest.
pinterest.
အဲ့ဒီမှာပဲ “ငါက Jennifer Lawrence  နဲ့တောင်အိပ်လာခဲ့တာ.အခုဆိုရင်သူက အော်စကာ ဆုရမင်းသမီးတောင်ဖြ စ်နေပြီ..” ဆိုပြီး ပြန်ပြောခဲ့ တာပါ။Harvey Weinstein ရဲ့ Jennifer နဲ့ပါ ဆက်နွယ်ပြီး ပြောလာတဲ့ အပြောကြော င့်  Jennifer ကလည်း ဒါ ဟာ မဟုတ်တဲ့ အကြောင်းပြန်တုံ့ပြန်ခဲ့တာပါ။Harvey နဲ့ အလုပ်အတူ တွဲ လုပ်ခဲ့စဉ်အချိ န်တွေ ကလည်း ဘယ်လို လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးနဲ့မှ မတွေ့ကြုံမခံစားခဲ့ရပါဘူးလို့ ပြောခဲ့တာပါ။
pinterest.
pinterest.

Source eonline.

READ
သားလေးကို မူကြိုလိုက်ပို့တဲ့ Jang Dong Gun တို့ဇနီးမောင်နှံ
SHARE