ညှို့အားပြင်းမင်းသမီးလေး Jennifer Lawrence အကြောင်း သင်မသိသေးတဲ့အချက်များ

Hollywood Reporter "Twitter"

Jennifer Lawrence ဟာ ဟောလိဝုဒ်ရဲ့ဝင်ငွေအများဆုံးသရုပ်ဆောင်အမျိုးသမီးတစ်ယောက်လည်းဖြစ် The Hunger Games ရုပ်ရှင်နဲ့ Silver Linings Playbook ရုပ်ရှင်ဇာတ်ကားတွေရဲ့အဓိကဇာတ်ဆောင်တစ်ယောက်လ ည်းဖြစ်ပါတယ်။

Lawrence ဟာအခုလိုမျိုးအောင်မြင်မှုတွေကိုမရရှိခင် သူမအသက်(၁၄)နှစ်အရွယ်မှာ နယူးယော့ခ်မြို့ကိုပြောင်းရွှေ့နေထိုင်ပြီး သရုပ်ဆောင်နဲ့မော်ဒယ်ဖြစ်ဖို့လှုပ်ရှားရုန်းကန်ခဲ့ရပါတယ်။

သူမဘ၀ရဲ့ပထမဆုံးအချိုးအကွေ့ဖြစ်လာတဲ့ဇာတ်ကားကတော့ (၂၀၁၀)ခုနှစ်ကထွက်ရှိခဲ့တဲ့ Winter’s Bone ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ Lawrence ဆင်းရဲမှု၊နာကျင်မှုဒဏ်တွေကိုကြံ့ကြံ့ခံနိုင်တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားနဲ့ပဲပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေကိုတစ်ခဲနက်ရရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် X-Men ရုပ်ရှင်ဇာတ်လမ်းတွဲ၊ American Hustle ရုပ်ရှင်ဇာတ်ကားတွေနဲ့ လူသိများကျော်ကြားခဲ့ပါတယ်။

(၂၀၁၈)ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Red Sparrow ရုပ်ရှင်မှာလည်း ရုရှားဘဲလေးကချေသည်ခေါင်းဆောင်သူလျှိုတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဒီလိုအောင်မြင်မှုတွေကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့ Jennifer Lawrence နဲ့ပတ်သက်ပြီး ပရိသတ်တွေမသိသေးတဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

 

#အလယ်တန်းမှာကျောင်းထွက်ခဲ့ပြီး အထက်တန်းအောင်လက်မှတ်လည်းမရှိပါဘူး

သူမရဲ့ပညာရေးဟာ အလယ်တန်းကျောင်းသားအဆင့်မှာပဲရှိနေပါသေးတယ်လို့ ပြီးခဲ့တဲ့နှစ် 60 Minutes တီဗီအစီအစဉ်တစ်ခုမှာပြောကြားခဲ့ပါတယ်။သူမအသက်(၁၄)နှစ်အရွယ်မှာ နယူးယော့ခ်မြို့ကိုပြောင်းပြီး သရုပ်ဆောင်ပိုင်းကိုကြိုးစားလုပ်ခဲ့ရတဲ့အတွက် ကျောင်းဆက်မတတ်ဖြစ်ခဲ့ပါဘူးလို့ဆက်လက်ပြောကြားခဲ့ပါတယ်။

#လက်မှာ H20 ဆိုတဲ့ တတ်တူးလေးရှိပါတယ်

Lawrence ရဲ့ညာဘက်လက်မှာ H2O ဆိုတဲ့တတ်တူးသေးသေးလေးရှိတယ်လို့ အဲ့ဒီ 60 Minutes တီဗီအစီအစဉ်မှာပဲဖော်ပြခဲ့ပါတယ်။ဒီတက်တူးလေးဟာ ကျွန်မကိုရေအများကြီးသောက်ဖို့တော့တိုက်တွန်းပေးတယ်လို့ Lawrence ကဟာသနှောပြီးပြောခဲ့ပါတယ်။တကယ်တော့ကျွန်မလက်မှာထိုးထားတဲ့ H2O စာတန်းလေးဟာ Google မှာရှိတဲ့ H2O မဟုတ်ပါဘူး။ကျွန်မက အလယ်တန်းနဲ့ကျောင်းထွက်လို က်ပြီး အိမ်ပြောင်းကာ အလုပ်တွေဆက်လုပ်ခဲ့တာကိုအစွဲပြုပြီး ဒီ H2O ဆိုတဲ့စာတန်းလေးကိုလက်မှာတက်တူးထိုးခဲ့တာဖြစ်ပါတယ်။

 

#ဆယ်ကျော်သက်အရွယ်မှာ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ သူမအကို နဲ့အတူ နယူးယော့ခ်ကိုပြောင်းသွားခဲ့ပါတယ်

READ
လုံးဝလန်းနေတဲ့ ၀တ်မှုံရွှေရည်ရဲ့ ပွဲတက်ဖက်ရှင်

Lawrence ဟာ သရုပ်ဆောင်အလုပ်ကိုဇောက်ချလုပ်ကိုင်ဖို့အတွက် မိဘတွေဆီကနေခွင့်တောင်းပြီး နယူးယော့ခ်မြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်။ Lawrence ဟာ သူမရဲ့အကိုဖြစ်သူနဲ့အတူ ရည်မှန်းချက်တွေအများကြီးထားပြီး နယူးယော့ခ်မြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်။နယူးယော့ခ်မြို့ကိုပြောင်းရွှေ့နေထိုင်ချိန်မှာ Lawrence ဟာအသက်(၁၄)နှစ်အရွယ်ရှိပြီသူမအကိုကတော့ အသက်(၁၉)နှစ်အရွယ်သာရှိပါသေးတယ်။မြို့ကိုပြောင်းလာတဲ့အချိန်မှာ ကြောက်ရွံထိတ်လန့်မှုတွေတော့ရှိခဲ့တယ်လို့ 60 Minutes အစီအစဉ်မှာပြောကြားခဲ့ပါတယ်။ စုတ်ပြတ်နေတဲ့ဟိုတယ်တစ်ခုမှာနေရင်း ကျန်ခဲ့တဲ့မိဘတွေကိုလည်းသတိရသလို အခက်အခဲတွေလည်းအများကြီးကြုံခဲ့ရပါတယ်။

#နာမည်ပြောင်က Nitro လို့ခေါ်ပါတယ်။

နိုက်ထရိုဂလစ်ဆလင်းဖောက်ခွဲပစ္စည်းရဲ့အတိုကောက် Nitro ကိုယူပြီး သူမရဲ့အကိုက သူမကို နာမည်ပြောင်တစ်ခုပေးခဲ့ပါတယ်လို့ Lawrence ကပြောပါတယ်။ဘာလို့ဆို ကျွန်မက အရမ်းကိုဆော့ပြီးအငြိမ်မနေတတ်တဲ့လူတစ်ယောက်မို့လို့ပါလို့ပြောခဲ့ပါတယ်။

 

#ရုပ်သံအစီအစဉ်တွေကိုလည်း သဘောကျတဲ့သူတစ်ဦးဖြစ်ပါတယ်။

Lawrence ဟာ ရုပ်သံအစီအစဉ်တွေကိုသဘောကျတဲ့ပရိသတ်စစ်စစ်တစ်ယောက်ပါ။ Real Housewives ၊ Vanderpump Rules နဲ့ Keeping Up with the Kardashians တီဗီအစီအစဉ်တွေအပြင် အခြားရုပ်သံ အစီအစဉ်တွေကိုလည်းကြိုက်နှစ်သက်သူတစ်ဦးပါ။

#Zoe Saldana၊ Cameron Diaz တို့နဲ့အိမ်နီးချင်းဖြစ်သလို Zoe Kravitz နဲ့သူငယ်ချင်းတွေပါ။

သရုပ်ဆောင်မင်းသမီးတွေဖြစ်တဲ့ Zoe Saldana နဲ့ Cameron Diaz တို့ဟာ သူမရဲ့အိမ်နီးချင်းတွေပါလို့အင်တာဗျူးတစ်ခုမှာဖြေကြာခဲ့ပါတယ်။သူတို့ဟာ ကျွန်မအတွက်အရမ်းကောင်းတဲ့အိမ်နီးချင်းတွေပါ။ Diaz နဲ့ဆို အပျော်ခြေလျင်ခရီးထွက်တာတွေလုပ်ဖူးတယ်လို့ပြောကြားခဲ့ပါတယ်။ Zoe Kravitz ကတော့ အချစ်ဆုံးသူငယ်ချင်းပါလို့အင်တာဗျူးထဲမှာဖြေကြားခဲ့ပါတယ်။

#Twilight ရုပ်ရှင်ထဲက Bella Swan ရဲ့ဇာတ်ဆောင်နေရာကိုဝင်အရွေးခံဖူးပါတယ်။

Lawrence ဟာ “Twilight” ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဆောင်မင်းသမီး Bella Swan ရဲ့နေရာကိုဝင်အရွေးခံခဲ့ ပေမယ့် မရရှိခဲ့ဘူးလို့သိရပါတယ်။

#Lawrence ဟာ tomboy တစ်ယောက်ပုံစံနဲ့ကြီးပြင်းခဲ့တဲ့သူပါ။

Lawrence ကိုနာမည်ကြီးတဲ့အမျိုးသမီးတစ်ယောက်မဖြစ်စေချင်ဘူးလို့ Lawrence ရဲ့အမေကပြောပါတယ်။ သူမဟာဟိုပေါ်ဒီပေါ်အ၀တ်အစားတွေနဲ့လူသိများခဲ့ရင် ကျွန်မစိတ်အနှောင့်အယှက်ဖြစ်မှာသေချာတယ်လို့Lawrence ရဲ့အမေ Karen Lawrence ကပြောပါတယ်။ Lawrence ဟာ သူတို့အဖေမိသားစုထဲမှာ နှစ်(၅၀)အတွင်း ပထမဆုံးမိန်းကလေးအဖြစ်နဲ့မွေးဖွားလာတဲ့သူတစ်ဦးဖြစ်တာကြောင့် ငယ်ငယ်က tomboy ပုံစံအတိုင်းနေထိုင်ပြီး ကျောင်းမှာဆိုရင်လည်း မိန်းကလေးတွေနဲ့အတူ ဆော့ကစားတာတွေကိုမပြုလုပ်ခဲ့ဘူးလို့ Karen Lawrence ကပြောပါတယ်။

#ရင်းနှီးတဲ့သူတွေနဲ့သာ အရက်သောက်လေ့ရှိတယ်။

READ
ဒရမ်မာကားသစ်မှာ အတူသရုပ်ဆောင်မယ့် James Jirayu နဲ့ Ice Preechaya

ကျွန်မက အရက်သောက်ရင်မူးအောက်သောက်လေ့ရှိတယ်။အမြဲတမ်းတော့မဟုတ်ပါဘူး။ဘာလိုပဲဖြစ်ဖြစ်သွားသောက်တော့မယ်ဆိုရင်တော့ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့သာ သွားသောက်လေ့ရှိတယ်လို့ Lawrence ကပြောပါတယ်။

#ကျောင်းတက်တုန်းကလည်း အားကစားတော်တော်များများမှာပါဝင်ခဲ့တဲ့သူပါ။

Lawrence ဟာ ကျောင်းတက်တုန်းက softball ၊ လယ်ပြင်ဟော်ကီနဲ့ ဘတ်စကပ်ဘောကစားနည်းတွေကို ကစားခဲ့ပါတယ်။ဒါ့အပြင် အလယ်တန်းကျောင်းမှာလည်း အားကစားအသင်းရဲ့ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

#Abercrombie & Fitch ကုမ္ပဏီရဲ့မော်ဒယ်တစ်ဦးဖြစ်ခဲ့ပါတယ်။

Lawrence ဟာ နယူးယော့ခ်မြို့ကိုပြောင်းရွှေ့ပြီးနောက်မှာတော့ Abercrombie & Fitch ကုမ္ပဏီအတွက် ဓာတ်ပုံရိုက်ပေးတာတွေအပါအ၀င် ဖျော်ဖြေပွဲလေးတွေလုပ်ဖို့စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူးလို့သိရပါတယ်။

Thae

Source : Insider , Wiki , Twitter

 

SHARE