လွန်ခဲ့တဲ့နှစ်(၂၀)လောက်က ၀တ်စုံကို ပြန်လည်ဆန်းသစ်ပြီး ပွဲတက်ခဲ့တဲ့ J.Lo

Image:IG/Jennifer Lopez

အသက်ကြီးပေမယ့် အခုထိ ပျက်စီးသွားပဲ အသက်ကြီးမှ ပိုလန်း ပိုလှ နေတဲ့ အနုပညာရှင်တွေ ထဲ မှာ Jennifer Lopez ကလည်း တစ်ယောက် အပါအ၀င်ပါ။ ဒီပွဲမှာတော့ သူမက အစိမ်းရောင် ၀တ် စုံကို ၀တ်ဆင်ပြီး တက်ရောက် လာခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ် (၂၀) လောက်တုန်းက Grammys ဆု ပေးပွဲ တက်ရောက်ခဲ့တုန်းက ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံကို ပြန်လည် ဆန်းသစ် တီထွင်ထားတာပါ။ ဗား ရှင်း သစ် မှာတော့ ပိုတောက်ပ၊ လည်ပင်းပိုဟိုက် ထားတာကို တွေ့ရမှာပါ။

Image:twitter/Jennifer Lopez
Image:twitter/Jennifer Lopez

ဝတ်စုံဟောင်းကိုတော့ Jennifer Lopez  က (၂၀၀၀)ခုနှစ် Grammy Awards ပွဲမှာ ၀တ်ဆင် ခဲ့တာပါ။ ဒီဝတ်စုံကို ပြန်လည် ဖန်တီးဖို့ အတွက် အီတလီဖက်ရှင်ဒီဇိုင်နာနဲ့ Google တို့က ပူးပေါင်း ခဲ့တာပါ။ ဒီဇိုင်နာ Donatella Versace က လွန်ခဲ့တဲ့ နှစ်(၂၀) လောက်တုန်းက သမိုင်းတစ်ေ လျာက် (Googleရဲ့ သမိုင်း)အဆန်းသစ်အထူးခြား ဆုံး ဖက်ရှင်တွေ ကို ပြန်လည် ဖန်တီးခဲ့တာပါ။ ဒီဝတ်စုံကိုတော့ Milan Fashion Week ရဲ့ Versace Show မှာ J.Lo က ၀တ်ခဲ့ တာပါ။

READ
မွေးနေ့မှာ ခင်ပွန်းဆီက ရိုမန်တစ်ဆန်တဲ့ လက်ဆောင်ရရှိခဲ့လို့ ပျော်နေခဲ့တဲ့ ယွန်းဝတီလွင်မိုး
Image:IG/Jennifer Lopez
Image:IG/jenniferlopezbarbie

အရင်ဝတ်စုံဟောင်းတုန်းကို စ၀တ်ခဲ့ချိန် (၂၀၀၀)ခုနှစ် တုန်းကဆိုရင် ဝေဖန်မှုတွေ အများကြီး ကြုံ ခဲ့ရ ပေမယ့် ဒီဝ တ်စုံ ဟာ Google search engine ရဲ့ စွမ်းဆောင်နိုင်ရည်ကို အဆင့်မြှင့်တင်ပေးခဲ့တဲ့အရာ တစ်ခု တော့ ဖြစ် ခဲ့ပါတယ်။CEO ဟောင်း Eric Schmidt က (၂၀၁၅)ခုနှစ်က ပြောရာမှာ Grammys ဆု ပေးပွဲ ပြီးချိန်မှာပဲ ဒီဝတ် စံကို  Google မှာ ရှာဖွေ သူ အရေ အတွက် ဟာ အများကြီး ဖြစ်ခဲ့ကြောင်း…

Image:IG/jenniferlopezbarbie

Google ဟာ အသုံးပြုသူတွေ ကို  ရိုးရိုး ( text) ထက်ပိုတဲ့ ဘယ်လို Service ပေးရမလဲ ဆိုတာကို အရင်တည်းက ကြိုးစား အဖြေရှာ ထားခဲ့ပေမယ့်လည်း  User တွေ ဘာလိုချင်လဲ ဆိုတာကိုတော့ တိတိကျကျ မသိခဲ့ကြောင်း၊J.Lo ဒီဝတ်စုံကို ၀တ်ပြလိုက်တယ်၊Google Image Search ဆိုတာလည်း ပေါ်ပေါက်လာတယ်…” ဆိုပြီး ပြောခဲ့ဖူးပါတယ်။

READ
ပိုင်ဖြိုးသုနဲ့အတူ ကြော်ငြာရိုက်ကူးနေတဲ့ ဖြိုးမြတ်အောင်

 

Ref;/insider/theverge

SHARE