ပထမဆုံး Mrs. World ဖြစ်လာခဲ့တဲ့ ဗီယက်နမ်အိမ်ထောင်ရှင်အလှမယ် Jennifer Le

Facebook-Jennifer Le

အိမ်ထောင်ရှင်အမျိုးသမီးများအတွက် သီးသန့်ပြုလုပ်ပေးထားတဲ့ ကမ္ဘာကျော်အလှမယ်ပြိုင်ပွဲ Mrs. World ဟာဆိုရင် ၁၉၈၄ ခုနှစ်တုန်းက ကယ်လီဖိုးနီးယားမှ အစပြုခဲ့တဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ ပြိုင်ပွဲအစကတည်းက နိုင်ငံအသီးသီးရှိ အိမ်ထောင်ရှင်အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်လို့ ဗီယက်နိုင်ငံကတော့ နှစ်ပေါင်း ၃၅ နှစ်ကျော်လာတဲ့အတွင်း Mrs. World ဆိုတဲ့ သရဖူကို စွတ်ခူးနိုင်ခြင်းအလျဉ်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီသမိုင်းကို Jennifer Le က ၂၀၁၈ ခုနှစ်မှာ ပယ်ဖျက်နိုင်သွားခဲ့ပါပြီ။

Facebook-Jennifer Le

Mrs. World သရဖူကို ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး ဗီယက်နမ်အမျိုးသမီးတစ်ယောက်အနေနဲ့ စွတ်ခူးနိုင်ခဲ့တဲ့ Jennifer Le နဲ့မိတ်ဆက်ပေးပါရစေ။

Jennifer Le ဟာ ဗီယက်နမ်သူစစ်စစ်ဖြစ်ပေမယ့်လို့ ဗီယက်နမ်ဟာသူမရဲ့ ဇာတိချက်ကြွေမွေးရပ်မြေတော့ မဟုတ်ခဲ့ပါဘူး။ သူမဟာ US မှ ဆီယက်တယ်မှာ ရွှေ့ပြောင်းနေထိုင်သူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာပဲဖြစ်ပါတယ်။ အထက်တန်းပြီးပြီးချင်းမှာပဲ ကျောင်းတက်ဖို့ကိစ္စတွေလုပ်ကိုင်ရင်း သူမဘဝအတွက် ပထမဆုံးသော အလှမယ်ပြိုင်ပွဲတစ်ပွဲဖြစ်လာမယ့် Miss Vietnam Global ကို ဝင်ရောက်ယှဉ်ပြိုင်ရင်း အသက် ၁၇ နှစ်မှာပဲ သရဖူဆုကို ရရှိခဲ့ပါတော့တယ်။

Facebook-Jennifer Le

Just keep swinging, just keep swinging.A dreamy photo shoot with the talented London-based photographer RR…

Posted by Jennifer Le on Saturday, November 2, 2019

ဒါပေမဲ့ သူမရဲ့ အလှမယ်လမ်းကြောင်းကို ရပ်ခဲ့ပြီး ဝါရှင်တန်တက္ကသိုလ်မှာ စီးပွားစီမံကို တက်ရောက်ခဲ့ပါတယ်။ ကျောင်းလည်းပြီးရော Jennifer Le ဟာ နည်းပညာရေးရာစီးပွားရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်ခဲ့ပြီး Accenture ဆိုတဲ့ ကုမ္ပဏီကြီးမှာ စီမံခန့်ခွဲမှုဌာနအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတော့တယ်။ Next Shark ရဲ့ ဖော်ပြချက်အရ နောက် ၅ နှစ်အကြာမှာတော့ သူမဟာ Facebook မှာ အလုပ်ပြောင်းလုပ်ခဲ့ရင်း Ph. D ဘွဲ့ကိုလည်း အရယူနိုင်ခဲ့ကာ နောက်ပိုင်းမှာတော့ AI နဲ့ Machine Learning ဆိုင်ရာနယ်ပယ်ထဲကို တစ်ဆင့်တက်ကာ ဝင်ရောက်ခဲ့တာပါ။

READ
ထူးထူးခြားခြား ရေအောက်မှာကျင်းပခဲ့တဲ့ မင်္ဂလာလက်ထပ်ပွဲ
Facebook-Jennifer Le

ဒီလိုနဲ့ အိမ်ထောင်ရက်သားကျခဲ့ပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ်မှာတော့ သူမရဲ့အိပ်စက်နေခဲ့တဲ့ဝါသနာလေးတစ်ခုကို ပြန်လည်အစဖော်ခဲ့ပါတော့တယ်။ အဲဒါကတော့ အလှမယ်လောကထဲ တစ်ကျော့ပြန်ဝင်လာခဲ့ခြင်းပါ။ ၂၀၁၈ မေလ၊ Las Vegas မှာ ပြုလုပ်ခဲ့တဲ့ အိမ်ထောင်ရှင်အလှမယ်များအတွက် Mrs. World ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရင်း တခြားသော နိုင်ငံ ၃၅ နိုင်ငံကို ကျော်ဖြတ်ကာ သရဖူကို ဗီယက်နမ်ကိုယ်စားပြုအဖြစ် သိမ်းယူနိုင်ခဲ့ပါတော့တယ်။

ဒါဟာ ဗီယက်နမ်အတွက်ကတော့ ပထမဆုံးအနေနဲ့ ဗီယက်နမ်အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်က သရဖူဆွတ်ခူးပေးနိုင်ခဲ့ခြင်းပါပဲ။ ဒီအတွက် သူမအနေနဲ့ နောင်လာနောက်သားလူငယ်တွေကို စိတ်သာဆုံးဖြတ်လိုက်ရင် ဘာမဆိုလုပ်နိုင်ကြောင်း ဒါပေမဲ့ ပန်းတိုင်ရောက်ဖို့ဆိုရင် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အမြင်ရှိရမယ်၊ ယုံကြည်ချက်ရှိရမယ်ဆိုပြီး အကြံပေးပြောဆိုလာခဲ့ပါတယ်။

Facebook-Jennifer Le

Mrs. World တစ်ယောက်အနေနဲ့ လက်ရှိအချိန်မှာတော့ သူမဟာ နိုင်ငံပေါင်း ၁၀ နိုင်ငံက ၂၂ မြို့တွေကို သွားရောက်ပြီး ပရဟိတလုပ်ငန်းတွေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေကို အဖွဲ့အစည်းတွေနဲ့လက်တွဲပြီး လုပ်ဆောင်နေပါပြီ။ နောက် Mrs. World တစ်ယောက်အနေနဲ့ အာရုံထားလုပ်ဆောင်နေတာကတော့ နည်းပညာလောကမှာ လက်ရှိရင်ဆိုင်ကြုံတွ့နေရတဲ့ Gender Gap ပြဿနာကိုပါ။ သိကြတဲ့အတိုင်း နည်းပညာနယ်ပယ်မှာ အမျိုးသားတွေကြီးစိုးနေကြပါတယ်။ တကယ်လည်း အများစုသောလုပ်ငန်းတွေမှာ တကယ်လက်တွေ့ကျကျနဲ့ ကျွမ်းကျင်စွာလုပ်ဆောင်နေတာ အမျိုးသားတွေပါပဲ။ ဒါကြောင့် Jennifer Le အနေနဲ့ နည်းပညာနဲ့ပတ်သက်လာရင် အမျိုးသမီးတွေကို ဆွဲခေါ်ချင်တယ်၊ နောက် လုပ်ငန်းခွင်မှာလည်း အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရနိုင်အောင် အမျိုးသမီးတွေအတွက် လုပ်ဆောင်ပေးချင်ပါတယ်တဲ့။

READ
ဖူးစာရှင်မတွေ့တဲ့အဆုံး တစ်ကိုယ်တော်Wedding photoရိုက်ခဲ့တဲ့ ကင်ဆာဝေဒနာရှင်
Facebook-Jennifer Le
Facebook-Jennifer Le

ဒါကြောင့်လည်း သူမအနေနဲ့ Girls Who Code, Black Girls Code, She Tech Italy နဲ့ Women Meet Tech Vietnam တို့လို အဖွဲ့အစည်းတွေနဲ့ အသိပညာပေးပွဲတွေ၊ အခမဲ့ဗဟုသုတဝေမျှပွဲတွေနဲ့ work shops တွေကို ပြုလုပ်ပေးနေကာ မူလတန်းနဲ့အလယ်တန်းအဆင့်မှာတောင် ကျောင်းသူလေးတွေအတွက် programming သင်တန်းတွေကျောင်းမှာ သင်ကြားဖို့တောင် လုပ်ဆောင်ပြီးနေခဲ့ပါပြီ။

သူမရဲ့ Mrs. World သရဖူကိုတော့ အခုလာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ Mrs. World 2020 ဖြစ်လာမယ့် သူကို လွှဲပြောင်းပေးသွားရတော့မှာပါ။

Facebook-Jennifer Le

Penny

SHARE