လပ်စ်ဗီးဂပ်စ်ဖျော်ဖြေပွဲအတွက် ကြမ်းကြမ်းရမ်းရမ်းကကွက်တွေ လေ့ကျင့်ခဲ့တဲ့ ဂျနီဖာလိုပက်ဇ်

လက်ရှိအချိန်မှာ အသက် 47 နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်ကတော့ လပ်စ်ဗီးဂပ်စ်မြို့က Sin City ရှိ Planet Hollywood မှာကျင်းခဲ့တဲ့ All I have Live Show အတွက် အပြင်းအထန် အကြိုလေ့ကျင့်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ဂျေလိုကိုယ်တိုင် အင်စတာဂရမ်ကနေ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူမရဲ့ ဖျော်ဖြေတင်ဆက်ပုံဟာ ကြမ်းရမ်းလွန်းပြီး၊ ရင်နှစ်မွှာတောင် ပွင့်ထွက်လာလေတော့မလားလို့တောင် ထင်မှတ်ရတယ်လို့ သတင်းရေးသူက ဆိုပါတယ်။ အတွင်းမှာ ခပ်ပါးပါး ဘရာစီယာအကြပ်ကို ၀တ်ဆင်ထားပြီး၊ အပြင်ကနေ ထပ်ဝတ်ထားတဲ့ ကြိုးကိုင်းအင်္ကျီကလည်း ရော့တိရော့ရဲမို့ စိတ်ပါလက်ပါ ဖျော်ဖြေတဲ့အခါ ကြည့်ရှုသူကို မျက်လုံးပြူး မျက်ဆံပြူး ဖြစ်စေခဲ့ပါတယ်။

All I have Live Show ကို 21-1-2016 ခုနှစ်မှာ ကျင်းပခဲ့တာ ဖြစ်ပေမယ့် အကြိုလေ့ကျင့်တဲ့ ဗွီဒီယိုဖိုင်ကတော့ အခုမှ
ဂျေလိုရဲ့ အင်စတာဂရမ်ကနေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အသက် 50 နား ကပ်နေပေမယ့် အခုအချိန်ထိ အားပေးတဲ့ ပရိသတ်အခိုင်အမာရှိနေသေးသလို၊ ဗွီဒီယိုထဲမှာပါတဲ့ ခန္ဓာကိုယ်အချိုးအစားက သူမဟာ အသက် 30 ကျော်လောက်သာ ရှိသေးတယ်လို့ ကြေငြာနေသလိုပါဘဲ။

READ
ကိုယ်တိုင်ဆိုင်ကယ်မောင်းပြီး အမေ့ကို ပန်းတွေပို့ပေးခဲ့တဲ့ Ji Chang Wook

ဒါပေမယ့် ဂျေလိုရဲ့ ၀န်ခံပြောကြားချက်အရ သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး အသက် 20 နောက်ပိုင်းမှာ သိပ်ချီးမွှမ်းခန်း မဖွင့်ချင်တော့ဘူးလို့ ဆိုပါတယ်။ ပရိသတ်မပါတဲ့ ဒီအစမ်းလေ့ကျင့်မှုမှာ ဂျေလိုဟာ ပရိသတ်သောင်းချီ လာရောက် ကြည့်ရှုနေဘိအလား စိတ်ပါလက်ပါ လေ့ကျင့်ခဲ့တာ ဖြစ်ပြီး၊ အကအမျိုးသားအဖွဲ့လည်း ပါဝင်ပါတယ်။

ဂျေလိုက အဲဒီဗွီဒီယိုကို  ” စိတ်ရောကိုယ်ရော လက်စ်ဗီးဂပ်စပ်အတွက် အဆင်သင့်ဖြစ်အောင် လုပ်ခဲ့ရတာပါ “လို့ ရေးသားခဲ့ပါတယ်။ ခန္ဓာကိုယ်အလှကို စိတ်မ၀င်စားတော့ပေမယ့် သူမရဲက ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ယုံကြည်မှုကတော့ ရှိနေဆဲလို့ ဆိုပါတယ်။ ဝေဖန်ရေးဆရာတစ်ချို့ကတော့ ဂျေလိုဟာ All I have ပွဲအတွက် တစ်ကယ့်ကို သူ့မှာရှိတဲ့အရာတွေ အကုန်လုံးနဲ့ လေ့ကျင့်ခဲ့တယ်လို့ ခနဲ့ခဲ့ကြပါတယ်။

မဒီလေး (Shwemom)

READ
အဆွေးသီချင်းလေးကို sexy ဆန်ဆန်လေးရှုစားနိုင်မယ့် AMZ ရဲ့ MTV အသစ်

source : thesun.co.uk

SHARE