Jennifer Lopez ဟာ ဖက်ရှင်နဲ့အလှအပမှာ စံထားရသူတစ်ဦးအဖြစ်ရှိနေတာ ဆယ်စုနှစ်ပေါင်းများစွာကြာနေပါပြီ။ ၂၀၁၄ ခုနှစ်တုန်းကတော့ J.Lo ကိုယ်တိုင်က ပရိသတ်တွေ သူမကိုအမေးများဆုံးမေးခွန်းဟာ အလှအပနဲ့ပတ်သက်ပြီး မေးတဲ့မေးခွန်းတွေသာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ အခုအခါမှာတော့ insider သတင်းကတဆင့် J.Lo ရဲ့အသားအရည်ထိန်းသိမ်းပုံကို ဖော်ပြပေးလိုက်ပါတယ်။
View this post on Instagram
J.Lo ဟာ ကျန်းမာတဲ့လူနေမှုဘဝကိုဖြတ်သန်းနေသူဖြစ်ပေမယ့် တစ်ခါတစ်လေ ဇာတ်ကားရဲ့လိုအပ်ချက်အရ ကာဘိုဟိုက်ဒရိတ်တွေ၊ သကြားတွေကို လုံးလုံးရှောင်ရတာမျိုးရှိခဲ့ပါတယ်။ InStyle မဂ္ဂဇင်းကို ပြောပြချက်အရ သူမရဲ့ အလှအပနဲ့ ကျန်းမာရေးလျှို့ဝှက်ချက်ဟာ ကဖင်း၊ အယ်လ်ကိုဟောနဲ့ ဆေးလိပ်ရှောင်ခြင်းပါလို့ ဆိုပါတယ်။ အသားအရည်ကျန်းမာရေးကို ပိုပြီးကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်အချိုးအစားကိုလည်း ထိန်းသိမ်းနေသူဖြစ်ပါတယ်။
View this post on Instagram
J.Lo ဟာ အသားအရည်ကောင်းဖို့အတွက် ရေများများသောက်၊ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့ အသီးတွေကို များများစားပေးကြောင်းလည်း ပြောပြပါတယ်။ သူမ အသားအရည်လှရတဲ့ နောက်ထပ်အကြောင်းရင်းကိုလည်း J.Lo က အခုလိုဆိုပါတယ်။ “ပြောရမယ်ဆိုရင်တော့ မျိုးရိုးကောင်းလို့ပေါ့နော်။ ကျွန်မအမေနဲ့ ကျွန်မအဘွားက အသားအရည်လှတယ်။ ကျွန်မလည်း ကံကောင်းလို့ ဒီလိုကောင်းချီးမျိုးရတာပေါ့နော်။”
J.Lo ဟာ အသားအရည်ပေါ်နေရောင်ပြင်းပြင်းထန်ထန်မထိခိုက်အောင် အမြဲကာကွယ်သူလည်း ဖြစ်ပါတယ်။ သူမအဆိုအရတော့ SPF ဟာ အရေးအကြီးဆုံးဖြစ်တဲ့အတွက် သူမက နေ့တိုင်း SPF moisturizers လိမ်းတယ်ဆိုပါတယ်။ ပြီးတော့ အပြင်မှာ နေရောင်အကြာကြီးခံတာကိုလည်း ရှောင်ကြဉ်ကြောင်း ပြောပြပါတယ်။
View this post on Instagram
သူမအတွက်တော့ အိပ်ရေးဝဝအိပ်ဖို့က အရေးကြီးဆုံးပါ။ J.Lo ဟာ တစ်ညကို ၉နာရီကနေ ၁၀နာရီကြား အိပ်စက်အနားယူလေ့ရှိပြီး အနည်းဆုံး ၈နာရီလောက်တော့ အိပ်ရအောင် ကြိုးစားကြောင်း ဆိုပါတယ်။ ဒါ့ပြင် မိတ်ကပ်မဖျက်ဘဲ အိပ်ရာဝင်တာမျိုးလုပ်လေ့မရှိပါဘူး။ မိတ်ကပ်ဖျက်လို့ အမြဲအချိန်ပေးပါတယ်။ အကြောင်းကတော့ မိတ်ကပ်တွေမဖျက်ဘဲ အိပ်ရာဝင်တဲ့အခါ မျက်နှာချွေးပေါက်တွေပိတ်မှာစိုးတဲ့အတွက်ဖြစ်ပြီး ရိုက်ကူးရေးမရှိတဲ့အချိန်တွေဆို မျက်နှာကို မိတ်ကပ်မလိမ်းဘဲထားလေ့ရှိကြောင်းလည်း သိရပါတယ်။
ShweMom